Skip to main content

ယုံကြည်လုံခြုံစိတ်ချ မဲပေးရေးစနစ်ကျ

ယခုအခါ ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်ဖြစ်သည့် မဲဆန္ဒနယ်ပြင်ပရောက် နေသူများ အနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေမှု အခြေအနေများအရ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ဖွဲ့စည်းထားသော ကြိုတင်ဆန္ဒမဲ ကောက်ယူရေးအဖွဲ့များက အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲ များကိုအောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ကောက်ယူခဲ့ရာ ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ တွင် လုပ်ငန်းများအားလုံး ပြီးစီးပြီ ဖြစ်သည်။ ။

ဆန္ဒမဲပေးရေး ချောမွေ့လုံခြုံအဆင်ပြေ

မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများ စတင်ကျင်းပ နေပြီဟု ဆိုရမည်။ နိုင်ငံရပ်ခြားတိုင်းပြည်များတွင် ပြည်ပရောက် နိုင်ငံသူ၊ နိုင်ငံသားများက မြန်မာနိုင်ငံဆိုင်ရာ သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၏ သတ်မှတ်ထားသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး စည်းကမ်းများနှင့်အညီ ကြိုတင်မဲများ စနစ်တကျပေးနေသည်ကို မြင်တွေ့ နေရသည်။

ရောဂါကင်းဝေးရေး သတိထားလုပ်ကိုင်

ကိုဗစ်-၁၉ ရောဂါသည် ပရိယာယ်မာယာများလှသည်။ ရောဂါ၏ အတိမ်အနက်၊ ရောဂါဖြစ်ပွားမှု ပုံပန်းသဏ္ဌာန် လက္ခဏာကို ခန့်မှန်းရန်မှာ မလွယ်ကူပေ။ အထူးသဖြင့် ရောဂါပိုးရှိသော်လည်း ရောဂါရှိမှန်း မသိနိုင်သည်မှာ အလွန်ဆိုးရွားသောအချက် ဖြစ်သည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ရောဂါပိုးတွေ့လူနာများတွင် ရောဂါလက္ခဏာမပြသသူ ၇၀ ရာခိုင်နှုန်း ကျော်ရှိ ကြောင်း အသိပေးထားသည်။

ဒီမိုကရေစီရှင်သန်ရေးကို မျက်ခြည်မပြတ်

မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပရန် အချိန်တစ်လကျော်ကျော်သာ ကျန်တော့သဖြင့် ပါတီအသီးသီးနှင့် ကိုယ်စားလှယ်အသီးသီး တို့က မဲဆွယ်စည်းရုံးကြရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးထုတ်ပြန် ထားသော လူစုလူဝေးခြင်းဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အချို့ဒေသများ၌ လှုပ်ရှားနေကြသည်ကို တွေ့ရသည်။
Subscribe to ကြေးမုံ,အယ်ဒီတာ့အဘော်