Skip to main content

ရေအရည်အသွေးမြှင့်တင်ဖို့ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်စို့

ရေသည် သက်ရှိသတ္တဝါများအတွက် အရေးပါဆုံး ဓာတ်ဖြစ်ပြီး ရေဓာတ်မရှိပါက အသက်ရှင်ရန် မလွယ်ကူသည့်အပြင် ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အဓိကအခန်းကဏ္ဍ၌ ပါဝင်နေသည်။ ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကျော်ကို ရေထုဖြင့် ဖုံးလွှမ်းထားသော်လည်း လူသားများအသုံးပြုနိုင်သော သန့်စင်သည့် ရေပမာဏမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းသာရှိသည်။ ကမ္ဘာ့လူဦးရေ တစ်ဘီလီယံခန့်သည် လုံခြုံဘေးကင်းသည့် သောက်သုံးရေ မရရှိနိုင်သေးသည့် အတွက် ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် သက်ရောက်မှုများ ရှိနေသည်။ ကမ္ဘာ့လူဦးရေ ၂ ဒသမ ၃ ဘီလီယံခန့်သည်လည်း ကောင်းမွန်သည့် မိလ္လာစနစ်နှင့် အလှမ်းဝေးနေဆဲဖြစ်သည့်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၁၈-၂၀၂၈ ခုနှစ်အထိကို ရေဆိုင်ရာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆယ်စုနှစ်အဖြစ် သတ်မှတ်ထားသည်။

နိုင်ငံအတွက် ရေထွက်ကုန်အများဆုံး ဖြည့်တင်းပေးနေသည့် ဂုဏ်ယူဖွယ်ရာ ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းတွင်တည်ရှိပြီး မြောက်ဘက်တွင် ချင်းပြည်နယ်၊ တောင်ဘက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) နှင့် အနောက်ဘက်၌ ဘင်္ဂလား ပင်လယ်အော်တို့နှင့် ထိစပ်လျက်ရှိသည်။
Subscribe to ရေသယံဇာတ