လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) နှင့် စပ်လျဉ်း၍ ကမ္ဘာ တစ်ဝန်း ရောဂါကူးစက်ဖြစ်ပွားသည့် နိုင်ငံများ တစ်နိုင်ငံပြီး တစ်နိုင်ငံဆိုသလို ဆက်တိုက် များပြားလာနေသည်။ နိုင်ငံပြင်ပမှ ရောဂါကူးစက်ဝင်ရောက်လာခြင်း၊ နိုင်ငံအတွင်း၌လည်း ဆက်လက် ကူးစက်ပြန့်ပွားခြင်း နည်းလမ်းများဖြင့် ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေများ ဖြစ်ပေါ်နေရာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကူးစက်ပြန့်ပွားနိုင်မှု (Risk Assessment) အလွန်မြင့်မားသည့် အဆင့် (Very High) အဖြစ် တိုးမြှင့်သတ်မှတ်ထားပြီဖြစ်သည်။
အလှဆင်လိုသည့် စိတ်နှလုံးများဖြင့် စုပေါင်းဖန်တီးထားသည့် ဥယျာဉ်များ
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၃၁ လမ်းနှင့် ၃၂ လမ်းကြား (အောက်ဘလောက်)တွင် “အားလုံးအတူတကွ ပူးပေါင်းပါဝင်သော လူမှုဝန်းကျင်” အမည်ရှိ ခေါင်းစဉ်ဖြင့် ဖန်တီးပုံဖော်ထား သည့် နောက်ဖေးလမ်းကြားဥယျာဉ်တစ်ခုကို ဖွင့်လှစ်လိုက်ရာ ရန်ကုန်မြို့တွင် နောက်ဖေးလမ်းကြားဥယျာဉ် စုစုပေါင်း ၁၁ ခု ရှိလာပြီဖြစ်သည်။ ယင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဒို့အိမ်အဖွဲ့၊ ရပ်ကွက်နေပြည်သူများ၊ စေတနာ့ဝန်ထမ်း လုပ်အားပေးသူ များနှင့် အလှူရှင်တို့၏ပူးပေါင်းအကောင် အထည် ဖော်မှုများမှ ပေါ်ထွက်လာသည့် ရလဒ်များပင်ဖြစ်သည်။
အသိပညာလည်းပေးရင်း ထိထိရောက်ရောက်နှိမ်နင်း
တရားမဝင် သစ်ဖမ်းဆီးမှုများကို သတင်းများ၌ နေ့စဉ်လိုလို တွေ့ရှိနေရသည်။ သစ်မှောင်ခိုလုပ်ငန်းသည် အကျိုးအမြတ်များသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အလျောက် သစ်မှောင်ခို ခုတ်လှဲ၊ ခွဲစိတ်၊ သယ်ယူ ရောင်းဝယ်မှုများကို အထက်၊ အောက် မြန်မာနိုင်ငံ အနှံ့အပြား၌ ဖမ်းမိနေခြင်းလည်း ဖြစ်သည်။
လတကာတို့၏ သခင်
တပေါင်းသည် မြန်မာပြက္ခဒိန်တွင် ဆယ့်နှစ်လမြောက် နောက်ဆုံးလဖြစ်သည်။ မြန်မာသက္ကရာဇ်အရ နှစ်တစ်နှစ် ကုန်ဆုံးတော့မည့် အခါသမယလည်းဖြစ်သည်။ ဆောင်းအကုန် နွေသို့အကူး၊ နေ့တွင်ပူ၍ ညတွင်ချမ်းသည့် ဤကာလမှာ လောကဓာတ်တစ်ခွင်မှာလည်း သာယာလှသည့်အလျောက် တပေါင်းသည် လတကာတို့၏သခင် ဟူ၍လည်း စာဆိုရှိသည်။
လူငယ်နှင့် ဂိမ်းအလွန်အကျွံစွဲလမ်းမှု
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဂိမ်းအလွန်အကျွံစွဲလမ်းခြင်း (Gaming Disorder) ကို ရောဂါတစ်ရပ်အဖြစ် ၂၀၁၈ ခုနှစ် အတွင်းက စာရင်းသွင်းခဲ့သည်။ တန်ဆေး လွန်ဘေးဆိုသည့် ဆိုရိုးစကားအတိုင်းပင် ဗီဒီယိုဂိမ်းကစားခြင်းတွင် အကောင်း အဆိုး ဒွန်တွဲနေပြီး အလွန်အကျွံ ကစားမှုများကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့ နိုင်ငံများ၏COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေမှာ ကမ္ဘာ့ဒေသအသီးသီးတွင် ရောဂါဖြစ်ပွားသောနိုင်ငံများ ဆက်တိုက်များပြားလာခဲ့ကြောင်းနှင့် နိုင်ငံပြင်ပမှရောဂါကူးစက်မှုများ သာမက နိုင်ငံတွင်း၌ပါရောဂါကူးစက်မ
