Skip to main content

တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ဖျက်ဆီးမှုမှန်သမျှ တွန်းလှန်ကာကွယ်

တပ်မတော်က နိုင်ငံ့တာဝန်ကို ထိန်းသိမ်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစတင်၍ NLD ပါတီဝင်များ၊ ၎င်းပါတီကို ထောက်ခံသူ နိုင်ငံရေးအစွန်းရောက်များ၊ CRPH အမည်ခံ မတရားအသင်းနှင့် CDM တွင် ပါဝင်သူများ၊ အားပေးအားမြှောက်ပြုလုပ်သူများ၏ လှုံ့ဆော်ပေးမှုများကြောင့် စိတ်ခံစားလွယ်သူ၊ စိတ်ခံစားချက်ပြင်းထန်သူများသည် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

သဘာဝဘေးအန္တရာယ်ကိုလည်း သတိမူ

မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ပြည်သူများ ဆိုးရွားစွာထိခိုက်ခံစား ခဲ့ကြရသည် ကို မမေ့မလျော့ရှိနေကြရမည်ဖြစ်သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း သဘာဝ ဘေးဖြစ်စဉ်မှစ၍ သဘာဝဘေးအမျိုးမျိုးတို့၏ ဆိုးကျိုးများကို ကြုံတွေ့ခဲ့ကြရပြီးဖြစ်ပေသည်။ အကြီးမားဆုံး နာဂစ်မုန်တိုင်းဘေးကြောင့် ဧရာဝတီတိုင်း ဒေသကြီးမှ အခြေခံပြည်သူများ၏ ဒုက္ခဆင်းရဲများ ကို ယနေ့ထက်တိုင် တွေ့မြင် နိုင်သေးသည်။

စုပေါင်းအင်အားဖြင့် အောင်မြင်မှုရယူ

မျက်မှောက်ကာလတွင် စုပေါင်းအင်အားသည်သာ စွမ်းအားဖြစ်ကြောင်း စိန်ခေါ်မှုများအား ကျော်လွှား နိုင်မှုများဖြင့် သက်သေပြနိုင်ခဲ့သည်။ ဤကျော်လွှားနိုင်မှုများသည် လူမှုဘဝစိန်ခေါ်မှုတို့သာ ဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးကြီးပွား တိုးတက်ရေးအတွက် စုပေါင်းအင်အားများမှာ ယခုအခါ လိုအပ်လျက်ရှိသည်။ မျက်မှောက်ကာလ၌ ဝေးလံသောဒေသများသို့ ခရီးသွားသောအခါ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ကောင်းမွန်နေပြီ။ အချို့ ဝေးလံဒေသများ၌ လျှပ်စစ်မီးများ ရရှိနေသည်။

ပြည်သူ၊ သာယာဝပြောမှုနှင့် ငြိမ်းချမ်းရေး

“ပြည်သူ”၊ “သာယာဝပြောမှု”နှင့် “ငြိမ်းချမ်းရေး”သည် ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း၏ ရည်ရွယ်ချက် အဆိုတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နှစ်နိုင်ငံအကျိုးစီးပွားကို လက်တွေ့ဖော်ဆောင်ကြရာ၌ ယင်းကဲ့သို့ အနှစ်သာရ ပြည့်ဝသည့် အမှတ်သညာရည်မှန်းချက်မျိုးကို တွေ့နိုင်ခဲပါသည်။ ကောင်းကျိုး မင်္ဂလာအဖြာဖြာတို့နှင့် ပြည့်ဝစေနိုင်သော နိုင်ငံတော်၏စီမံကိန်းကြီးတစ်ခု လက်တွေ့အစပြု ပေါ်ထွက်လာပြီ ဖြစ်သည်။

