Skip to main content

ကျေးလက်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်သည့် “ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်”

“ကျေးလက်ဒေသဖွံ့ဖြိုးရေး”ဟုဆိုရာတွင် ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ စီမံအုပ်ချုပ်မှုနှင့်ယဉ်ကျေးမှုအပြောင်းအလဲများကို ဖော်ဆောင်ပေးခြင်း၊ လိုအပ်သော အခြေခံအဆောက်အအုံများ ပံ့ပိုးမြှင့်တင်ပေးခြင်း၊ ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် လယ်ယာထွက်ကုန်များ တိုးပွားလာစေခြင်း စသည်တို့ကို ၎င်းတို့ကိုယ်တိုင် ကိုယ်ထူကိုယ်ထစွမ်းအားဖြင့် တက်ကြွစွာပူးပေါင်းပါဝင်မှုနှင့်အတူ မှီခိုမှုကင်းသော၊ ညီမျှမှုရှိသောနှင့် အကျိုးအမြတ်ရှိသော ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးပတ်ဝန်းကျင်ကောင်းတစ်ရပ်ကို ဖော်ဆောင်ခြင်းပင် ဖြစ်ပါသည်။ ထိုသို့ ဖော်ဆောင်ရာတွင် သက်ဆိုင်သူအားလုံးကပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ကျေးလက်နေပြည်သူတို့၏ အမှန်တကယ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ကျေးလက်လူမှုစီးပွားဘဝများ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ဆန်းသစ်ပြီး ထိရောက်သောနည်းလမ်းကို ရှာဖွေရန် အရေးကြီးလှပါသည်။
Subscribe to ကျေးလက်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်သည့် “ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်”