Skip to main content

စိတ်ကူးယဉ်ဆင်စွယ်နန်းက ဆင်းကြည့်တော်မူ

မြန်မာ့အရေးသာမက ကမ္ဘာ့အရေးကိုပါ လွှမ်းခြုံသုံးသပ်လိုပါသည်။ ပစ္စုပ္ပန်အရေးမျှသာမက အတိတ်သမိုင်းဖြစ်ရပ်များနှင့် အနာဂတ်အရေးတို့ကိုပါ မျှော်တွေး ဆင်ခြင်ကြည့်မိခြင်းဖြစ်ပါသည်။

ဘာလိုနေကြတာလည်း

နေ့စဉ်တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာနေထိုင်ရင်း နည်းပညာခေတ်ရောက်လာတာနဲ့အမျှ စိတ်ပျံ့လွင့်စရာ၊ အာရုံစူးစိုက်ရမယ့် အရာတွေက များပြားလာ ပါတယ်။ ဘဝမှာ အခက်အခဲတွေ ကလည်း စိန်ခေါ်မှုအသွင်နဲ့ ရှိနေပါတယ်။ ပြဿနာတွေရဲ့ အဖြေတွေ၊ ဘဝတိုးတက်အောင်မြင်ရေး နည်းလမ်းတွေကို ဘယ်မှာရှာကြမလဲ။

ထိထိရောက်ရောက်

တစ်ခါတုန်းက သမုဒ္ဒရာတစ်ခုရဲ့ကမ်းစပ်မှာ လူတွေက နဂါးတွေကို ပူဇော်တယ်။ နဂါးစာကျွေးတယ်လို့လည်း ပြောနိုင်မှာပေါ့။ နို့တွေ၊ အသားငါးတွေအပြင် သေရည်တွေလည်းပါသတဲ့။ ဒါကိုမြင်တဲ့ ကျီးဖို၊ ကျီးမ စုံတွဲက နဂါးစာကျွေးထားတဲ့ အစားအသောက်တွေကိုတစ်ဝကြီး စားကြသောက်ကြတာပေါ့။ စားသောက်တဲ့အထဲမှာ သေရည်တွေလည်းပါတော့ မူးမူးနဲ့ ဆော့ကစားဖို့၊ ရေချိုးဖို့လုပ်နေတုန်းမှာ ကျီးမက လှိုင်းထဲပါသွားပြီး ငါးကြီးတစ်ကောင်က ဟပ်သွားရောတဲ့။ ကျီးမ သေတော့ ကျီးဖိုကို၊ ကျီးဖိုငိုသံကြားတော့ တခြားကျီးတွေက အုပ်လိုက်ကြီးရောက်လာ၊ ကျီးတွေရဲ့ထုံးစံအတိုင်း အိုးအိုးအာအာ ဆူဆူညံညံအသံတွေဟစ်ကြပြီး အစည်းအဝေး လုပ်ကြသတဲ့။ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ လုပ်ရမှာပဲဆိုပြီး ကျီးမကို ပြန်ဆယ် ဖို့အတွက် သမုဒ္ဒရာရေတွေကိုခပ်ထုတ်ဖို့ ပြင်ကြသတဲ့။
Subscribe to သုတ၊ ပညာ