Skip to main content

ပညာပြည့်ဝနှလုံးလှ၍ နိုင်ငံ့ဂုဏ်မြှင့်တင်

“ပညာရဲရင့် ပွဲလယ်တင့်”၊ “ပညာရွှေအိုး လူမခိုး”၊ “ပညာဂုဏ်ရောင် မီးရှူးတန်ဆောင်”၊ “ပတ္တမြားရောင်ထက် ပညာရောင်လက်”၊ “ပညာပြည့်ဝ နှလုံးလှ” စသည့် ပညာကို ညွှန်းဆိုဂုဏ်ပြုစကားများ များစွာရှိပါသည်။ ပညာသည် လူ့ဘောင်လောက၊ လူ့ဘဝမြင့်မား တိုးတက်ရေးကို ဆောင်ကြဉ်းပေးပါသည်။ ထို့ကြောင့် “ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ကျဉ်းကျယ် ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏” ဟု မာဃဒေဝလင်္ကာတွင် ပညာဖြင့် အလုံးစုံဆောင်ကြဉ်းပေးနိုင်သည်ကို ဖော်ပြထားပါသည်။
Subscribe to ကြေးမုံ,အယ်ဒီတာ့အာဘော်