Skip to main content

Oct 15, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2024

(၆) ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံ (The 6th World Media Summit - WMS) ကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံ ရှင်းကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုရူမုချီမြို့ Xinjiang Inter-national Convention & Exhibition Center ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာနမှ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။ ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံကို ၂၀၀၉ ခုနှစ်မှ စတင်ကာ Xinhua News Agency ၊ Associated Press ၊ Reuters၊ TASS ၊Kyodo News တို့က ဦးဆောင်၍ နိုင်ငံတကာမှ ထင်ပေါ်ကျော်ကြားသော မီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အဆင့်မြင့်ကမ္ဘာ့မီဒီယာပူးပေါင်းဆောင်ရွက်နိုင်ရန် စင်မြင့်တစ်ခုအနေဖြင့် နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၄ ခုနှစ် ယနေ့ ညနေပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E Budi Gunadi Sadikin ဦးဆောင်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသ (SEARO) နှင့် အနောက်ပစိဖိတ်ဒေသဆိုင်ရာအဖွဲ့ (WPRO)၊ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့်အတူ Global Alliance for Vaccine Initiatives (Gavi) အဖွဲ့၏ (၂၀၂၆-၂၀၃၀) ခုနှစ်များတွင် ဆောင်ရွက်မည့် ကာကွယ်ဆေးထိုးလုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်သည့် ဆွေးနွေးပွဲအား တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2024

အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ကြီးမှ နိုင်ငံတကာစံချိန်စံညွှန်းရေးဆွဲသည့် ပညာရှင်များနှင့် ပြည်တွင်းရှိ မြန်မာစံချိန်စံညွှန်းများ ပေါ်ထွက်လာစေရန် ပါဝင်ဆောင်ရွက်သူများကို ဂုဏ်ပြုရန် ရည်ရွယ်၍ ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို (၁၂) ကြိမ်မြောက်အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရုံးအမှတ် (၂၁)  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရာဂီမုန်တိုင်းအလွန် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် နေပြည်တော် တပ်ကုန်းမြို့နယ် ကျောက်ဆည်ကျေးရွာအနီးရှိ ကင်းသာရေထိန်းတမံ ရေထုတ်ပြွန်မှတစ်ဆင့် ထိခိုက်ပျက်စီးမှုမရှိသည့် စိုက်ပျိုးဧကများ အမြန်ဆုံးရေပေးဝေနိုင်ရေး ဆောင်ရွက်ခြင်း၊ စက်ယန္တရားများအသုံးပြု၍ ရေပိုလွှဲမှ ရေစီးဆင်းမှု ပိုမိုကောင်းမွန်စေရန် ရေလမ်းကြောင်းရှင်းလင်းခြင်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2024

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ မိုးလုံလေလုံအားကစားခန်းမကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့်စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ငါးစောင်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာအဘ်ဟေး တာကူးရ် (H.E. Mr. Abhay Thakur) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2024

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာဖြင့် ကျင်းပလျက်ရှိရာ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ၊ အကဲဖြတ်ပညာရှင်များနှင့်တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းခံစားချက်များကို ဖော်ထုတ်ရေးသားတင်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2024

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းမှစတင်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်