ကျန်းမာရေးသူရဲကောင်းကြီးများထံသို့ အိတ်ဖွင့်ပေးစာ
ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ပေးကြသူတွေဖြစ်တဲ့ ဆရာဝန်တွေနဲ့ သူနာပြု အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ CDM လုပ်ကုန်ကြပြီတဲ့။ ဝမ်းနည်းလိုက်တာဖြစ်ခြင်း။ အိမ်မှာရှိနေတဲ့သက်ကြီးရွယ်အိုနဲ့ လူမမည်တွေပါဝင်တဲ့ မိသားစုအတွက်လည်း စိတ်ပူမိသလို လက်ရှိမှာ အမြစ်မပြတ်နိုင်သေးတဲ့ ကိုဗစ်-၁၉ ရောဂါအတွက်လည်း ကျန်းမာရေး ဝန်ထမ်းတွေကိုပဲ အဓိကအားကိုးနေရတဲ့ ပြည်သူတစ်ဦးအနေနဲ့ အပူလုံးကြွမိတာပါ။ မိမိတို့လိုပဲ အခြားသော ပြည်သူအားလုံးကလည်း ပြသခွင့်မရတော့တဲ့ ဆေးရုံတွေ၊ ဆရာဝန်မရှိတော့တဲ့ တိုက်နယ် ဆေးရုံလေးတွေ၊ ပိတ်လိုက်ရတဲ့ ကိုဗစ်-၁၉ ကုသရေးစင်တာတွေကိုကြည့်ရင်း ဝမ်းနည်းမဆုံး ဖြစ်နေကြမယ်လို့ ယုံကြည်ပါတယ်။