Skip to main content

မြို့ရွာတွေကို သိမ်းတော့မည်ဟု ဆိုသောအခါ….

“ဘယ်နေ့မှာတော့ D-Day (ယ-ရက်) စတော့မည်။ ဘယ်နေ့မှာတော့ တိုင်းရင်းသား လက်နက်ကိုင် အချို့နှင့်ပူးပေါင်းပြီး မြို့ရွာတွေကို သိမ်းတော့မည်” ဟူသော ပြည်ပြေး အကြမ်းဖက်သမားတို့၏ လေလှိုင်းပေါ်က အောက်ကလိအာအသံများ ထွက်ပေါ်လာလေတိုင်း ရိုးသားသောသူများသည် ကြောက်ကြသည်၊ လန့်ကြသည်။

စိတ်ကူးယဉ်နိုင်ငံရေးမှ နိုးထချိန်တန်ပြီ

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်လာခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ ခိုင်မာတဲ့နိုင်ငံရေးစနစ်တစ်ရပ်ကို တည်ဆောက်ဖို့ ဒီနေ့အထိ ခက်ခက်ခဲခဲ ကြိုးစားနေရတုန်းအခြေ အနေပါ။

ကိုဗစ်ကာကွယ်ရေးပစ္စည်းဝေနေသူကို ရက်ရက်စက်စက် ပစ်သတ်သွားတာ တော်လှန်ရေးလား

အမရပူရမြို့နယ် မြစ်ငယ်မြို့လေးက အင်မတန်အေးချမ်းတဲ့ မြို့လေးပါ။ ဇူလိုင်လ ၁၄ ရက်နေ့က မြစ်ငယ်မြို့ လေးမှာ ရာဇဝင်မှာ အမည်းစက်တင် ကျန်ရစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပြည်သူတွေ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် အခက်တွေ့နေချိန် မဖြစ်မနေ အပြင်ထွက်ရမယ့် ပြည်သူတွေ ကျန်းမာ ရေးအန္တရာယ်ကင်းစေဖို့ ဈေးရှေ့မှာ နှာခေါင်းစည်းဝေနေတဲ့ အမျိုးသမီးတစ်ဦး ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

လေလှိုင်းပေါ်က အချောင်သမားများ

မြန်မာနိုင်ငံအတွင်း လက်ရှိအခြေအနေမှာ နိုင်ငံရေးကိုအကြောင်းပြုပြီး အသိအမြင်နည်းပါးမှု၊ အမှောင့်ပယောဂပူးကပ်မှု၊ အတွေးမှား၊ အမြင်မှားမှု၊ သွေးထိုး လှုံ့ဆော်ပေးမှု၊ ထောက်ပံ့မြှောက်ပင့် ပေးမှုတွေကြောင့် တည်ဆဲအစိုးရကို ဆန့်ကျင်ပုန်ကန်သူတွေ ပေါ်ပေါက်လာပါတယ်။ ရပ်ရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ မတူကွဲပြားတဲ့သူတွေကို ဒလန်လို့ သတ်မှတ်ပြီး ညှဉ်းဆဲသတ်ဖြတ်ကြပါတယ်။ မြို့ပေါ်တွေမှာ ထောင်ဖောက်ခွဲမှုတွေ ပြုလုပ်ပြီး ကျေးလက်ဒေသ အချို့မှာ လက်နက်ကိုင်သောင်းကျန်းမှုတွေ ပြုလုပ်ကြပါတယ်။

နိုင်ငံကို ရောင်းစားနေတဲ့ NUG

မတရားအသင်းအဖြစ် ကြေညာခံထားရပြီး ပြည်ပြေးတွေနဲ့ ဖွဲ့စည်းထားတဲ့ လေလှိုင်းပေါ်က အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government - NUG) ဟာ ဘင်္ဂါလီအရေးကိစ္စနဲ့ ပတ်သက်လို့၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက်နေ့ ကြေညာချက်နောက်ပိုင်းမှာ ထပ်မံပြောဆို ဆောင်ရွက်တာတွေ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဇွန်လ ၃ ရက်နေ့ ကြေညာချက်မှာ NUG က နိုင်ငံသားဖြစ်မှုဥပဒေကို ပြန်လည်သုံးသပ်မှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Subscribe to နိုင်ငံရေး