နေပြည်တော်၊ ဒီဇင်ဘာ ၁၆
နိုင်ငံတော်၏ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကိုတစ်ဖက်တစ်လမ်းမှအထောက်အကူပြုရာတွင်စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်း သာယာ ရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ရရှိရေးနှင့် ဆေးဝါးကုသ ပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့် ဝဝမှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေး လျှက်ရှိ သည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ပုံစံဖြင့် ကျား (၂၅၀၈) ဦး၊ မ (၄၆၇၃)ဦး တို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း (၇၁၈၁) ဦးချုပ်ဆိုခဲ့သည်။ အလုပ်ရှင်/အလုပ်သမားအငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင်မြို့နယ်ညှိနှိုင်း ဖျန်းဖြေရေးအဖွဲ့များကို ဖွဲ့စည်းထားရှိဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ အတွင်းအခြားဌာနသို့ လွှဲပြောင်းမှု (၁) မှု၊ ကျေအေးမှု (၁၁) မှု၊ ခုံသမာဓိ အဖွဲ့သို့ လွှဲပြောင်းမှု (၂၇) မှု၊ ပိတ်သိမ်းမှု (၁၆) မှု၊ ငွေကြေးအကျိုးခံစားခွင့် (၆၄) မှုနှင့် လက်ကျန် အမှု (၃၃) မှု တို့ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ (၂၀၉) ဦးအား ငွေကျပ် ၈၀,၁၆၄, ၄၃၂ နှင့် US$ ၁၀၆၁ ကိုခံစားခွင့်ရရှိစေခဲ့သည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန အနေဖြင့် အများပြည်သူအလုပ်ပိတ် ရက်အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကိုငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန အနေဖြင့် အများပြည်သူ အလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေး ခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ် သိန်းပေါင်း ၂၆၀၀ ကျော်ကိုခံစား ခွင့်ပေး နိုင်ခဲ့သည်။
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ဖြေရှင်း ဆောင်ရွက် ရာ၌ ခုံသမာဓိအဖွဲ့တွင်(၃၆)မှုနှင့် ခုံသမာဓိကောင်စီတွင်(၁၂)မှုကို ဖြေရှင်းဆောင် ရွက်ပေး နိုင်ခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများဆောင် ရွက်ရာတွင်ငွေကြေး အကျိုးခံ စားခွင့် များထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအားငွေကြေး အကျိုးခံစားခွင့်များအလိုက် ငွေကျပ် သိန်းပေါင်း ၃၀၀၀၀၀ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံ အလုပ်သမား ၃၃၆၀၄ ဦး အတွက် ဆေးဖိုး ကုန်ကျ ငွေကျပ်သိန်း ၂၂၀၀ ကျော် ပြန်လည်ထုတ်ပေးခဲ့ သည်။
အာမခံအလုပ်သမားများအား ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ အတွင်း အလုပ်သမားဆေးရုံ ကြီးများ၊ လူမှုဖူလုံရေး ဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှုအနေဖြင့် အလုပ် သမား ဆေးရုံကြီး (၃)ရုံ (ပြင်ပလူနာ ၄၆၉ ဦး ၊ အတွင်းလူနာ ၃၀၂ ဦး) စုစုပေါင်း - ၇၇၁ ဦး၊ လူမှု ဖူလုံရေးဆေးခန်း(၉၆)ခန်း၊ တိုင်းရင်းဆေးခန်း (၁)ခန်း၊ ဌာနကြီးဆေးခန်း(၅၈)ခန်းနှင့် သားဖွား မီးယပ် (OPD) ဝန်ဆောင်မှုစမ်းသပ် ဆောင်ရွက်ပေး လျက်ရှိသည့် (၅) ခန်း အပါအဝင် PPS စနစ် ဖြင့် ဆောင်ရွက်သည့်ဆေးခန်း (၁၄) ခန်းတို့မှ ဆေးကုသ ပေးမှုအနေဖြင့် စုစုပေါင်း- ၆၉၈၃၅ ဦး ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)