Skip to main content

ငြိမ်းချမ်းခြင်းနှင့် ကောင်းချီးမင်္ဂလာပြည့်စုံပါစေသော်

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ရှိကြသည့် ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ခရစ္စမတ်နေ့ဖြစ်သည်။ ခရစ္စမတ်အခါသမယသည် ကမ္ဘာမြေပေါ်တွင် ငြိမ်းချမ်းခြင်းနှင့် လူသားတို့အပေါ် ကောင်းချီးမင်္ဂလာကျရောက်စေခြင်း သတင်းစကားနှင့်အတူ မင်္ဂလာတရားနှင့် ပြည့်စုံစွာ အေးမြသာယာသည့် ချိန်ခါလည်းဖြစ်သည်။

ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် ဆွေးနွေးအဖြေရှာ အောင်မြင်မှုရယူ

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် ရှေးနှစ်ပေါင်းများစွာကပင် အေးအတူပူအမျှ စုပေါင်းလက်တွဲနေထိုင်ခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးတို့၏ နှစ်ပေါင်းထောင်ချီတည်ရှိခဲ့သော ကိုယ်ပိုင်ရိုးရာအမွေအနှစ်များ၊ စာပေ၊ ဂီတ၊ ယဉ်ကျေးမှုအနုပညာမှာ နှစ်လိုဖွယ်ရာဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး တန်ဖိုးထားလေးစားကြသည်။ တိုင်းရင်းသားလူမျိုးများသည် ချစ်ခင် ရင်းနှီးစွာနေထိုင်လာခဲ့ကြသော်လည်း နယ်ချဲ့လက်အောက်သို့ကျရောက်ချိန်တွင် သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့် အချင်းချင်းစည်းလုံးညီညွတ်မှုပျက်ယွင်းပြီး လက်နက် ကိုင်ပဋိပက္ခများဖြစ်ပေါ်လာခဲ့သည်။

နိုင်ငံအတွက်ထာဝရလိုအပ်ချက်

မြန်မာနိုင်ငံ၏လွတ်လပ်ရေးသည် မကြာမီရက်သတ္တပတ်အနည်းငယ်အတွင်း (၇၅)နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးကြိုးပမ်းခဲ့ရသည့် ကာလမှစ၍ နိုင်ငံအတွင်း စည်းလုံးညီညွတ်ရေးစကားကိုပြောကြားကာ စည်းလုံးညီညွတ်မှုကိုလည်း ခက်ခက်ခဲခဲတည်ဆောက်ခဲ့ကြရသည်။ သူ့ခေတ်သူ့အခါတွင် ဘိုးဘွားတို့စည်းလုံးညီညွတ်နိုင်ခဲ့ကြ၍ လွတ်လပ်ရေးကိုရယူနိုင်ခဲ့သော်ငြား နယ်ချဲ့တို့ပျိုးခဲ့သည့် သံသယတို့က အကင်းမသေခဲ့သည့်အလျောက် အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်သောနိုင်ငံဘဝသို့ရောက်သည့်တိုင် ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက်မလုပ်နိုင်။ သဘောထားများကွဲလွဲ၊ စည်းလုံးညီညွတ်မှုတို့လျော့နည်းလျက် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော်လည်း ဖွံ့ဖြိုးမှုအနည်းဆုံးစာရင်းဝင်အဖြစ် ရုန်းကန်နေရဆဲဖြစ်သည်။

အမျိုးသားအမွေအနှစ်ဆေးပညာ အစွမ်းထက်မြက်ရေးကြိုးပမ်း

မျက်မှောက်ကာလ ကမ္ဘာလောကကြီး၌ လူမှုဘဝများ တိုးတက်ပြောင်းလဲလာသည်နှင့်အတူ ရောဂါအသစ်အဆန်းအမျိုးမျိုးတို့လည်း အတူတကွဖြစ်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ လက်ရှိတွင် ကိုဗစ်-၁၉ကပ်ရောဂါကဲ့သို့ ကူးစက်ရောဂါများ ဖြစ်ပွားနေဆဲဖြစ်သည့်အပြင် မကူးစက်နိုင်သောရောဂါအမျိုးမျိုးနှင့် အခြားရောဂါများကိုလည်း ကြုံတွေ့ခံစားနေရသည်။ ဝေဒနာရှင်များအနေဖြင့် ရောဂါပျောက်ကင်းရေးအတွက် ကုန်ကျစရိတ်များသဖြင့် အခက်အခဲများနှင့်ကြုံတွေ့ကြ ရသည်။

