Skip to main content

တစ်မျိုးသားလုံးမူးယစ်အန္တရာယ်ကင်းစင်ဖို့ဝိုင်းဝန်းကာကွယ်တားဆီးစို့

ယနေ့ ကမ္ဘာနှင့်အဝန်း လူငယ်ထုတစ်ရပ်လုံးမှာ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကြုံတွေ့နေရပြီး မူးယစ်ဆေးဝါးကို အလွယ်တကူဝယ်ယူသုံးစွဲနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်။ လူလုပ်မူးယစ်ဆေးဝါးများ (syntheticdrugs)မှာလည်း အချိန်နှင့်အမျှ ပေါ်ပေါက်လာလျက်ရှိရာ အဆိုပါ စိန်ခေါ်မှုကို ကမ္ဘာနှင့်အ၀န်း ရင်ဆိုင်နေရသည်။ လူလုပ်မူးယစ်ဆေးဝါးများ ချက်လုပ်ရာ တွင် အဓိကကျသော ပရီကာဆာဓာတုပစ္စည်းများမှာ မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ခြင်းမရှိဘဲ စက်မှုဓာတု ကုန်ကြမ်းပစ္စည်းများ အဓိကထုတ်လုပ်ရာ နိုင်ငံများမှ နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်လာလျက်ရှိသည်။ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ရေရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းတို့သည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူသားတို့၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေလျက်ရှိရာ လူသားတို့၏ဘဝ ရှင်သန်နေထိုင်ရေးကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ လူသားအားလုံးကို အညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ဝိုင်းဝန်းစုပေါင်း လက်တွဲ၍ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဟန်ချက်ညီညီ ကာကွယ်တားဆီး တိုက်ဖျက်ရမည့်အချိန်အခါလည်း ဖြစ်သည်။
Subscribe to အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့