Skip to main content

နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင် စီးပွားရေးအခွင့်အလမ်းတိုးပွား

​​​​​​​ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့ပြည်သူ့အစိုးရတို့ ပူးပေါင်း၍ မြန်မာ(နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ (စတုတ္ထအကြိမ် မြန်မာ (လားရှိုး) – တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေး ကုန်စည်ပြပွဲ)ကို မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်တွင် သုံးရက်ကြာပြုလုပ်ခဲ့သည်။

မင်္ဂလာတရားတော်နှင့်အညီ

​​​​​​​မြန်မာနှစ်သစ်ကူးပြောင်းသည့် သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပြီးနောက် နှစ်သစ်၏ အစအဦးနေ့ဖြစ်သော နှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ ကုသိုလ်ကောင်းမှု အထူးပြုလုပ်ရာ နေ့ထူးနေ့မြတ်ဖြစ်သည်။ မိမိတို့နေထိုင်ရာဒေသများအလိုက် ဘုရားကျောင်းကန် ဇရပ်များတွင် ရှင်းလင်းခြင်း၊ ဘုရားစေတီများကို ရေသပ္ပာယ်ခြင်း၊ ထုံးသင်္ကန်းရွှေသင်္ကန်းများ ကပ်လှူခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ ဥပုသ်သီလစောင့်တည်ခြင်း၊ သက်ကြီးဘိုးဘွားများကို ဦးခေါင်းဆေးလျှော်ခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်းနှင့် ပူဇော်ကန်တော့ခြင်း၊ ဇီဝိတဒါနအဖြစ် သားငှက်တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း၊ စတုဒိသာကျွေးမွေးပေးလှူခြင်း စသည့်ကုသိုလ်ကောင်းမှုတို့ကို နှစ်သစ်အစ နှစ်ဆန်းတစ်ရက် အခါသမယတွင် အထူးတလည်ပြုလုပ်ကြသည်။

အဆင့်မြင့်ပညာရေး ရှေ့ခရီးဆီ

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မတ်လ ၈ ရက်တွင် စတင်ပြီဖြစ်ရာ နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေကြပြီဖြစ်သည်။ ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းဖြေနှင့် ပြင်ပဖြေစာရင်းရှိဦးရေ တစ်သိန်းရှစ်သောင်းခန့်ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ တစ်သိန်းခြောက်သောင်းကျော်ရှိရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၀ ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ကမ္ဘာတစ်ခွင် တွင်ကျယ်လာမည့် လျှပ်စစ်စွမ်းအင်သုံးကားများ

ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်ပေါင်း ၁၀၀ ကျော် သုံးစွဲလာခဲ့သည့် ရုပ်ကြွင်းလောင်စာ စွမ်းအင်သုံးကားများ၏ အနာဂတ်မှာ မှေးမှိန်စပြုနေပြီဖြစ်သည်။ ဒီဇယ်ဆီ၊ ဓာတ်ဆီ စသော လောင်စာဆီများ ထုတ်လုပ်သည့် (Fossil Fuel) ခေါ် ရုပ်ကြွင်းလောင်စာများမှာ ပမာဏအကန့်အသတ်ဖြင့်သာ ရှိနေခြင်းဖြစ်ရာ လာမည့်ဆယ်စုနှစ်ပေါင်း သုံးခုမှ ငါးခုမျှကာလအတွင်း ကုန်ဆုံးသွားတော့မည်ဟု ပညာရှင်များက တွက်ဆထားကြပြီး အခြားသော စွမ်းအင်အရင်းအမြစ်များကို အစားထိုးသုံးစွဲရန် ကြိုးပမ်းနေကြရပြီဖြစ်သည်။ ထို့အပြင် မျက်မှောက်ကမ္ဘာ့ နိုင်ငံရေးအခြေအနေများနှင့် ရုပ်ကြွင်းလောင်စာစွမ်းအင် အကျပ်အတည်းများကလည်း ဒီဇယ်ဆီ၊ ဓာတ်ဆီသုံးမော်တော် ယာဉ်များအစား လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များ ထုတ်လုပ်သုံးစွဲရန် တွန်းအားတစ်ရပ်ဖြစ်လာသည်။

ပညာရည်၊ ဝင်ငွေနှင့် ဆင်းရဲသံသရာမှ လွတ်မြောက်ရေး

နိုင်ငံဖွံ့ဖြိုးရေးတွင် လူသားအရင်းအမြစ် အရည်အသွေးမြင့်မားခြင်းသည် ရုပ်ဝတ္ထုအရင်းအမြစ်နှင့် ဓနအရင်းအမြစ်တို့ထက်ပို၍ အရေးပါသည်ဟု ပညာရှင်များက အလေးအနက် လက်ခံထားကြသည်။ လူသားအရင်းအမြစ်ဆိုသည်မှာ နိုင်ငံအတွင်းရှိ လူများနှင့် ထိုသူတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများ၊ စိတ်ဓာတ်ရေးရာ အခြေအနေများ၊ သဘောထား အယူအဆများကို လွှမ်းခြုံ သတ်မှတ်ထားခြင်းပင်ဖြစ်သည်။ လူသားအရင်းအမြစ်ကို အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်စေပြီး အထိရောက်ဆုံး အသုံးချ နိုင်သော နိုင်ငံများမှာ ဖွံ့ဖြိုးတိုးတက်လာကြသည်။ ။

ကိုဗစ်အန္တရာယ်နှင့် ရန်ကုန်

ရန်ကုန်မြို့၏ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုအခြေအနေ အနိမ့်အမြင့် အတက်အကျ ဇယားကို နိုင်ငံအဝန်းက ရင်ခုန် စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြပါသည်။ ရန်ကုန်က မြန်မာနိုင်ငံ၏ ဗဟိုချက်ကဲ့သို့ဖြစ်နေပြီး အရေးအကြောင်းကြီးငယ်ပေါ်လျှင် အဓိကကျသော ကျန်းမာရေး အစောင့်အရှောက်ကလည်း အခြားဒေသတို့နှင့် နှိုင်းစာလျှင် ပို၍ စုံစုံလင်လင်ရှိ၏။
Subscribe to မြန်မာ့အလင်း,အယ်ဒီတာ့အယ်ဘော်