Skip to main content

အမိတက္ကသိုလ်၏ ရွှေရောင်နေ့များဆီ

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့သည့် ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပနေသည်။ ယခုနှစ် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်၏ တည်ထောင်မှုသက်တမ်း နှစ် ၁၀၀ တင်းတင်း ပြည့်မည်ဖြစ်ရာ ရန်ကုန်တက္ကသိုလ်ရာပြည့်အခမ်းအနား ပွဲလမ်း သဘင်ကြီးများကိုမူ လာမည့်နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ကျင်းပသွားမှာလည်း ဖြစ်သည်။

အရေးပေါ်အခြေအနေကို နားလည်ခြင်း

လမ်းပေါ်တွင် ပုံမှန်အတိုင်း မိမိဘာသာ ကားမောင်းနေစဉ် နံဘေးမှ ရုတ်တရက် ထိုးဝင်လာသည့် ကားကြီး တစ်စီးကို ကြုံလိုက်ရ သည့်အခါမျိုးတွင်လည်းကောင်း၊ မိမိဘာသာရွာထဲ၊ အိမ်ထဲရှိနေစဉ် မိုးရွာလေတိုက်မှု အရှိန်ပြင်းထန်လာကာ ရေလုံးကြီးများ ရုတ်တရက် လျှံတက် လာသည့် အခိုက်များတွင်လည်းကောင်း၊ မြို့ထဲ မိမိတိုက်ခန်းထဲ လဲလျောင်း စာဖတ်နေခိုက် မီးလန့်သံနှင့်အတူမီးတောက်မီးလျှံကြီးများ နံဘေး အခန်း ရောက်လာ နေသည်ကို ရုတ်တရက် ကြုံလိုက်ရသည့် အချိန်မျိုးတွင်လည်းကောင်း ဘယ်သို့ တုံ့ပြန်ရမည်၊ ဘယ်ပုံ ရှောင်ပြေး ရမည်။ အရင်ဆုံး ဘာလုပ်ရမည် စသည်တို့ကိုချက်ချင်းဆုံးဖြတ်ရင်ဆိုင်ရန် မည်မျှခက်ခဲ မည်ဆိုခြင်းကို တွေးဆနားလည်နိုင်ကြပါမည်။

ပြည်သူလူထု၏ အရည်အချင်းသည် နိုင်ငံ၏အရည်အချင်း ပြည်သူလူထု၏ တန်ဖိုးသည် နိုင်ငံ၏တန်ဖိုး

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရင်းအနှီးရှိဖို့က လွန်စွာအရေးကြီးသည်။ အရင်းအနှီး ဟူသော ယေဘုယျစကားလုံးတွင် ငွေကြေးအရင်းအနှီး၊ ရုပ်ဝတ္ထုအရင်းအနှီးနှင့် လူသား အရင်းအနှီးတို့ ပါဝင်လျက်ရှိပြီး အဆိုပါ အရင်းအနှီးသုံးရပ်အနက် လူသား အရင်းအနှီးက အခြေခံအကျဆုံး၊ အဓိကအကျဆုံးပင် ဖြစ်သည်။ သို့အတွက်ကြောင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရန်မှာ ထိုနိုင်ငံ၏ ပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လိုအပ်သည်ဟု သုတေသီများက လက်ခံအသိအမှတ်ပြုထားကြသည်။

သနပ်ခါးရနံ့တို့ မပြယ်ရလေအောင်

မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအနက်မှ တစ်ခု ဖြစ်သည့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကို အသိအမှတ်ပြုစာရင်းတင်သွင်းရန် ကြိုးပမ်းလျက်ရှိကြောင်း ဂုဏ်ယူ ဝမ်းမြောက်ဖွယ်သိရှိရသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ် ပေါများကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အလျောက် အမျိုးသား အဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ခန့်မှန်းခြေအားဖြင့် ၁၅၀၀၀ ခန့်ရှိပြီး ယင်းတို့အနက်မှ ၂၂၁၇ ခုကို အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီက အတည်ပြုပြီးဖြစ်သည်။

အပြောင်းအလဲနှင့် လူထုမှတ်ကျောက်

နွေပေါက်လာပြီဆိုသည်နှင့် မြန်မာပြည်တစ်လွှားတွင် သစ်ပင်ကိုင်း ဖျားတို့ပေါ်က ဥဩသံချိုမြမြကို ကြားရပြီ။ စိမ်းရွက်သစ်ပုရစ်ဖူးနုများနှင့် ရွက်ဝါဏ်ကြွေတို့ ပြိုင်တူစုံဖက် လင်းလက်ဝင်းဝါသော၊ လှပလင်းပွင့်သော အချိန်အခါသမယ ဖြစ်ပေသည်။

သည်လိုအချိန် လမ်းမများထက်က ရှည်ရှည်လျားလျား ဆွဲငင်လိုက်သော မီးသတ်ဥဩသံများကမူ နိုင်ငံသားတို့အဖို့ စိုးရိမ် ထိတ်လန့်စရာများ၊ ပူပင်စရာများနှင့် ခြောက်ခြားနေစေပေသည်။

မီးဘေးအန္တရာယ်သည် မြန်မာနိုင်ငံအဖို့ နှစ်စဉ် တစ်နှစ်ပတ်လုံး လိုလို ခြိမ်းခြောက် နေသည်ဖြစ်သော်လည်း ယခုလို နွေပေါက်လာပြီ ဆိုလျှင်ဖြင့် ပို၍စိုးရိမ်နေရသည်မှာ အမှန်။

ထူးချွန်စွာ အောင်ပွဲဆင်နိုင်ရေး ဖြည့်ဆည်းနိုင်ကြသည့်အချိန်

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ ကျောင်းသား ကျောင်းသူတို့ ကြိုးစားနေကြပြီ။ တစ်နှစ်တာ သင်ယူလေ့လာ ကျက်မှတ်ခဲ့သမျှ ဘာသာရပ်အလိုက် သင်ခန်းစာများကို ကျောင်းသား ကျောင်းသူ တို့ မည်မျှနားလည် တတ်မြောက်ခဲ့ပြီ လဲဟူသည်ကို မကြာမီ ကျင်းပတော့မည့် စာမေးပွဲက ဆန်းစစ်မှာ ဖြစ်ရာ ယခုအချိန် ကာလသည် မိမိတို့တစ်ဦးချင်းဆီတွင် လိုအပ်နေသည့် အားနည်းချက်များကို ဖြည့်ဆည်းနိုင်သည့် အချိန်ပင်ဖြစ်သည်။

Subscribe to မြန်မာ့အလင်း