မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေပြု စီးပွားရေးအဓိကနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စပါး၊ ပဲ၊ ပြောင်း တို့သာမက အခြားသော သီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံအမျိုးအမည်များစွာ စိုက်ပျိုးထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်သည်။ သို့ရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် မိရိုးဖလာနှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်သူများကအများစုဖြစ်ပြီး ရင်းနှီးမြှုပ်နှံဝင်ရောက်လုပ်ကိုင်မှုနည်းပါးသည့်အတွက် နည်းပညာအရ၊ ထုတ်လုပ်နိုင်မှုပမာဏနှင့် အရည်အသွေးအရ၊ ဈေးကွက်အရ အိမ်နီးချင်းနိုင်ငံများကို ယှဉ်ပြိုင်နိုင်စွမ်းနိမ့်ကျလျက်ရှိသည်။
ကိုဗစ်-၁၉ရောဂါနှင့် အတူယှဉ်တွဲနေထိုင်ရာတွင် နေထိုင်မှုပုံစံသစ်
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှာ သိသိသာသာကျဆင်းသွားသည်။ ကျန်းမာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့၏ နိုးနိုးကြားကြား တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်မှုများကြောင့် ကိုဗစ်-၁၉ရောဂါကူးစက်မှု ကင်းဝေးလာပြီဟုဆိုနိုင်သည်။ သို့သော် ကိုဗစ်-၁၉ရောဂါသည် မျိုးရိုးဗီဇမျိုးကွဲသစ်အမျိုးမျိုးအဖြစ် ပြောင်းလဲဖြစ်ပေါ်နေပြီး ကမ္ဘာပေါ်ရှိနိုင်ငံအချို့တွင် ဆက်လက်ဖြစ်ပွားနေသဖြင့် ကိုဗစ်-၁၉ရောဂါကို ဆက်လက်သတိပြု ကာကွယ်ထားကြရမည်ဖြစ်သည်။
မြန်မာတို့သာဖြေရှင်းကြရမည့် မြန်မာ့ပြည်တွင်းအရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ထွန်းကားရေးအတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဤသည်မှာ ပြည်သူလူထု၏ ဆန္ဒအမှန်ကို အကောင်အထည်ဖော်ပေးနေခြင်းပင်ဖြစ်ပြီး စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။
စားနပ်ရိက္ခာလုံခြုံမှုရှိသည့်နိုင်ငံတည်ဆောက်
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး၏ လူဦးရေသည် အချိန်နှင့်အမျှ စဉ်ဆက်မပြတ်တိုးတက်နေသည်။ ၂၀၂၂ ခုနှစ်အကုန်တွင် ကမ္ဘာ့လူဦးရေသည် ၈ ဘီလီယံသို့ ရောက်ရှိလာပြီဖြစ်သည်။ လူဦးရေတိုးတက်လာသည်နှင့်အတူ စားနပ်ရိက္ခာလိုအပ်မှုမှာလည်း လိုက်ပါမြင့်တက်လာမည်ဖြစ်သည်။ လူသားများနေ့စဉ်မဖြစ်မနေဖြေရှင်းနေရသည့် ပြဿနာများတွင် စားနပ်ရိက္ခာသည် အဓိကကျသောအရေးကိစ္စဖြစ်သည်။ ငွေရှိသော်လည်းစားနပ်ရိက္ခာမရှိလျှင် အဆိုပါငွေကြေးသည် မည်သို့မျှတန်ဖိုးရှိမည်မဟုတ်ပေ။ ထို့ကြောင့် စားနပ်ရိက္ခာသည် ပထမ၊ စားနပ်ရိက္ခာသည် ပဓာနကျသောကိစ္စဖြစ်သည်။
စည်းစနစ်တကျထုတ်ယူသုံးစွဲ မပျက်မကွက်ပြန်လည်ထူထောင်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝသယံဇာတများသည်လည်း အရေးပါသောအရင်းအမြစ်များဖြစ်ကြသည်။ သဘာဝသယံဇာတများဟုဆိုရာတွင် မြေနှင့်ရေတို့သည် စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်ရေးအတွက်အရေးပါပြီး သစ်တော၊ သတ္တု စသည့် သဘာဝသယံဇာတများမှာမူ ထုတ်ယူသုံးစွဲရေးအတွက်ဖြစ်သည်။ မိမိတို့နိုင်ငံသည် သစ်တော၊ သတ္တုသယံဇာတများကြွယ်ဝသည့် တိုင်းပြည်ဖြစ်သော်လည်း ရေရှည် ထုတ်ယူသုံးစွဲနိုင်ရန်အတွက်မျှော်မှန်း၍ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်။
