Skip to main content

ဘဝဂ်သို့ညံ မိုးသို့ယံ ပြည်သူတို့ရဲ့အသံ

ယနေ့ကာလတွင် မျိုးချစ်မြန်မာပြည်သူတစ်ရပ်လုံး မချိတင်ကဲ ဝမ်းနည်းမဆုံး ဖြစ်နေကြရသည်။  မိသားစုအချင်းချင်းအငြင်းပွား၊ ညီအစ်ကို အချင်းချင်းရန်လို၊ ဘာကြောင့် စစ်ခင်းတဲ့အခြေ အနေအထိ ရောက်ရသလဲ။ မခေါ်ဖြစ်၊ မပြောဖြစ်ကြတဲ့ အခြေအနေမှာ ရန် / ငါသာ ပြတ်ရတော့မယ်၊ ဖားနဲ့ငါး ခွဲရတော့မယ်။ တွေ့ဆုံဆွေးနွေးရေး ခဏဘေးချိတ်။ မလိုက်ချင်သူကို ထားခဲ့ရမယ်၊ တားဆီးသူကို ကျော်ဖြတ်ရမယ်၊ ပိတ်နေသူကို ဖောက်ထွက်၊ ဖျက်နေသူကို ချေမှုန်းရမယ့် အခြေအနေ။

အကြမ်းဖက်မှုဖြင့် နိုင်ငံရေး အဖြေမရနိုင်

အောက်တိုဘာ ၂၁ ရက်က ကော့ကရိတ်မြို့ကို KNU/KNLA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်းတွေ၊ KKO (ခွဲထွက်) အဖွဲ့နဲ့ PDF တွေက တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူအချို့ သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မတိုင်ခင်က အင်းစိန်ထောင်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့ကြလို့ အပြစ်မဲ့ပြည်သူအချို့သေဆုံး ခဲ့ပါတယ်။ ဒါ့အပြင် ကျိုက်ထီးရိုးတောင်တက်ကားဂိတ်မှာ ပစ်ခတ်ခဲ့လို့ ဘုရားဖူးပြည်သူတွေ သေဆုံးခဲ့ပါသေးတယ်။ ဒီထက်ဆိုးရွားတဲ့ လုပ်ရပ်ကတော့ ကျောင်းကိုဗုံးခွဲတိုက်ခိုက်ခြင်းပါပဲ။ အောက်တိုဘာ ၂၂ ရက်က ခင်ဦးမြို့နယ် မကျီးတုံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲကို Drone အသုံးပြုပြီး Drop Bomb နဲ့တိုက်ခိုက်ခဲ့ကြပါတယ်။ ပြောရရင်တော့ စစ်ရေးဆိုင်ရာ ပစ်မှတ်တွေမဟုတ်ဘဲ ကလေးသူငယ်တွေ၊ အများပြည်သူဆိုင်ရာ နေရာတွေ၊ ဘုရား စေတီပုထိုးတွေ၊ ကျောင်းတွေ၊ လမ်းတံတားတွေ၊ အစိုးရဆိုင်ရာရုံးတွေနဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ လွဲမှားတဲ့အယူအဆနဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပါတယ်။

PDF ဂိမ်း‌ထောင်ချောက်တွင် ကိုယ့်ကိုယ်ကိုယ် မနှစ်မိပါ‌စေနှင့် …

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစားတစ်ခုပင်ဖြစ်ပါသည်။

တိုးမြင့်လာသော စိန်ခေါ်မှုများနှင့် ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေး ...

နိုင်ငံတကာအဖွဲ့အစည်းကြီးဖြစ်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကို ဖွဲ့စည်းတည်ထောင်ခဲ့တာ အခုဆို နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခါနီးတဲ့အချိန် နိုင်ငံတွေပျက်စီးယိုယွင်းနေကြပြီး ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးကို လိုလားနေကြပါတယ်။ ဒါကြောင့် ၁၉၄၅ ဧပြီ၂၅ ရက်မှာ ကုလသမဂ္ဂညီလာခံကို ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၅၀ တက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂကြေညာစာတမ်း (Charter of the United Nations ) မူကြမ်းကို အတည်ပြုနိုင်ခဲ့ကြပါတယ်။

