Skip to main content

မြန်မာ့အမွေအနှစ်၊ ကမ္ဘာ့အမွေအနှစ် ထာဝစဉ်တည်တံ့ရစ်စေရေး

ယခုနှစ်မေလအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရှေးဟောင်းဘုရားနှင့် အဆောက်အအုံအချို့တို့တွင် ရေဝင်ရောက်မှုနှင့် ထိခိုက်ပျက်စီးမှုများ အနည်းငယ်ဖြစ်ပေါ်ခဲ့သည်။ သက်တမ်းနှစ်ပေါင်း ၁၀၀၀  ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော ရှေးဟောင်းစေတီပုထိုး၊ ဂူကျောင်းအဆောက်အအုံများစွာတို့မှာ ခေတ်အဆက်ဆက်မှ လူသားတို့၏ ပယောဂများနှင့် ရာသီဥတုဒဏ်၊ သဘာဝဘေးအန္တရာယ်များကြောင့် မူလတည်ရှိခဲ့သော အရေအတွက်၏ ထက်ဝက်ခန့် လျော့နည်းသွားခဲ့ပြီဖြစ်သည်။

လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် နိုင်ငံအတွက် အကြီးမားဆုံးစိန်ခေါ်မှု

မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လိုအပ်ချက်တစ်ရပ်မှာ လျှပ်စစ်ဓာတ်အားဖြစ်သည်။ နိုင်ငံ့စီးပွားရေးတွင် အဓိကမောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ နိုင်ငံတစ်ဝန်း၌ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲနှင့် ဒေသအသီးသီးမှ လုပ်ငန်းရှင်များ‌ တွေ့ဆုံကြရာတွင် တူညီသော တောင်းဆိုမှုတစ်ခုမှာ လျှပ်စစ်ဓာတ်အား အလုံအလောက်ရရှိရေးဖြစ်သည်ကို သတိပြုမိသည်။
Subscribe to မြန်မာ့အလင်း,အယ်ဒီးတာ့အာဘော်