Cloud စနစ်ဆိုသည်မှာ
ယခုအချိန်အခါတွင် IT နည်းပညာ တိုးတက်လာသည်နှင့်အမျှ အဖွဲ့အစည်းအသီးသီးက အကျိုးအမြတ် များများ ရရှိရန်၊ လုံခြုံစိတ်ချမှုရှိစေရန်နှင့် IT ပိုင်းဆိုင်ရာအတွက် ကုန်ကျစရိတ်များ သက်သာလာစေရန် ခေတ်နှင့်အညီ Cloud နည်းပညာကို အားထားလာကြပါသည်။ Cloud Computing နည်းပညာများ စတင်ခေတ်စားလာသည်မှာ ၂၀ ရာစုနောက်ပိုင်းကာလများတွင်ဖြစ်ပြီး IBM၊ Amazon၊ Google၊ Microsoft အစရှိသည့် ကုမ္ပဏီများက စတင် လာခဲ့ကြောင်း သိရသည်။ Cloud Computing နည်းပညာ သည် အင်တာနက်အသုံးပြု၍ မိမိတို့၏ အချက်အလက် ဒေတာများ သိမ်းဆည်းထားပြီး လိုအပ်သည့်အချိန်တွင် အလွယ်တကူ ပြန်လည်ထုတ်ယူအသုံးပြုနိုင်ခြင်း၊ Application များ အသုံးပြုမည်ဆိုပါကလည်း Cloud-base