ကလိမ်စေ့ငြမ်းဆင်၊ ဘုရားပြီးငြမ်းဖျက် မဖြစ်စေလိုပါ

ပကတိဖြစ်ရပ်မှန်တွေနဲ့ဝေးကွာပြီးမှ တရားမဝင်သတင်းအချက်အလက်အမှားတွေအပေါ်မှာအခြေခံပြီး ချဉ်းကပ်တောင်းဆိုမှုမျိုး၊ တွေ့ဆုံဆွေးနွေးမှုမျိုးတွေဟာ ပြီးပြည့်စုံတဲ့အဖြေမှန်ရဖို့ ခဲယဉ်းနိုင်ပါတယ်၊ အပြုသဘောရလဒ်ကောင်းတွေထွက်ပေါ်ဖို့လည်း အလှမ်းကွာဝေးနိုင်ပါတယ်ဆိုတဲ့ သဘောတရားတစ်ခုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် စင်ကာပူနိုင်ငံသူ လူမှုဗေဒပညာရှင် မစ္စနိုလင်းဟေဇာရဲ့ ခရီးစဉ်ကသာဓကဆောင်ခဲ့ပြန်ပါပြီ။

ပြောရဦးမယ်

“ပြောစကား နားမထောင်ဘူး”။ “ပြောလို့မရဘူး” ဆိုတဲ့သူတွေကိုပဲ စိတ်ရှည်သည်းခံ၊ ဇွဲသန်သန်နဲ့ အဖန်ဖန်အထပ်ထပ် မေတ္တာဓာတ်အပြည့်အဝနဲ့ ပြောနေပါဦး၊ ပြောလိုက်ပါဦး၊ ဆက်ပြောပါဦးလို့ အားပေးပါရစေ။ ဇွဲတော့လိုတာပေါ့။

ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းဥပဒေကျင့်ဝတ် စည်းကမ်းများတွင် နိုင်ငံရေးဆိုင်ရာ ဘက်လိုက်မှုမရှိရေးနှင့် ပါတီနိုင်ငံရေးကင်းရှင်းရေးတို့နှင့်စပ်လျဉ်း၍ လေ့လာ ဆန်းစစ်ခြင်း

နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံရေးနှင့် စီးပွားရေး စနစ်များ၊ အစိုးရအဖွဲ့များ မည်သို့ပြောင်းလဲစေကာမူ နိုင်ငံတော်ယန္တရားတစ်ခုလုံး စဉ်ဆက်မပြတ် ကောင်းမွန်စွာ သက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက် ကြရ သူများ ဖြစ်ကြပါသည်။

အနာဂတ်ဒီမိုကရေစီထွန်းကားရေးဆီသို့

ကမ္ဘာ့နိုင်ငံများတွင် ဒီမိုကရေစီစနစ်ကို နိုင်ငံ ပေါင်း ၁၁၀၊ ၅၄ ဒသမ ၈ ရာခိုင်နှုန်းက ကြိုက်နှစ် သက်တဲ့ နိုင်ငံရေးစနစ်တစ်ရပ်ဖြစ်ကြောင်း တွေ့ရပါတယ်။ ဒီမိုကရေစီဟာ ကမ္ဘာနဲ့ချီကြည့်ရင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တော့ မဟုတ်သေးပါ။ ကမ္ဘာ့နိုင်ငံအချို့ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အမျိုးမျိုးသော အခက်အခဲ အကျပ်အတည်းကြားမှ တည်ဆောက်ကြရပါတယ်။

အဂတိကင်းစင်သော အနာဂတ်နိုင်ငံတော်အတွက် မျိုးဆက်သစ်များ သိကောင်းစရာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဦးတည်ချက်(၉)ရပ်ချမှတ် အကောင်အထည်ဖော်လျက်ရှိပါသည်။ လမ်းခရီးတွင် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးမျှခြေကို ပျက်စီးစေသော၊ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပေါ်စေသော၊ နိုင်ငံ၏အင်စတီကျူးရှင်း (စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး ဆိုင်ရာအဖွဲ့အစည်းများ) အပေါ် ယုံကြည်မှုလျော့နည်းစေသော၊ နှစ်ကာလရှည်ကြာစွာ ရှင်သန်အမြစ်တွယ်နေသည့် အဂတိလိုက်စားမှုပြဿနာ (Endemic Corruption) ကိုလည်း ကိုင်တွယ်ဖြေရှင်းနေရပါသည်။ အဂတိလိုက်စားမှုကို အရှိန်အဟုန်ဖြင့် တိုက်ဖျက်ရာတွင် ပြည်သူလူထု၏လက်တွဲ ပူးပေါင်း ဆောင်ရွက်မှုနှင့် အဂတိလိုက်စား မှုတိုက်ဖျက်ရေး သိမြင်နားလည်မှု ရေချိန်မြင့်မားရန်လည်း အထူးလိုအပ်လှပါသည်။
Subscribe to နိုင်ငံရေး