Skip to main content

အမိန့်စည်းကမ်းများကို အလေးထားလိုက်နာ

မြန်မာနိုင်ငံတွင် သြဂုတ်လ ၃၁ ရက် ညပိုင်းနှင့် စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း နောက်ဆုံးဓာတ်ခွဲစစ်ဆေးချက်များအရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူဦးရေ ၁၀၀ ပေါ်ထွက်ခဲ့ပြီး အတည်ပြုလူနာ စံချိန်ကျိုးခဲ့ပါသည်။ ထို ၁၀၀ ထဲတွင် ၁၈ ဦးသည် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်နှင့် ပြည်ပခရီးသွား ရာဇဝင်မရှိသူများ၊ ပိုးတွေ့ အတည်ပြုလူနာနှင့် ထိတွေ့မှု မရှိသူများ ဖြစ်နေသည်။

မှန်ကန်မှုဖြင့် စည်းလုံးညီညွတ်မှုဆောင်

မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ စည်းလုံးညီညွတ်ရေးသည် မြန်မာနိုင်ငံအတွက် အစဉ်အမြဲ လိုအပ်နေသောအရာ ဖြစ်သည်။ မတူကွဲပြားသောဒေသများအကြား စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာ လာစေရန်အတွက် လိုအပ်ချက်များကို အဘက်ဘက်က ဖြည့်ဆည်းပေးနေသော်လည်း ယုံကြည်မှု နည်းပါးသူများ၊ အစွန်းထွက် အမြင်ရှိသူများ၏ အပြုသဘော မဆောင်ကွဲလွဲမှုများကြောင့် စည်းလုံး ညီညွတ်မှုကို လျော့ပါးစေပါသည်။

ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်ကို သတိမူ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးတွေ့ရှိမှု အခြေအနေမှာ ဩဂုတ် ၁၅ ရက်နေ့က ၃၇၄ ဦးရှိရာမှ သြဂုတ် ၂၄ ရက်နေ့တွင် ၄၇၄ ဦး ရှိလာသည်။ တစ်ပတ်ကျော်ကာလအတွင်း ရောဂါပိုး တွေ့ရှိသူများ တိုးလာသည်မှာ နိုင်ငံ၏ ပကတိအနေအထားနှင့် လူဦးရေအရ ကူးစက်မှုမြန်နေသည်ဟု ဆိုရမည်ဖြစ်သည်။ အမှန်တွင် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့သည်။

ဒီမိုကရေစီစံနှုန်းနှင့် ရွေးကောက်ပွဲပြင်ဆင်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြုလုပ်ရန် ရက်ပေါင်း ၇၀ ကျော်သာလိုတော့သည်။ နိုင်ငံအတွက် အရေးကြီးသော ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၁၀ တွင် တစ်ကြိမ်၊ ၂၀၁၅ တွင် တစ်ကြိမ် နှစ်ကြိမ်ကျင်းပခဲ့ပြီး ယခု တတိယအကြိမ်အဖြစ် ပြုလုပ်တော့မည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ရရှိထားသော ရွေးကောက်ပွဲအတွေ့အကြုံများနှင့်အညီ ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်တော့မည်ဖြစ်သည်။

ပြည်ထောင်စုအိမ်မက်ကို ပုံဖော်လျှောက်လှမ်း

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး စတင်ကျင်းပနေပြီ ဖြစ်သည်။ အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှ ငြိမ်းချမ်းရေးကို ဦးထိပ်ထားသည့် သန္နိဋ္ဌာန်စိတ်ဖြင့် ရှေ့သို့ဆက်လှမ်းနိုင်ရန် အားလုံးကြိုးပမ်းဆောင်ရွက်နေကြပြီ။ (၂၁)ရာစု ပင်လုံတွင် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဆန့်ကျင်ခြင်းမရှိစေဘဲ ပြည်နယ်များ၏ ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲခွင့်ကို အားလုံးသဘောတူညီကြသည်။ ရှေ့မတိုး၊ နောက်မဆုတ် အနေအထားဖြင့် လိပ်ခဲတည်းလည်းဖြစ်ခဲ့ရသည့် တစ်ဆို့မှုများကိုလည်း ကျော်လွှားနိုင်ခဲ့သည်။ ဆက်လက်ဆွေးနွေးရဦးမည့် အချက်များနှင့်ပတ်သက်၍ မကြာမီကာလ တွင် ပြေလည်အောင်မြင်သွား လိမ့်မည်ဟု ရှုမြင်ပါသည်။

ဂုဏ်ယူဖွယ် မြန်မာ့ရုပ်ရှင်အနုပညာ

မြန်မာ့ရုပ်ရှင်သည် ရုပ်ရှင်ခေတ်ဦးကာလကတည်းက အနုပညာရသ မြောက်အောင် စွမ်းဆောင် ဖန်တီးနိုင်သောကြောင့် ပြည်တွင်းနယ်ပယ် တွင် သာမက ပြည်ပနယ်ပယ်များသို့ပါ ထိုးဖောက်နိုင်စွမ်း ရှိခဲ့သည်။ ရုပ်ရှင် ဇာတ်လမ်းဇာတ်ကွက်များသည် ခေတ်ကို ထင်ဟပ်ပေါ်လွင် စေသည်။ အနုပညာရှင် များ၏ ဖန်တီးမှုများသည် ဘဝနှင့်ခေတ်ကို တစ်ထပ်တည်းကျစေသည်။ ထို့ကြောင့် အနုပညာ ဂုဏ်မြောက်၍ ထိုးဖောက်အောင်မြင် ခဲ့သည်တို့ကို တွေ့ရမည် ဖြစ်သည်။

ပြည်ထောင်စုအိပ်မက်ကို ကြိုးပမ်းပုံဖော်

မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးခရီးကို ခက်ခဲကြမ်းတမ်းစွာ လျှောက်လှမ်းနေရဆဲဖြစ်သည်။ ပြည်သူ့အစိုးရ နိုင်ငံတော်ကိုတာဝန်ယူသောကာလတွင် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် အဓိကကျသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံအစည်းအဝေးကို သုံးကြိမ်ကျင်းပနိုင်ခဲ့သည်။ မကြာမီရက်ပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္တအစည်းအဝေးကို ထပ်မံကျင်းပတော့မည်ဖြစ်သည်။

ကိုယ်ကျန်းမာစိတ်ချမ်းသာမှု ကိုယ်တိုင်ပြု

လူ့ဘဝသက်တမ်းတစ်ခုသည် ခဏတာမျှဖြစ်သည်။ တစ်နည်းဆိုလျှင် လူ့ဘဝသည် အလွန်တိုတောင်းလှသည်။ ရက်၊ လ၊ နှစ်တို့သည် တရွေ့ရွေ့ အလျင်အမြန်ကုန်ဆုံးနေရာတွင် ကိုဗစ်-၁၉ ရောဂါဘေးနှင့်ကြုံတွေ့နေကြရသည်။ လက်ရှိတွင် ကိုဗစ်-၁၉ရောဂါရိုက်ခတ်မှုဒဏ်သည် ပြင်းထန်ဆဲဖြစ်ပြီး အန္တရာယ်ဆိုးဆိုးရွားရွား မကျရောက်လာစေရေးအတွက် အထူးသတိထား ဆောင်ရွက်နေရသည်။
Subscribe to ကြေးမုံ, အယ်ဒီတာ့အာဘော်