၂၀၂၀ ပြည့်နှစ် နွေရာသီရေရှားပါးကျေးရွာများ သောက်သုံးရေ ရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်က နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တွင် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက “နွေရာသီ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းရာတွင် သောက်သုံးရေဖြန့်ဝေခြင်းကဲ့သို့ လတ်တလော ဆောင်ရွက်မည့် အစီအစဉ်များသာမကကျေးရွာများ၏ ရေရှားပါးရခြင်း အဓိကအကြောင်းရင်းများကို ဖော်ထုတ်ပြီး ဖြေရှင်း နိုင်မည့် ကာလတို၊ ကာလလတ် အစီအမံများကို ရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရန်” မှာကြားသွားခဲ့သည်။
သတင်းများနဲ့ ကမ္ဘာ
သတင်းနှင့် အချက်အလက်ဆိုင်ရာ မဟာအဝေးပြေး လမ်းမကြီးပေါ်၌ နှစ်ဆယ်ရာစု အကုန်မှစတင်ကာ ကမ္ဘာ့နိုင်ငံအသီးသီးမှ ယာဉ်အမျိုးမျိုးသည် အားထုတ်မှုအဖုံဖုံဖြင့် အရှိန်မြှင့် မောင်းနှင်လာကြသည်မှာ အပြိုင်း အရိုင်းဖြစ်၏။ အပြိုင်အဆိုင်လည်း ဖြစ်၏။
နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အုတ်မြစ် အီလက်ထရောနစ် အစိုးရစနစ်
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ(အိုင်စီတီ)က လွန်စွာအရေးကြီးသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကို ဗဟိုပြု၍ အီလက်ထရောနစ်အစိုးရ (e- Government)ကို အကောင်အထည်ဖော် နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မိမိတို့နိုင်ငံအနေဖြင့် အီလက်ထရောနစ်အစိုးရ(e - Government)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း လက်ရှိအခြေအနေအရ e - Government သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အဆင့် ၁၅၇ ဖြစ်ပြီး အာဆီယံဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ရာတွင်လည်း ဒေသ၏ပျမ်းမျှအောက်အဆင့်တွင်သာ ရှိနေသေးသည့်အလျောက် မ
မြို့ပြစည်ပင်သာယာရေးနှင့် စပ်လျဉ်း၍
မြို့ပြနေ ပြည်သူလူထု ရှင်သန်နေထိုင်သွားလာရေးကိစ္စအဝဝတွင် လုံခြုံငြိမ်းချမ်း ပျော်ရွှင် တင့်တယ်စွာ နေထိုင်လှုပ်ရှားနိုင်ကြဖို့၊ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြဖို့၊ သန့်ရှင်းသပ်ရပ် လှပကာ ကျန်းမာရေးနှင့် ညီညွတ်သည့်ဝန်းကျင်ရှိစေဖို့ အစရှိသည်တို့ကို မြူနီစပယ်ဌာနဟု ခေါ်သည့် မြို့တော်စည်ပင်သာယာရေးက တာဝန်ယူရသည်။ သည်လုပ်ငန်းများ အားလုံး အတွက် မြို့တော်ဝန်၊ ဒုတိယ မြို့တော်ဝန်နှင့် စည်ပင်သာယာရေးကော်မတီဝင်များနှင့် စည်ပင်သာယာဌာနအသီးသီးမှ ဝန်ထမ်းသီးသီးက တာဝန်ယူကြရသည်။
လူထူသည့်နေရာများကို ရှောင်ကြဉ် လက်များကိုလည်း ဆေးကြောသန့်စင်
COVID-19ဟု ခေါ်ဆိုသည့် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါက ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံဆီသို့ ပျံ့နှံ့နေပြီ ဖြစ်သည်။ မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စတင်ခဲ့သည့် အဆိုပါရောဂါသည် ယနေ့ (၂၆-၂-၂၀၂၀) အထိတော့ မြန်မာနိုင်ငံသို့ ဝင်ရောက်မလာသေး။ ရောဂါစတင်ခဲ့သည့် တရုတ် နိုင်ငံတွင် နောက်ထပ်ကူးစက်ပျံ့နှံ့မှု အရှိန် အဟုန်လျော့ကျလာသည်ဟုဆိုသော်လည်း အီရန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ အီတလီ၊ ပြင်သစ်၊ ဂျပန် စသည်ဖြင့် အရှေ့အလယ်ပိုင်း ဒေသ၊ အာရှအရှေ့ပိုင်း ဒေသ၊ ဥရောပဒေသ စသည့်ဒေသအသီးသီးသို့ ပျံ့နှံ့လာပြီဖြစ်သည့် အပြင် လူအသေအပျောက်များပါ ရှိလာပြီဖြစ်ရာ အထူးဂရုစိုက်၍ ရောဂါကို ထ
