Skip to main content

Jan 12, 2024

အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

အကြမ်းဖက်သောင်းကျန်းသူများက စစ်ရေးဖြင့်သက်ဆိုင်ခြင်းမရှိသည့် ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့်ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ရှိ ဘော်မားကျေးရွာမှ အမျိုးသားတစ်ဦးမီးလှုံနေစဉ် တပ်မတော်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့သည့်ဖြစ်စဉ် ဇန်နဝါရီ ၁၀ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း ကောလာဟလ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အနီး ကြက်ရိုးကုန်းရွာကို ဇန်နဝါရီ ၁၂ ရက်နေ့ ယနေ့နံနက် ၇ နာရီအချိန် တပ်မတော်စစ်ကြောင်းတစ်ခုမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာကိုအကြောင်းမဲ့လာရောက်မီးရှို့ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ တောင်ပုကျေးရွာကို ဇန်နဝါရီ ၁၀ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒေသခံများထံမှ ငွေကြေးများ ခြိမ်းခြောက်ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများ အထွဋ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများ အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှစ်ခိုးကျောင်းများကို Drone များအသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများအတွင်းသို့ ဝင်ရောက်နေရာယူ၍ အခိုင်အမာခံစစ်စခန်း ပြုလုပ်ခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများဖြင့် ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ လုပ်ဆောင် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee နှင့် ယနေ့ညနေပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဟိုပုံးမြို့ သာသနာ့ဗိမ္မာန်ရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မော်လမြိုင်တက္ကသိုလ်သို့ရောက်ရှိပြီး စာသင်ခန်းများ၌ အေးချမ်းစွာပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီး တည်ဆဲနိုင်ငံရေးပါတီများတွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အကြံပြုချက်စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့သည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာတွင် မဲခေါင် - လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ရန်ပုံငွေမှ Green House စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဒေသထုတ်ကုန်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ယနေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်း မဂျွယ်ခန်းမ၌ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းကကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် နှစ်သစ်ကူး ကျေးဇူးတော်ချီးမွမ်းပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပန်းတနော်မြို့နယ် ချောင်းကလေးကျေးရွာအုပ်စု အိုးဘို-ချောင်းကလေး လမ်းပေါ်ရှိ ကျုံပတောတံတား တည်ဆောက်ခြင်းလုပ်ငန်း (ပထမပိုင်း) A1 bore pile 5 လုံး၊ A2 bore pile 5 လုံး ဆောင်ရွက်ပြီးစီးမှုနှင့် P1 bore pile တူးရန် ဆက်လက်ဆောင်ရွက်မည့် အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်သည့် Polytechnic University များ တည်ထောင်ရေး အသိပညာမျှဝေခြင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ရောက်ရှိရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ခရိုင်အတွင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) အား အကောင်အထည်ဖော်ဆောင်မည့် မဟာဗျူဟာအစီအစဉ်များရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ အာဆီယံအသိုက်အဝန်းမဏ္ဍိုင် (၃) ရပ်၏ ဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့၌ သံဃာတော်များ ဦးဆောင်၍ ဘာသာသာသနာ ချစ်မြတ်နိုးသည့် ပြည်သူများက အကြမ်းဖက်သောင်းကျန်းသူများမှ ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲကို ယနေ့မွန်းလွဲ ၁ နာရီ အခက ခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများကိုးကွယ်သည့် ဘုရားစေတီများ ဖျက်ဆီးသူအကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းက မကွေးမြို့ ကန်သာမင်္ဂလာကန်တော်၌ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်