စာပေစွမ်းပကားဖြင့် တိုင်းကျိုးပြည်ဆောင်

ပုဂံခေတ် “မြစေတီကျောက်စာ” သည် မြန်မာစာပေသမိုင်းတွင် ရှေးအကျဆုံး မြန်မာစာဖြစ်သည်ဟူသော မှတ်တမ်းအရ မြန်မာစာပေ ထွန်းကားလာ သည်မှာ နှစ်ပေါင်း တစ်ထောင်ခန့်ရှိပြီဖြစ်သည်။ ယင်းမှစ၍ ရှေးအစဉ်အဆက် ထင်ရှားပြောင်မြောက်သည့် မြန်မာစာဆိုများနှင့်စာပေများ ပေါ်ထွန်းလာ သည်တို့ကို ထောက်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံအား မိမိတို့၏ကိုယ်ပိုင်စာပေကို မြတ်နိုးတန်ဖိုးထားသော နိုင်ငံအဖြစ် ဂုဏ်ယူဖွယ်ရာ ရှုမြင်ခံစား ရမည်ဖြစ်ပါ သည်။

အကောင်းဆုံးကာကွယ်ထိန်းချုပ်ကြပါစို့

ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားနေသောကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်စေသည့် ပိုးရှိလူနာများနှင့် ထိတွေ့ထားသောသူများအား ရှာဖွေဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းစဉ်များကို ထိန်းချုပ်ရေးလုပ်ငန်းစဉ် နည်းဗျူဟာအဖြစ် တင်းတင်းကျပ်ကျပ် ထိထိရောက်ရောက် ဆောင်ရွက်နေသည်။ ပိုးတွေ့လူနာများကိုလည်း ဆေးရုံများတွင်ထားရှိပြီး ရောဂါပျောက်ကင်း သက်သာအောင် အလေးထား ဆောင်ရွက်ပေးနေသည်။

နိုင်ငံတော်ကအားပေး စိတ်ခွန်အားတိုးပွား

“အို၊ နာ၊ သေ ́ဘေးသည် တရားတော်အရ လူတိုင်းလူတိုင်း မလွဲမသွေရင်ဆိုင် ကြုံတွေ့ရမည့် သဘောတရားဖြစ်သည်။ အိုခြင်း၊ နာခြင်း၊ သေခြင်းဘေးကို မည်သူမျှ မရှောင်လွှဲနိုင်ပါပေ။ အိုခြင်း၊ နာခြင်း၊ သေခြင်း ဤသုံးမျိုး၏ အဓိက လက်သည်ဖြစ်သည့် နာခြင်းသည် အနာရောဂါ အမျိုးမျိုးဖြင့် လူတို့ဘဝကို အဆုံးသတ်အောင် ကြိုးပမ်းလေသည်။

လမ်းညွှန်ချက်များကို တိကျစွာလိုက်နာ

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး နိုင်ငံအတွင်း ရောဂါပြန့်ပွားမှုအခြေ အနေနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စက်တင်ဘာလ ၁၅ ရက်နေ့က ပြည်သူများသို့ အစီရင်ခံ တင်ပြခဲ့သည်။ “ဒီအချိန်မှာ ကျွန်မဒါတွေကို တင်ပြတာက ပြည်သူတွေ စိုးရိမ်လွန်ဖို့ မဟုတ်ပါဘူး။ တရားခံ ရှာဖို့လည်း မဟုတ်ပါဘူး။ အားလုံးပူးပေါင်း ဆောင်ရွက်ပြီးတော့ ဒီစိန်ခေါ်မှုကို ကျော်လွှားဖို့ဖြစ်ပါတယ်။ ရခိုင်မှာဆိုရင် အရင်လက တော်တော်စိုးရိမ်ရပါတယ်။ အခုချိန်မှာ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လို့ ရသွားပြီလို့ ကျွန်မတို့ပြောနိုင်ပါတယ်။ ဒါကလည်း ပူးပေါင်းဆောင်ရွက်မှုကြောင့်ပါပဲ” ဟု ပြောကြားခဲ့သည်။
Subscribe to "ကြေးမုံ,အယ်ဒီတာ့အာဘော်