Sep 22, 2020
မြန်မာနိုင်ငံ၌ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး၌ ယခု ရက်ပိုင်း တွင် ကိုဗစ်ရောဂါ ပြန့်ပွားကူး စက်မှု တိုးလာ၏။ ဓာတ်ခွဲအတည်ပြု ပိုးရှိသူအရေအတွက် များပြားလာ၏။ ထို့ကြောင့် စက်တင်ဘာ လ ၂၁ ရက်နေ့ နံနက် ၈ နာရီမှစ၍ ကိုကိုးကျွန်းမှအပ ရန်ကုန်တိုင်း ဒေသကြီးတစ်ခုလုံးရှိ မြို့နယ် တိုင်း အိမ်မှာသာနေထိုင်ကြရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ကြေညာချက်ထုတ် လိုက်ပါသည်။ ။
Sep 20, 2020
ဒီမိုကရေစီနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ဒင်္ဂါးပြား တစ်ခု၏ ခေါင်းနှင့်ပန်းဟု တင်စားလေ့ရှိ၏။ ဒီမိုကရေစီမရှိလျှင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် မရှိ။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် မရှိဘူးဆိုလျှင် ဒီမိုကရေစီရှိသည်ဟု မဆိုနိုင်၊
Sep 20, 2020
မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၉ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၄၀၃ ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့ အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၄၈၇၀ ဦးရှိသွားပြီဖြစ်သည်။ ရောဂါပိုးတွေ့ရှိသူ ၄၈၇၀ ဦးအနက် သေဆုံးသူ ၈၁ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၁၁၈၈ ဦးနှင့် စောင့်ကြည့်လူနာအသစ် ၃၂၈ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။
Sep 17, 2020
ကိုရိုနာဗိုင်းရပ်စ်ပိုး အတည်ပြုလူနာများကို ရန်ကုန်မြို့တွင် နေ့စဉ်ရာဂဏန်းချီ၍ တွေ့ရှိနေ သည်။ ပိုးတွေ့လူနာများ နေ့စဉ်နှင့်အမျှ တိုးလာသည်နှင့် လူနာများ အား ပြုစုကုသရန် ဆေးရုံများ လိုအပ်လာသည်။ ဆေးရုံသာမက ကျန်းမာရေးဆိုင်ရာ ပညာရှင်များ၊ ဆေးဝါး အထောက်အကူပြုပစ္စည်းများပါ လိုအပ်လာသည်။ ထိုစိန်ခေါ်မှုမှာ ကြီးမားပြီး ယင်းကို ကျော်လွှားနိုင်အောင် ခိုင်မာသောစိတ်ဓာတ်ဖြင့် ကြိုးပမ်းနေကြသည်ကို တွေ့ရသည်။
Sep 17, 2020
မြန်မာနိုင်ငံရှိ ပြည်သူလူထု နေ့နေ့ညည နားစွင့်နေသည့် သတင်းမှာ ကိုဗစ် - ၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာစာရင်းဟု ဆိုရမည်။ လူနာတိုးမြင့်လာသည့် ကိန်းဂဏန်း၊ သေဆုံးသူ အရေအတွက်၊ ရောဂါ ပျောက်ကင်းသူဦးရေ စသည့်ဇယားတို့ကို စိတ်ဝင်တစားဖြင့် စောင့်မျှော်နေကြ၏။
Sep 15, 2020
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု တစ်ကျော့ပြန်ဝင်လာသည့် အရှိန်အဟုန်သည် ယခင် ကြုံဖူးသည်နှင့်မတူ။ ချက်ချင်းဆိုသလို ရက်ပိုင်းအတွင်းမှာပင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာဦးရေက သုံးထောင် ကျော်သွားခဲ့သည်။ တိမ်းပါးသွားရသူ အရေအတွက်လည်း မြင့်မားလာသည်ကို တွေ့ရ၏။ နေ့စဉ်နေ့စဉ် ပိုးတွေ့လူနာ အရေအတွက်က ရာဂဏန်း တိုးလာနေခြင်းဖြစ်၏။ နိုင်ငံတကာဖြစ်စဉ်များနှင့် နှိုင်းယှဉ် လျှင် ပိုးပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်နေသေးသည့်အတွက် အများပြည်သူတို့အနေဖြင့် အလွန်အကျွံ ပူပန်စိုးရိမ်မှုဖြင့် တုံ့ပြန်ကြရန် မလိုအပ်သော်လည်း သတိပြု ဂရုစိုက်မှုတော့ များစွာ တိုးမြင့် လုပ်ဆောင် ကြရန် လိုပါလိမ့်မည်။
Sep 15, 2020
ရန်ကုန်သည် ကိုဗစ်-၁၉ ပိုးတွေ့လူနာအများဆုံး ဖြစ်ပေါ်နေသည့် ဒေသဖြစ်၍ မကြာသေးမီရက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပေါင်းစည်းညှိနှိုင်းရေးကော်မတီကိုဖွဲ့စည်းကာ နေ့စဉ်တိုးပွားနေသော ပိုးတွေ့ လူနာများအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက် နေကြသည်။
Sep 14, 2020
တစ်နေ့တခြား ကူးစက်ဖြစ်ပွားမှု များပြားလာသည့် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကြိုးစားဆောင်ရွက်လျက် ရှိသည်။ ကူးစက်ဖြစ်ပွားမှု များပြား လာသည်နှင့်အမျှ ကိုဗစ်-၁၉လူနာများအား စေတနာပြည့်ဝစွာ ဖြင့် ကုသမှုပေးနေသော ကျန်းမာရေးဝန်ထမ်းများ စိတ်ဓာတ်မကျဆင်းဘဲ လိုအပ်ချက် များပြည့်စုံနေရေးသည် အရေးကြီးသည်။ ။
Sep 14, 2020
ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု လအတန်ငယ်ကြာပြီးသည့် နောက် ကမ္ဘာ့နိုင်ငံများစွာတို့တွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု နောက်ထပ်အသစ်များ ထပ်တိုးလာသည်။ ယခင်ရှိရင်းစွဲ သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် စွန့်ပစ် ပစ္စည်းများဖြစ်သော ပလတ်စတစ် အမှိုက်သရိုက်များ အပြင် ကိုဗစ်ကာလအတွင်း စွန့်ပစ် အမှိုက်များဖြစ်သည့် တစ်ခါသုံး ပါးစပ်နှာခေါင်းစည်းများ၊ လက်အိတ်များ၊ လက်သန့်ဆေးရည်ဘူးခွံ၊ ပုလင်းခွံများက လူတို့နေထိုင်ရာ မြို့ပြပတ်ဝန်းကျင်များ တွင်သာမက ပင်လယ်ပြင်အထိပါ ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။
Sep 12, 2020
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှု အရှိန်သည် တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်ကို အကြောင်းပြု၍ ပြည်သူတို့အကြား ကျန်းမာရေးအသိ၊ ကျန်းမာရေးဂရုစိုက်မှုတို့ ယခင်ကထက် များစွာပိုမိုနိုးကြားလာသူများရှိသလို ဥပဒေစည်းကမ်း များ၏ အရေးကြီးမှုကို ကောင်းစွာ သဘောမပေါက်ဘဲ ပေါ့ပေါ့ဆဆ သဘောထားနေကြသူများလည်း မနည်းလှသည်ကို သတိပြုမိပါသည်။
