Skip to main content

Aug 26, 2025

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့၌ ဩဂုတ် ၂၅ ရက်အထိ သေဆုံးသူ ၃၇၈၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံး သူ ၁၉ ဦးရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2025

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၇-၈-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၈-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄၉၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိရပါ။ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2025

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း ဂန္ဓကုဋိဘုရားကျောင်းဆောင်အသစ် ပြန်လည်တည်ဆောက်လှူဒါန်းခြင်း ရတနာပန္နက်တင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ မဟာဂန္ဓာရုံကျောင်းတိုက် မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသအမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားပြီး ၂၃၀ ကေဗွီ ပုသိမ်ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2025

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပင်လောင်းလမ်းဆုံ ကားလမ်းမရေကျော်နေမှု၊ ပင်လောင်းလမ်းဆုံနှင့် ကျောက်ချက်ကျေးရွာအကြား လမ်းဘေးဝဲယာရေစီးဆင်းမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရေး၊ ရေထွက်ပေါက်များရှင်းလင်းရေးနှင့် ရေတံခါးများတွင် အမှိုက်ပိတ်ဆို့မှုမရှိစေရေးတို့ကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးသည် ယနေ့တွင် ကော်မရှင်ရုံးခွဲ (ရန်ကုန်) ရှိ အစည်းအဝေးခန်းမ ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2025

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပြည်သူချင်း ထိတွေ့ဆက်ဆံမှုများကို မြှင့်တင်ပေးရေးနှင့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးများကို အထောက်အကူပြုသည့် လုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီဆောင်ရွက်ရန် ရည်ရွယ်၍ အာဆီယံ-တရုတ် ခရီးသွားလုပ်ငန်းဘေးကင်းလုံခြုံရေးဖိုရမ်နှင့် ခရီးသွားလာမှုလွယ်ကူချောမွေ့စေရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းအင်းများ တစ်ပြေးညီဖြစ်စေရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အာဆီယံ-တရုတ်ဗဟိုဌနနှင့် လန်ချန်း-မဲခေါင် ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနတို့ ပူးပေါင်း၍ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2025

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့ရှိ သမိုင်းဝင်ဘုရားကိုးဆူစေတီတော်မြတ်ကြီး၏ တံခွန်တိုင်အသစ် ပြန်လည်တည်ဆောက်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ သမိုင်းဝင်ဘုရားကိုးဆူစေတီတော်မြတ်ကြီးရှိ ဓမ္မာရုံ၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နရဘန်ချောင်းရေလျှံတက်၍ ရေကြီးမှုနှင့် လမ်းရေကျော်ကျမှုများ၊ ရေစီးရေလာကောင်းမွန်ရေး ပင်လောင်းလမ်းဖြတ်သည့် နရဘန်ချောင်း Box Culvert ရှင်းလင်းခြင်း၊ သစ်တပ်ရွာအနီး ရန်ကုန်-မန္တလေးလမ်းအရှေ့ဘက်မှ ပြောင်းရွှေ့တူးဖော်နေသည့် မပိုက်ကယ်ရိုးမှ ရေကူစီးဆင်းစေခြင်း၊ ကျဉ်းမြောင်းနေသည့် ယာယီ Culvert များနှင့် ရေသွားလမ်းအား စက်ယန္တရားများဖြင့် ဖယ်ရှားခြင်းနှင့် ရေသွားလမ်းချဲ့ခြင်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2025

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ မွန်းလွဲပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ပြည်နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်တို့ တက်ရောက်ပြီး ပြခန်းများနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးကာ စုပေါင်းခန်းမ၌ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2025

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig နှင့်အဖွဲ့ကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2025

ပထမအကြိမ် Career Fair & Career Forum 2025 ကို ယနေ့ နံနက် ၉ နာရီတွင် Naypyitaw State Academy ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများ၊ ခေတ္တပါမောက္ခချုပ်၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်အတူ ယနေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေးပွဲနှင့် ပြည်သူများ အပန်းပြေစေရန်၊ စိတ်ခွန်အားရရှိနိုင်ရန် အနုပညာရှင်များ၏ ဖျော်ဖြေပွဲများသို့ တက်ရောက်အားပေးပြီး လွိုင်ကော်မြို့ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2025

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia အား ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ် (၄၆) ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2025

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့မွန်းလွဲ ၁ နာရီက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားအား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2025

ဩဂုတ်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့ကို ဆက်သွယ်ဖြတ်သန်းဖောက်လုပ်ထားသော ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးကို ဖောက်ခွဲဖျက်ဆီးလိုက်သည့် သတင်းနှင့် ဓာတ်ပုံများကို မြင်တွေ့ကြရသဖြင့် တိုင်းရင်းသားပြည်သူအားလုံး စိတ်မကောင်းခြင်းများစွာ ဖြစ်ကြရသည့်အပြင် ကမ္ဘာကျော်တံတားကြီးကို ဖျက်ဆီးခဲ့ကြသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချ စက်ဆုပ်ရွံရှာဖြစ်နေကြသည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2025

နှစ်စဉ် ဩဂုတ်လ၏ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များတွင် စတုတ္ထပတ်သည် အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးရက်သတ္တပတ်ဖြစ်သည်။ အိုင်အိုဒင်းချို့တဲ့ခြင်းသည် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာတို့တွင် သက်ရောက်မှုရှိနေသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုလည်းဖြစ်သည်။ ခန္ဓာကိုယ်တွင် အိုင်အိုဒင်းလုံလောက်စွာ မရရှိဘဲချို့တဲ့ပါက လည်ပင်းကြီးရောဂါဖြစ်ပွားခြင်း၊ သိုင်းရွိုက်အားနည်းခြင်း၊ ကလေးများကြီးထွားဖွံ့ဖြိုးမှု ထိခိုက်စေခြင်းစသည်တို့အပါအဝင် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2025

နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော်ဂုတ်ထိပ်မီးရထားလမ်းတံတားသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံးတံတား၊ ကမ္ဘာ့အကြီးဆုံးမီးရထားသံလမ်းတံတားဖြစ်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် မန္တလေး-လားရှိုး ရထားလမ်းပေါ်တွင် တည်ရှိသည်။ အဆိုပါဂုတ်ထိပ်တံတားအား TNLA အကြမ်းဖက်သောင်းကျန်းသူများက ဩဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ကျောက်မဲမြို့ဘက်ခြမ်း၊ တံတားတိုင်အမှတ် (P-16) နှင့် ကမ်းကပ်ခုံ (AB-2) နေရာတို့အကြား ပေ ၆၀ အရှည်ရှိ တံတားသံဘောင်နေရာနှင့် တံတား၏ ကမ်းကပ်ခုံ (AB-2) တို့ ပျက်စီးသွားခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2025

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အခြေခံပညာကျောင်း ၇ ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့၍ နောင်ချိုမြို့နယ်အတွင်း စုစုပေါင်းအခြေခံပညာကျောင်း ၉၄ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၄၁၆ ဦး ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၀၆၄၅ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2025

စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ (၄/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်