Skip to main content

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO)၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ (INGO)၊ အရပ်ဖက်အဖွဲ့အစည်းများ(CSO)၊ ကဏ္ဍခွဲ အလိုက် လုပ်ငန်းအဖွဲ့များ (SSWG) တို့နှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၆


အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP) (2021-2030) ရေးဆွဲရေးအတွက် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO)၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO)၊ အရပ်ဖက်အဖွဲ့အစည်းများ(CSO)၊ ကဏ္ဍခွဲ အလိုက်လုပ်ငန်းအဖွဲ့များ (SSWG) တို့နှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) မှ အွန်လိုင်း စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) သည် ၂၀၁၂ ခုနှစ်က ဆောင်ရွက်ခဲ့သည့် ဘက်စုံလွမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (The Comprehensive Education Sector Review - CESR) နှင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) တို့၏ အဆက်ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ ခိုင်မြဲ သော ဖွံ့ဖြိုးမှုပန်းတိုင် (SDG-4)၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက် ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP)၊ OECD’s Learning Compass (2030), ယူနက်စကို၏ Future of Education (2030) တို့နှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက် ရခြင်းဖြစ်သည့်အတွက် အကောင်အထည်ဖော်ဆောင်ရွက် သည့် ကာလမှာ ၁၀ နှစ်ဖြစ်ပါကြောင်း၊ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေး အတွက် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ ယနေ့ကျင်းပ သော အစည်းအဝေးသည် ၁၅ ကြိမ်မြောက် အစည်း အဝေးဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲတွင် Power Point ဖြင့် တင်ပြနိုင်ရေးအတွက် မဟာဗျူဟာ (Strategies) နှင့် လုပ်ငန်းအစီအစဉ် (Components) များကို ရေးဆွဲပြုစု ပေးကြပါသော နိုင်ငံတကာအကြံပေးပညာရှင်များနှင့် ပြည်တွင်း ပြည်ပ အကြံပေးပညာရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ မူကြမ်းရေးဆွဲရေးအဖွဲ့များ၊ ပူးပေါင်းဆောင်ရွက်သူများအားလုံးနှင့် အစည်းအဝေးသို့ တက်ရောက် လာသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ကဏ္ဍခွဲအလိုက် လုပ်ငန်းအဖွဲ့ တို့မှ တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်ရှိပါကြောင်း၊ COVID-19 ကပ်ရော‌ဂါဖြစ်ပွားမှုနှင့်အတူ အခြေခံပညာကျောင်းများ၊ နည်းပညာနှင့်သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များ ဘေးကင်းလုံခြုံ၍ ကျန်းမာ ပျော်ရွှင်သော အရည်အသွေးရှိ တစ်သက်တာသင်ယူမှု ဝန်းကျင် ကောင်းများဖြစ်ရန် လိုအပ်လာပါကြောင်း၊ အရည်အသွေးရှိပညာရေးစနစ်ကို စဉ်ဆက်မပြတ် သင်ယူနိုင်ရေးနှင့် အထူးသဖြင့် တိုင်းရင်းသားဒေသများ၊   ဝေးလံခေါင်ဖျားဒေသများ၊ ဖွံ့ဖြိုးမှုအားနည်းသော ဒေသများရှိ ကျောင်းသူ ကျောင်းသားများ သင်ယူနိုင်ရေး ကိုလည်း ပညာရေးဝန်ကြီးဌာနက ဦးစားပေးပါကြောင်း၊ ယနေ့ ခေတ် ကာလတွင်  ဒီဂျစ်တယ်နည်းပညာဖြင့် လေ့လာသင်ယူမှုကို အားပြုဆောင်ရွက်လာရသည်ဖြစ်ရာ High-Tech Learning နှင့် High-Touch Learning တို့ကို အသုံးပြုကာ ပေါင်းစပ်သင်ယူမှုပုံစံ (Blended Learning) ဖြင့် ပြည်ထောင်စုကြီး အတွင်း နေထိုင်သူများအားလုံး၊ ကျောင်းသူ ကျောင်းသားများ၊ သင်ယူသူများ၊ တစ်သက်တာလေ့လာ သူများ ၂၁ ရာစုကျွမ်း ကျင်မှုနှင့်အရည်အသွေးများ ရရှိစေရန် အာမခံနိုင်သည့် အရည်အသွေးရှိသော ကျောင်းများ၊ အဖွဲ့အစည်းများ၊ တက္ကသိုလ်များ ဖြစ်အောင် ပူးပေါင်းဆောင်ရွက် ပေးကြ ပါရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားပါသည်။  
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် များက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်း လုပ်ငန်းစဉ်များ၊ အခြေခံပညာကဏ္ဍ၊ နည်းပညာ နှင့်သက်မွေးပညာကဏ္ဍ၊ အဆင့်မြင့်ပညာ၊ သုတေသနနှင့် ဆန်းသစ် တီထွင်မှုကဏ္ဍတို့ ရေးဆွဲရေး ကိစ္စများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် မေးမြန်းဆွေးနွေး အကြံပြုခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်