မင်္ဂလာရှိသောအခါသမယတွင် ဂုဏ်ပြုထိုက်သူများအား ဂုဏ်ပြုချီးမြှင့်
ထူးခြားလေးနက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယတွင် ဂုဏ်ပြုထိုက်သူများအား ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့်အညီ ကျင့်သုံးဆောင်ရွက်ခြင်းဖြစ်သည်။ လွတ်လပ်ရေးနေ့ အခါသမယတွင် နှစ်စဉ်နှစ်တိုင်း ဘွဲ့ထူးဂုဏ်ထူးဆုတံဆိပ်များကို ချီးမြှင့်အပ်နှင်းလျက်ရှိပြီး ယခုနှစ်သည် လွတ်လပ်ရေးရရှိပြီးသည်မှာ (၇၅)နှစ်မြောက် ရောက်ရှိလာပြီဖြစ်၍ ယခင်နှင့်မတူ ထူးထူးကဲကဲ ချီးမြှင့်အပ်နှင်းခဲ့သည်ကို တွေ့ရသည်။
မြန်ဂုဏ်၊ မာဂုဏ် မြင့်မားသော မြန်မာစိတ်ဓာတ်ကိုမွေးမြူ၍
နှစ်ပေါင်းထောင်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်သည့် မိမိတို့နိုင်ငံ၏သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ဇာတိပုညဂုဏ်မာန တက်ကြွဖွယ်ရာများနှင့်အတူ သင်ခန်းစာယူဖွယ်၊ သံဝေဂရဖွယ်တို့လည်း များစွာရောပြွမ်းလျက်ရှိသည်။ ဧရာဝတီနှင့် စစ်တောင်းမြစ်ဝှမ်းဒေသကြီးများကို အုပ်ချုပ်ရေးဗဟိုပြု၍ ဘေးမှဝန်းရံထားသော ပြည်ထောင်များနှင့် စုစည်းနေထိုင်ခဲ့သည့် ပြည်ထောင်စုပုံစံသည် ဗြိတိသျှတို့ ကျူးကျော်သိမ်းပိုက်ခြင်းမခံရမီအချိန်ကတည်းက တည်ရှိခဲ့သည့်ပုံစံဖြစ်ပြီး စည်းလုံးညီညွတ်သည့် ထိုအင်အားဖြင့် ပင်ပတ်ဝန်းကျင်နိုင်ငံများ၏ လေးစားခန့်ညားမှုကို ရရှိခဲ့ခြင်းဖြစ်သည်။
နိုင်ငံနှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်
၂၀၂၀ ရွေးကောက်ပွဲ၌ မဲမသမာမှုကိုအကြောင်းပြု၍ CRPH ၊ NUG အကြမ်းဖက်အဖွဲ့များဖြစ်လာသည်။ CRPH ၊ NUG အကြမ်းဖက်အဖွဲ့များ၏ သွေးထိုး မြှောက်ပင့်ထောက်ပံ့ပေးမှုဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များပေါ်ပေါက်လာပြီး အကြမ်းဖက်ဖောက်ခွဲသတ်ဖြတ်မှုများပြုလုပ်ခဲ့ရာ နိုင်ငံပိုင်၊ ပြည်သူပိုင် အဆောက်အအုံပစ္စည်းများ ပျက်စီးဆုံးရှုံးပြီး အပြစ်မဲ့ပြည်သူအမြောက်အမြား သေကျေပျက်စီးခဲ့ရသည်။
ပြည်တွင်းအားသည် နိုင်ငံ့အင်အား
၁၉ ရာစု အနောက်ကမ္ဘာတွင် အရင်းရှင်နယ်ချဲ့ဝါဒအမြစ် တွယ်ကြီးထွားလာခြင်းနှင့်အတူ လောဘဇောတက်နေသည့် အရင်းရှင်နိုင်ငံများက ကမ္ဘာတစ်လွှားတွင်အပြိုင်အဆိုင် နယ်ချဲ့ခဲ့ကြသည်။ မြန်မာနိုင်ငံကိုလည်း စီးပွားရေး၊ စစ်ရေးအင်အားကြီးနိုင်ငံဖြစ်သည့် အင်္ဂလန်နိုင်ငံက ၁၈၂၄ ခုနှစ် မှ ၁၈၈၅ ခုနှစ်အထိ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲကာ တစ်ပိုင်းပြီးတစ်ပိုင်း သိမ်းယူသွားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းရေးစွက်ဖက်မှုကို လက်မခံဆန့်ကျင်
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့ကြောင်းသတင်းနှင့်ပတ်သက်၍ ဆန့်ကျင်ဘက်မီဒီယာများ၏ နေ့စဉ်ရက်ဆက်သတင်းထုတ်လွှင့်မှုများကို ကြားသိနေရပါသည်။ ဤအရေးသည် ပြည်တွင်းရေးသာဖြစ်၍ ပြည်ပမှ မည်သည့်စွက်ဖက်မှုကိုမျှလက်မခံဘဲ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ အခြေခံမူဝါဒရပ်တည်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားနေသည်။