အားလုံးပါဝင် ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင် အဖြေရှာစို့။ အားလုံးလက်လှမ်းမီညီမျှရေး တီထွင်ဖန်တီးမှုစွမ်းအားဖြင့် ဆောင်ရွက်ပေး
ယနေ့ကမ္ဘာ့လူဦးရေသည် သန်း ၈၀၀၀ ကျော်လွန်သွားပြီဖြစ်ပါသည်။ ထိုအထဲမှ ၁၅ ရာခိုင်နှုန်း ဖြစ်သော မသန်စွမ်းသူများသည်လည်း ကမ္ဘာကြီး၏ ဖြစ်စဉ်ပြောင်းလဲမှုများကြား ဖြတ်သန်း နေကြရပါသည်။ ကုလသမဂ္ဂ သမိုင်းတစ်လျှောက် ကမ္ဘာကြီးစိန်ခေါ်မှု အများဆုံးအခြေအနေသို့ ရောက်ရှိ နေခြင်း၊ လူသားအားလုံးနှင့် အနာဂတ်မျိုးဆက် သစ်များအတွက် ခံနိုင်စွမ်းရည် ပိုမိုမြင့်မားပြီး ရေရှည်တည်တံ့သည့် ကမ္ဘာကြီးတည်ဆောက်ရာတွင် အားလုံးပူးပေါင်း အဖြေရှာရန်(All Inclusive) အချိန်တန်ပြီဖြစ်ကြောင်း သတိပြုခြင်းကြောင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၇၇)ကြိမ်မြောက် အစည်းအဝေးကို “အရေးပါသော အပြောင်းအလဲကာလ- စိန်ခေါ်မှုများအား ဆန်းသစ် တီထွင်ပြောင်းလဲခြင်းဖြင့် ဖြေရှင်းရေး(A watershed moment: Transformative Solution to Interlocking Challenges” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း တွေ့ရပါသည်။