မိသားစုကျန်းမာ၊ စရိတ်ကုန်ကျသက်သာ

ခန္ဓာကိုယ်အတွက်လိုအပ်သော အာဟာရဓာတ်ခြောက်မျိုးတွင် အဆီဓာတ်လည်းပါဝင်သည်။ သီးနှံများဖြစ်သည့် ပဲ၊ နှမ်း၊ နေကြာ စသည်တို့မှရရှိသော ဆီအမျိုးမျိုးနှင့် ဝက်၊ အမဲ စသည့် တိရစ္ဆာန်အဆီများမှရရှိသော အဆီဓာတ်သည် အင်အားဖြစ်စေသော အဆီအုပ်စုတွင်ပါဝင်သည်။ သို့ရာတွင် လိုအပ်သည့်ပမာဏထက်ပို၍ စားသုံးနေမည်ဆိုပါက အင်အားဓာတ်လွန်ကဲလာစေပြီး ကိုယ်အလေးချိန်တိုးလာမည်ဖြစ်သည့်အပြင် ရေရှည်တွင် နှလုံးသွေးကြောကျဉ်း၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံး၊ အဝလွန်၊အဆစ်ရောင် စသည့်ရောဂါများ ဝင်ရောက်လာမည်ဖြစ်သည်။

ချစ်ကြည်ရင်းနှီးမှုမှ ဖွံ့ဖြိုးတိုးတက်မှုဦးတည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၂ ခုနှစ် စက်တင်ဘာလပထမပတ်က သွားရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်မှ ပေါ်ထွက်လာသော အကျိုးရလဒ်များကို လက်တွေ့မြင်တွေ့နိုင်ပြီဖြစ်သည်။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ကူးလူး ဆက်ဆံမှုများမှသည် နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများကို စတင် ဖော်ဆောင်လာပြီဖြစ်သည်။

မြန်မာ့တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးသို့

ခေတ်မီဆေးဝါးအတတ်ပညာများမပေါ်ပေါက်မီ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူ့အဖွဲ့အစည်းတို့တွင် ကျန်းမာရေးအတွက် ရိုးရာဆေးပညာကုထုံးများနှင့် ဆေးဝါးများကိုသာ အားကိုးအားထားပြု သုံးစွဲခဲ့ကြရသည်။ မြန်မာ့တိုင်းရင်းဆေးသည်လည်း ရှေးနှစ်ထောင်နှင့်ချီသည့် ကာလကပင် ရှိခဲ့ပြီး တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် စသည့်ခေတ်အဆက်ဆက် တို့တွင် တစ်စတစ်စခိုင်မြဲအခြေကျလာခဲ့ခြင်းဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာတွင် အိန္ဒိယ ဆေးကျမ်းများ၏ ဩဇာလွှမ်းမိုးမှုများရှိခဲ့သလို မြန်မာမင်းများက ပတ်ဝန်းကျင်နိုင်ငံများကို သိမ်းသွင်းရာမှ ဆေးဝါးအတတ် ကျွမ်းကျင်သူများ၊ အရိုးကျိုး အရိုးဆက်ကျွမ်းကျင်သူများကိုပါ ခေါ်ဆောင်လာခဲ့သည်များလည်း ပေါင်းစည်းပါဝင်ခဲ့သည်။

ပြည်သူ့အကျိုးစီးပွားဖျက်ဆီးမှုများ ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်

ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝများအတွက် အရေးကြီးသောအခြေခံလိုအပ်ချက်များမှာ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်။ အဆိုပါ အခြေခံလိုအပ်ချက်များကို နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ NUG နှင့် လက်ဝေခံ  PDF အကြမ်းဖက်အဖွဲ့များသည် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားပေး ရေးလုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးနေသောကြောင့် ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝများ၌ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။

နိုင်ငံနှင့်ပြည်သူအတွက် လျှပ်စစ်ဓာတ်အားအကြမ်းဖက်သတ်ဖြတ်ဖျက်ဆီးမှုများ ပြည်သူအားဖြင့်ဆန့်ကျင်တားဆီး

လျှပ်စစ်ဓာတ်အားသည် နိုင်ငံဖွံ့ဖြိုးရေးအတွက်အရေးကြီးသလို နေ့စဉ်လူနေမှုဘဝများအတွက်လည်း အရေးကြီးသည်။ တစ်နှစ်ထက်တစ်နှစ် ပိုမို၍ လိုအပ်ချက်မြင့်မားလာနေသော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတော်ကကြိုးပမ်းဆောင်ရွက်နေပြီး ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့်ဖြည့်ဆည်းနိုင်ရန် ရည်မှန်းထားသည်။ ထို့ပြင် နှစ်စဉ်အမေရိကန်ဒေါ်လာ နှစ်ဘီလီယံဖိုးခန့်တင်သွင်းနေရသည့် စက်သုံးဆီများဝယ်ယူနေရမှုကို လျှော့ချနိုင်ရေးအတွက် ပြည်တွင်းရှိ ဒီဇယ်ဆီသုံးသည့် စက်မှုလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် လျှပ်စစ်စွမ်းအင်ကို အစားထိုးသုံးစွဲသွားရန်မျှော်မှန်းထားရာ ပြည်တွင်းရှိအရင်းအမြစ်ပေါင်းစုံတို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သွားနိုင်ရန်လည်း နိုင်ငံတော်ကဆောင်ရွက်လျက်ရှိသည်။

ချစ်ကြည်ရင်းနှီးမှုဖြင့လုံခြုံမှုတည်ဆောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေမှုများ တားဆီးနှိမ်နင်းရေး၊ နယ်မြေသတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
Subscribe to အယ်ဒီတာ့အာဘော်