(၁၅-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၆-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၃,၁၀၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၂၃၃) ဦး တွေ့ရှိရပါသည်။
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှုဆိုင်ရာ အရှိန်အဟုန် မြှင့် ဆောင်ရွက် နိုင်ရေး ညှိနှိုင်းဆွေးနွေး
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင် အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီ စောင့်ရှောက် ရေးကော်မတီ (KHCC)တို့၏ စတုတ္ထအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO)၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ (INGO)၊ အရပ်ဖက်အဖွဲ့အစည်းများ(CSO)၊ ကဏ္ဍခွဲ အလိုက် လုပ်ငန်းအဖွဲ့များ (SSWG) တို့နှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP) (2021-2030) ရေးဆွဲရေးအတွက် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO)၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO)၊ အရပ်ဖက်အဖွဲ့အစည်းများ(CSO)၊ ကဏ္ဍခွဲ အလိုက်လုပ်ငန်းအဖွဲ့များ (SSWG) တို့နှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) မှ အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) သည် ၂၀၁၂ ခုနှစ်က ဆောင်ရွက်ခဲ့သည့် ဘက်စုံလွမ်းခြုံနိုင်သောပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (The Comprehensive Education Sector Review - CESR) နှင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) တို့၏ အဆက်ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးမှုပန်းတိုင် (SDG-4)၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက် ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)၊ OECD’s Learning Compass (2030), ယူနက်စကို၏ Future of Education (2030) တို့နှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက် ရခြင်းဖြစ်သည့်အတွက် အကောင်အထည်ဖော်ဆောင်ရွက် သည့် ကာလမှာ ၁၀ နှစ်ဖြစ်ပါကြောင်း၊ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)ရေးဆွဲရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ ယနေ့ကျင်းပ သော အစည်းအဝေးသည် ၁၅ ကြိမ်မြောက် အစည်း အဝေးဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲတွင် Power Point ဖြင့် တင်ပြနိုင်ရေးအတွက် မဟာဗျူဟာ (Strategies) နှင့် လုပ်ငန်းအစီအစဉ် (Components) များကို ရေးဆွဲပြုစု ပေးကြပါသော နိုင်ငံတကာအကြံပေးပညာရှင်များနှင့် ပြည်တွင်း ပြည်ပ အကြံပေးပညာရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ မူကြမ်းရေးဆွဲရေးအဖွဲ့များ၊ ပူးပေါင်းဆောင်ရွက်သူများအားလုံးနှင့် အစည်းအဝေးသို့ တက်ရောက် လာသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ကဏ္ဍခွဲအလိုက်လုပ်ငန်းအဖွဲ့ တို့မှ တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်ရှိပါကြောင်း၊ COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ အခြေခံပညာကျောင်းများ၊ နည်းပညာနှင့်သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များ ဘေးကင်းလုံခြုံ၍ ကျန်းမာပျော်ရွှင်သော အရည်အသွေးရှိ တစ်သက်တာသင်ယူမှု ဝန်းကျင် ကောင်းများဖြစ်ရန် လိုအပ်လာပါကြောင်း၊ အရည်အသွေးရှိပညာရေးစနစ်ကို စဉ်ဆက်မပြတ် သင်ယူနိုင်ရေးနှင့် အထူးသဖြင့် တိုင်းရင်းသားဒေသများ၊ ဝေးလံခေါင်ဖျားဒေသများ၊ ဖွံ့ဖြိုးမှုအားနည်းသော ဒေသများရှိ ကျောင်းသူ ကျောင်းသားများ သင်ယူနိုင်ရေးကိုလည်း ပညာရေးဝန်ကြီးဌာနက ဦးစားပေးပါကြောင်း၊ ယနေ့ ခေတ် ကာလတွင် ဒီဂျစ်တယ်နည်းပညာဖြင့် လေ့လာသင်ယူမှုကို အားပြုဆောင်ရွက်လာရသည်ဖြစ်ရာ High-Tech Learning နှင့် High-Touch Learning တို့ကို အသုံးပြုကာ ပေါင်းစပ်သင်ယူမှုပုံစံ (Blended Learning) ဖြင့် ပြည်ထောင်စုကြီး အတွင်း နေထိုင်သူများအားလုံး၊ ကျောင်းသူ ကျောင်းသားများ၊ သင်ယူသူများ၊ တစ်သက်တာလေ့လာ သူများ ၂၁ ရာစုကျွမ်း ကျင်မှုနှင့်အရည်အသွေးများ ရရှိစေရန် အာမခံနိုင်သည့် အရည်အသွေးရှိသော ကျောင်းများ၊ အဖွဲ့အစည်းများ၊ တက္ကသိုလ်များ ဖြစ်အောင် ပူးပေါင်းဆောင်ရွက် ပေးကြ ပါရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားပါသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ အတွင်း အလုပ် သမားရေးရာဆိုင်ရာ ဆောင်ရွက်ချက်များ
နိုင်ငံတော်၏ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကိုတစ်ဖက်တစ်လမ်းမှအထောက်အကူပြုရာတွင်စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်း သာယာ ရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ရရှိရေးနှင့် ဆေးဝါးကုသ ပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့် ဝဝမှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေး လျှက်ရှိ သည်။
ရာသီဥတုပြောင်းလဲမှုတုံ့ပြန်ရေးတွင်ပါဝင်
ကုလသမဂ္ဂ၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ချီလီနှင့်အီတလီတို့နှင့် မိတ်ဖက် ပူးပေါင်း၍ ပါရီသဘော တူညီချက် (၅) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အဖြစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပခဲ့သည့် climate Ambition Summit ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ်ပြောကြားပြီး ရာသီဥတုပြောင်းလဲမှု ကို တုံ့ပြန်ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံ၏ ကတိကဝတ်များကို ကြေညာ ခဲ့သည်။