Skip to main content

တက်ကြွသောအင်အားများဖြင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေး

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် အဆုံးအဖြတ်ပေးနိုင်သည့် အကြောင်းတရားများသည် ပြည်ပတွင်မရှိဘဲ ပြည်တွင်း၌သာရှိနေသည်ဟု ပညာရှင်တို့က ဆိုကြသည်။ နိုင်ငံတစ်နိုင်ငံဆင်းရဲနွမ်းပါးနေသည်ကိုလေ့လာကြည့်လျှင် ယင်းနိုင်ငံသည် မိမိတွင်ရှိနေသော ငွေကြေးအင်အား၊ ရုပ်ဝတ္ထုအင်အားနှင့် လူအင်အားတို့ကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိ ထိထိရောက်ရောက် မစုစည်း၊ မသုံးစွဲနိုင်သည်ကို တွေ့မြင်ရမည်ဖြစ်သည်ဟူ၍လည်း အဆိုရှိသည်။

ပါတီစုံဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတည်ဆောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ နောက်ဆုံးအချက်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီး ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟုပါရှိပြီး အဆိုပါရှေ့လုပ်ငန်းစဉ်အကောင်အထည်ပေါ်အောင် ဆောင်ရွက်လျက်ရှိသည်။

စာပေတာဝန်ကျေပွန်ကြစေရာ

စာသည်စကားကိုသင်္ကေတပြု၍ အက္ခရာတင်ကာရေးမှတ်သည့် စနစ်တစ်ခုဖြစ်ပြီး စာပေဟူသည်ကမူ စာကိုရသမြောက်အောင်၊ အနုပညာသဘောပါအောင်ရေးဖွဲ့ခြင်းဖြစ်သည် ဟူ၍ ယေဘုယျသဘောဖွင့်ဆိုနိုင်သည်။ စာပေသည်ယဉ်ကျေးမှုတစ်ရပ်ပင်ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ဂုဏ်ဒြပ်မြင့်မားမှုကို ထိုနိုင်ငံ၏ အမျိုးသားစာပေအဆင့်အတန်းအားဖြင့်လည်း ချိန်ထိုးသတ်မှတ်သည့်အလျောက် စာပေမြင့်မှလူမျိုးတင့်သည်ဟူ၍ ဆိုခြင်းဖြစ်သည်။

ညီညွတ်မှုစွမ်းပကားဖြင့်နိုင်ငံတည်ဆောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေး မှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသည့် လူမှုရေး ဦးတည်ချက်သုံးရပ်ကို လက်တွေ့အကောင်အထည်ဖော်လျက်ရှိသည်။

မြန်မာ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး သေး၊ ငယ်၊ လတ် စီးပွားရေးမြှင့်တင်

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်း အဖြစ်တည်ရှိနေရာ နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည်။ သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှာဖြစ်သည့်အလျောက် နိုင်ငံတော်ကအလေးအနက်ထားဆောင်ရွက်လျက်ရှိသည်။

အချိန်အခါသင့်ကျန်းမာရေးအားလုံးပါဝင်ပေး

ကျန်းမာခြင်းသည်လာဘ်တစ်ပါးဖြစ်သည်။ ဤအဆိုကို လူတိုင်းလက်ခံကြသည်။ အဘယ်ကြောင့်ဆိုသော် လောကတွင် လူတစ်ယောက်သည် စီးပွားဥစ္စာရှာဖွေနိုင်ပြီး မည်မျှချမ်းသာပါသော်လည်း၊ ရာထူးစည်းစိမ်မြင့်မားပြီး မည်မျှထည်ဝါပါသော်လည်း ကျန်းမာရေးမကောင်းပါက ၎င်းအရာအားလုံးမှာ အချည်းနှီးပင်ဖြစ်ပေလိမ့်မည်။ ကျန်းမာရေးမကောင်းလျှင် စည်းစိမ်ဥစ္စာဂုဏ်ထည်ဝါမှုများ အသုံးမဝင်တော့ပေ။ ကျန်းမာရေးကောင်းမွန်ပါမှ စည်းစိမ်ဥစ္စာဂုဏ်ထည်ဝါမှုများကို ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

အကြမ်းဖက်အဖွဲ့အစည်းနှင့် မူးယစ်မှောင်ခိုတို့ခိုလှုံရာ

၂၀၁၃ ခုနှစ်တွင် Harakah al - Yaqin (ယုံကြည်ချက်အခြေခံလှုပ်ရှားမှု)ဟူ၍ အာရေဗျဘာသာဖြင့် အမည်ပေးထားသည့် အဖွဲ့က ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ARSA (Arakan Rohingya Salvation Army)ဟူ၍ ဖြစ်လာသည်။ အစ္စလာမ္မစ် ဝါဒီများဟု ကမ္ဘာကရှုမြင်သွားနိုင်စေမည့် အာရေဗျအမည်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်အမည်ပေးပြီး ၎င်းတို့၏ပုံရိပ်ကိုပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ARSA အကြမ်းဖက်အဖွဲ့အစည်းမှာ စင်စစ်အားဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကပင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဆူပူသောင်းကျန်းခဲ့ကြသည့် မူဂျာဟစ်ဒင်လှုပ်ရှားမှု၏ အဆက်အနွယ်ပင်ဖြစ်သည်။

စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် ငြိမ်းချမ်းသာယာမှုကိုဖော်ဆောင်

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များသည် မြန်မာနိုင်ငံအတွက်အရေးပါပြီး ထူးခြားသောနှစ်များဖြစ်သည်။ ၂၀၂၂ ခုနှစ် ပြည်ထောင်စုနေ့သည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဖြစ်၍ ထူးခြားသည့်ပြည်ထောင်စုနေ့အဖြစ် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်၍ ယခင်နှစ်များနှင့်မတူ တစ်မူထူးကဲစွာကျင်းပသွားရန် စီစဉ်ဆောင်ရွက်နေသည်ကိုတွေ့ရသည်။

အွန်လိုင်းပေါ်မှငွေကြေးလိမ်လည်မှု နည်းပရိယာယ်မျိုးစုံတို့ကိုသတိပြု

အွန်လိုင်းမှတစ်ဆင့် နည်းအမျိုးမျိုးဖြင့် ငွေကြေးလိမ်လည်မှုများ အများအပြားဖြစ်ပေါ်လျက်ရှိရာ ပြည်သူများသတိထားကြရန်လိုအပ်သည်။ လူတို့၏အားနည်းချက်များဖြစ်သော မသိနားမလည်မှု၊ အယုံလွယ်မှုနှင့် လောဘတရားတို့ကိုအသုံးချကာ အွန်လိုင်းမှလိမ်လည်သူများက သားကောင်များကိုရှာဖွေပြီး အမြတ်ထုတ်နေကြခြင်းဖြစ်သည်။

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့

မြန်မာနိုင်ငံသည် ကုသိုလ်ကောင်းမှုများထုံမွမ်းနေသောနိုင်ငံဖြစ်သည်။ ရတနာသုံးပါးကိုရည်မှန်း၍ နေ့ကြီးရက်ကြီးများတွင်သာမက လပြည့်လကွယ်ရောက်တိုင်း ကောင်းမှုကုသိုလ်များပြုလုပ်လေ့ရှိသည်။ ဝါတွင်းကာလသုံးလပတ်လုံး ကုသိုလ်ကောင်းမှုများအဆက်မပြတ်ရှိပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းတွင် ကုသိုလ်ကောင်းမှုများ အထူးပြုလုပ်လေ့ရှိသည်။
Subscribe to အယ်ဒီတာ့အာဘော်