Skip to main content

Nov 28, 2024

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် စီအယ်လ်အမ်ဗွီ (CLMV) နှင့် အက်ခ်မက်(ACMECS) ခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် ဌာနဆိုင်ရာအရာရှိကြီး များ အစည်းအဝေးများကို နှစ်နှစ်လျှင်တစ်ကြိမ် အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ (၇)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) ခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်း အဝေးနှင့် အဆင့်မြင့်အရာရှိကြီး များအစည်းအဝေး၊ (၆) ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတို့ကို နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက် အထိ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် In Person စနစ်ဖြင့် မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2024

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2024

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ သည် ၂ဝ၂၃ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသောစာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါ သည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2024

ပြည်တွင်းပြည်ပခရီးသွားများ သွားလာနေထိုင်သည့်နေရာများတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Dusit Manapan နှင့် အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2024

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (၂၀၂၄-၂၀၂၆) ကို ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းအစီအစဉ်အရ “အဂတိလိုက်စားမှုကျူးလွန်ရာမှ ရရှိလာသည့် ပိုင်ဆိုင်မှုပစ္စည်းများ ပြန်လည်ရယူရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ” နှင့် “အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ယနေ့တွင် ရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားပြိုင်ပွဲများကျင်းပမည့် အားကစားကွင်း/ အားကစားရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် GNE Co.,Ltd တို့ ပူးပေါင်းပြုလုပ်သည့် Solar Winds Network Monitoring System နှင့်စပ်လျဉ်းသည့် အသိပညာများ မျှဝေပေးခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ GNE Co.,Ltd မှ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနရှစ်ခုမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2024

ပြည်သူ့ဆေးရုံများတွင် ပြည်သူ့ဆက်ဆံရေးကဏ္ဍတိုးတက်ကောင်းမွန်စေရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Dusit Manapan ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်