ဆရာများသို့ အမှတ်တရ
သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောကတို့၏ အတက်၊ အကျ၊ အနိမ့်၊ အမြင့်၊ ပျက်စီးမှု၊ တည်ဆောက်မှု တို့ကို ဖန်တီးနေသူ၊ ဖန်တီးနိုင်သူမှာ လောက၏ ခေါင်းဆောင်လူသားပင် ဖြစ်သည်။ လူသည် အတွေ့ အကြုံကို အခြေခံ၍ ဘဝကို မြှင့်တင်သည်။ တည်ဆောက်သည်။ ကြံဆောင်အားထုတ်သည်။ လက်၊ နှလုံးသား၊ ဦးနှောက်တို့ဖြင့် ဖန်တီးသည်။ တီထွင်သည်။