Skip to main content

အစဉ်ထာဝစဉ်မမေ့နိုင်သည့် နိုင်ငံပြုဗိသုကာ

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို လေးကြိမ်တိုင်တိုင် စုစည်းတည်ထောင်ခဲ့ရသည်ဟု သမိုင်းမော်ကွန်းရေးထိုးထားသည်။ ပထမမြန်မာနိုင်ငံတော်ကိုပုဂံခေတ်တွင် အနော်ရထာဘုရင် မင်းမြတ်ကလည်းကောင်း၊ ဒုတိယမြန်မာနိုင်ငံတော်ကို တောင်ငူခေတ်တွင် ဘုရင့်နောင်ကျော်ထင်နော်ရထာကလည်းကောင်း၊ တတိယမြန်မာနိုင်ငံတော်ကို ကုန်းဘောင်ခေတ်တွင် အလောင်းမင်းတရားဦးအောင်ဇေယျကလည်းကောင်း အခိုင်အမာစုစည်းတည်ထောင်ခဲ့ကြသည်။

နိုင်ငံတော်နှင့် ပြည်သူအပေါ် အစဉ်ထာဝရ အလုပ်အကျွေးပြု ပေးဆပ်နေသည့် တပ်မတော်

နိုင်ငံတိုင်းတွင် တစ်ခုတည်းသော တပ်မတော်တစ်ရပ်ရှိသည်။ တပ်မတော်တိုင်းသည် မိမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ တပ်မတော်၏ အဓိက တာဝန်မှာ ကာကွယ်ရေးတာဝန်ဖြစ်သည်။ တိုင်းပြည်တစ်ပြည်၌ လူမျိုး၊ နယ်ပယ်၊ အစိုးရ၊ အချုပ်အခြာအာဏာဟူသည့် အင်္ဂါရပ်လေးခုရှိရာ ထိုအင်္ဂါရပ်လေးခုကို ထိပါးလာသည့် အန္တရာယ်ဟူသမျှအား တပ်မတော်သည် ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည်။

ချစ်ခင်စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုကိုတည်ဆောက်

အချုပ်အခြာအာဏာပိုင်ဆိုင် လွတ်လပ်သောနိုင်ငံအဖြစ် အခြေခိုင်စွာ ရပ်တည်နိုင်ရန်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလက နိုင်ငံကိုလွတ်လပ်စေလိုသော၊ နိုင်ငံကိုကောင်းစားစေလိုသော၊ နိုင်ငံကိုချစ်မြတ်နိုးသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်တွင် မရှိမဖြစ်လိုအပ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပင်လုံညီလာခံတွင် အမိအရတည်ဆောက်ခဲ့သည်။

နားမယောင်လေနဲ့…

မြန်မာပြည်မှာ လူမှုကွန်ရက်ယဉ်ကျေးမှုတစ်ရပ် ပေါ်ပေါက်လာတာဟာ ကောင်းသလား၊ မကောင်းဘူးလားလို့ စာရေးသူကို မေးရင်တော့ ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာရယ်လို့ပဲ ဆိုရမယ်ဗျ။ ဉာဏ်ပညာနဲ့ယှဉ်ပြီး အသုံးမပြုတတ်တော့ ကောင်းကျိုးက နည်းနည်း ဆိုးကျိုးက ပိုများနေသလားလို့ပါ။

ထိရောက်သည့် အခွန်စနစ်တစ်ခု ပေါ်ပေါက်လာရေး

မိသားစုတစ်စု ဘဝရပ်တည်နိုင်ရေးအတွက် အခြေခံကုန်ကျစရိတ်များဖြစ်သော စားဝတ်နေရေး စရိတ်သာမက လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စရိတ်များကိုလည်း ကျခံသုံးစွဲရပါသည်။ ထိုအသုံးစရိတ်များအား ကျခံသုံးစွဲနိုင်ရန် မိသားစုအတွက် ပုံမှန်သုံးစွဲသည့်အသုံးစရိတ်နှင့် လိုက်ဖက်ညီသည့်ပုံမှန်ဝင်ငွေရှိရန် လိုအပ်ပါသည်။ အကယ်၍ ထိုမိသားစုအနေဖြင့် ပုံမှန်ဝင်ငွေမရှိခဲ့ပါက ကုန်ကျစရိတ်များအတွက် မည်သည့်နည်းလမ်းများဖြင့် ဖြေရှင်းလေ့ ရှိကြပါသနည်း။ ပုံမှန်ကျင့်သုံးသည့်နည်းလမ်းများမှာ အသုံးစရိတ်ကို ချွေတာသုံးစွဲခြင်း၊ ရင်းနှီးသူများထံမှ အတိုးမဲ့ သို့မဟုတ် အတိုးဖြင့်ချေး ငှားခြင်း၊ မိသားစုပိုင်ပစ္စည်းအချို့ကို ထုခွဲရောင်းချခြင်း စသည့်နည်းလမ်းများဖြင့်သာ ဖြေရှင်းကြမည်ဖြစ်ပါသည်။
Subscribe to ဆောင်းပါး