အဂတိလိုက်စားမှုပြဿနာကိုကိုင်တွယ်ခြင်း - အသိပညာပေးရေးနှင့် ကျောင်းပညာရေးကဏ္ဍ
အဂတိလိုက်စားမှုသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသည့် အဟန့်အတားများစွာထဲမှ တစ်ခုဖြစ်ပါသည်။ အဂတိလိုက်စားမှု အခြေအနေများကို ကိုင်တွယ်ဖြေရှင်းမှုမပြုပါက နိုင်ငံရေး၊ တရားစီရင်ရေးနှင့် စီးပွားရေးကဏ္ဍများအထိ ထိခိုက်လာနိုင်ပြီး နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်းများကို ထိခိုက်စေနိုင်ပါသည်။