Skip to main content

ပြောင်းလဲတိုးတက်နေသော နယူးမီဒီယာခေတ်

ဒီတစ်ခေါက် တရုတ်ပြည်လေ့လာရေးခရီးစဉ်အတွင်း လေ့လာသိရှိသမျှတွေထဲမှာ မီဒီယာအကြောင်းလည်းပါပါတယ်။ မီဒီယာတွေနဲ့ပတ်သက်လို့ ပြောကြ၊ ဆိုကြတဲ့အထဲမှာ နယူးမီဒီယာကတော့ ဘုံစကားလို့တောင် ပြောရတော့မှာပဲ။ ဟိုသတင်းစာတိုက်ကလည်း နယူးမီဒီယာ၊ ဒီသတင်းစာ တိုက်ရောက်ပြန် တော့လည်း နယူးမီဒီယာ၊ နယူးမီဒီယာအကြောင်း ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြပြီကိုး။ ဒါဖြင့် နယူးမီဒီယာဆိုတာဘာလဲ၊ ဘာ‌ကြောင့် နယူးမီဒီယာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာကြတာလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားရမယ့် ကိစ္စတစ်ခု ဖြစ်လာပါတယ်။

အာဆီယံ မီဒီယာ မိတ်ဖက်များ ဖိုရမ် အမှတ်တရ

၂၀၂၂ ခုနှစ် သြဂုတ်လကုန်ပိုင်း နေ့ရက်တစ်ရက်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ အခြေစိုက်တဲ့ နိုင်ငံပိုင် မီဒီယာကြီး တစ်ခုဖြစ်တဲ့ China Media Group မှ တာဝန်ရှိသူ တစ်ဦးက မကြာမီ တရုတ်နိုင်ငံ ကွမ်ရှီကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​​ဒေသ နန်နင်းမြို့မှာ ကျင်းပမယ့် The 2022 ASEAN Media Partners Forum ကို တက်ရောက်ဖို့ အွန်လိုင်းမှ ကြိုတင် ဖိတ်ကြားတာနဲ့အတူ စာရေးသူထံ ဖိတ်စာ ရောက်ရှိလာ ပါတယ်။ ဖိတ်စာအရ အဆိုပါဖိုရမ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပမယ်လို့ သိရပါတယ်။

သတင်းဌာန ၅ ခုအား ထုတ်ဝေခြင်းလုပ်ငန်းများ ပိတ်သိမ်းကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်

ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်အမှတ်(၁/၂၀၂၁)ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။
Subscribe to မီဒီယာ