Skip to main content

Sep 13, 2024

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မြေနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်တောင်းမြစ်ရေစိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိပြီး မြစ်ရေများဝင်ရောက်လျက်ရှိခြင်းကြောင့် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် အဆိုပါကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စက်တင်ဘာ ၁၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းဘူးချောင်းနှင့် ဘော်ဘင်ချောင်းတို့မှ တောင်ကျရေလျှံတက်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်နေ့တွင် မင်းဘူးချောင်းတစ်လျှောက်ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ ဘုရားကြီးကုန်းအုပ်စု၊ သင်ကန်အုပ်စု၊ ကန္တလီအုပ်စု၊ ကဇင်းကြီးအုပ်စုတို့နှင့် ဘော်ဘင်ချောင်းတစ်လျှောက်ရှိ သပြေစိန်အုပ်စု၊ ဘဲအင်းအုပ်စု၊ သရက်တပင်အုပ်စုတို့ရှိ နေအိမ်နှင့်ခြံဝန်းများအတွင်းသို့ ရေဝင်ရောက်လျက်ရှိပြီး ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၂၈/၂)တွင် ကားလမ်းပေါ်ရေ(၈)လက်မခန့်ကျော်လျက်ရှိကြောင်း သိရသည်။ သွားလာလှုပ်ရှားနေသော မော်တော်ယာဉ်နှင့် ပြည်သူများ အန္တရာယ်ကင်းရှင်းရေးအတွက် အသိပေး၊ သတိပေးဆောင်ရွက်ခြင်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

မန္တလေးတိုင်းဒေကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စက်တင်ဘာ ၁၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ဇော်ဂျီမြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်အချို့နှင့်ကျေးရွာများတွင် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်ယဉ်ကျေးမှုနယ်မြေတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့က ရှေးဟောင်းအဆောက်အအုံ ၉ လုံးအနည်းငယ်ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)၊ တာဝန်ရှိသူများထံက သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ကွင်းဆင်း၍ ရာဂီမုန်တိုင်း အကြွင်းအကျန်များဖြစ်သော လေပွေလှိုင်းအရှိန်ကြောင့် ရှမ်းကုန်းမြေပြင်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး ဒေသအသီးသီးတွင် ထူးကဲရေကြီး ရေလျှံမှုများ ကြုံတွေ့နေရခြင်းအပေါ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ရေလှောင်တမံနှင့် ဆည်ကန်ငယ်များ အန္တရာယ်မဖြစ်စေရေးအတွက် Emergency Preparedness Plan နှင့် Rules and Regulations များဖြင့် အချိန်မီစီမံဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ညောင်ဦးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းသာသနိက အဆောက်အအုံများနှင့်လမ်းများ၊ ရေကျော်များ ပျက်စီးမှုရှိမရှိနှင့် ရှေးဟောင်းရေကန်များ ရေဝင်ရောက်မှုအခြေအနေကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဖြတ်သန်းသွယ်တန်း တည်ဆောက်ထားသည့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် (၃၀၁၊ ၃၀၂၊ ၃၀၃၊ ၃၀၄၊ ၃၀၅) နှင့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော် (၂) ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် (၁၂၊ ၁၃၊ ၁၄၊ ၁၅) တာဝါတိုင်များသည် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားခဲ့သဖြင့် ပြန်လည်ပြုပြင် ပြင်ဆင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

လတ်တလောဖြစ်ပေါ်နေသည့် လေပွေလှိုင်းများ ဖြတ်သန်းရာဒေသများနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မိုးသည်းထန်စွာရွာသွန်းမှုများပြားခြင်း၊ ဆည်တာတမံများတွင် ရေဝင်ရောက်မှုများလာခြင်းတို့ကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာနိုင်ခြင်းအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများက အနီးကပ်စောင့်ကြည့်စီမံမှုများ ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဆည်တာတမံများအတွင်း ရေဝင်ရောက်မှု၊ ကြံ့ခိုင်မှုနှင့် အနီးကပ်စောင့်ကြည့်စီမံမှုများ ဆောင်ရွက်နေသည့်အခြေအနေနှင့်စပ်လျဉ်း၍ အဆိုပါဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သဘာဝဘေးလျော့ပါးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ရေဘေးရှောင်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့မှ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေနစ်မြုပ်နေသည့် ကျေးရွာများမှ ပြည်သူများအား ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးနေမှုကို သွားရောက်ကြည့်ရှု၍ လိုအပ်သည့်လူနှင့် ပစ္စည်းများရရှိနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးပြီး ဘေးလွတ်ရာသို့ရောက်ရှိလာသည့် ပြည်သူများအား နိုင်ငံတော်မှဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားကာ နှစ်သိမ့်အားပေး စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းတို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးလိုက်ပါ၍ တပ်ကုန်းမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် နဝင်းချောင်းရေမြင့်တက်၍ ပျက်စီးသွားခဲ့သော လမ်း၊ တံတားများကို ယနေ့နံနက် ၇ နာရီခွဲက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး၊ Future Star စက်သုံးဆီအရောင်းဆိုင်မှ ဂါလံ ၆၄၀၀ ဆံ့ 92 ဓာတ်ဆီသံသိုလှောင်ကန်သည် ယမန်နေ့မွန်းလွဲပိုင်းက ဆင်သေချောင်း ရေစီးနှင့်မျောပါခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးရွာသွန်းမှုများ၍ ရုတ်တရက် ဆင်သေချောင်းရေလျှံခြင်းကြောင့် ဆင်သေချောင်းတစ်လျှောက်ရှိ ဆင်သေချောင်းတံတား (ပုပ္ပါးကုန်း) နှင့် ဆင်သေချောင်းတံတား (သိုက်ချောင်း) တို့တွင် တံတားကမ်းကပ်ခုံများပျက်စီးခြင်း၊ ချဉ်းကပ်လမ်းရေတိုက်စား၍ လမ်းတာပေါင်ပျက်စီးခြင်း၊ တံတားရေလယ်တိုင် (Pier) များ နိမ့်ကျခြင်းများ ဖြစ်ပေါ်နေသည့်အပြင် အေးမြင့်သာယာတံတားနှင့် ကျောက်ချက်တံတားတို့သည်လည်း ချဉ်းကပ်လမ်းအပါအဝင် ရေနစ်မြုပ်နေခြင်းကြောင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေး ပြင်ဆင်ဆောင်ရွက်နိုင်မည့် အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်ထိ မိုးအဆက်မပြတ်ရွာသွန်းပြီး နဝင်းချောင်း ရေပြည့်ရေကျော်မှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းငွေနှင့် ပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ဇေယျာသီရိမြို့နယ်၌ ဆင်သေချောင်းရေကျဆင်းလာသည့်အတွက် ပင်လောင်းလမ်းဆုံမှ ကားများ၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ရရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာ ၁၅ ရွာတွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညနှင့် ယမန်နေ့နံနက်ပိုင်းက လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအားကယ်ဆယ်​ရေးစခန်း ၁၀ ခု ဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2024

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်ထိ မိုးအဆက်မပြတ်ရွာသွန်း၍ ဆင်သေချောင်း ရေပြည့်ရေကျော်သဖြင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ တိုင်း၊ ခရိုင်မှ ကယ်ဆယ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကယ်ဆယ်ရေးအဖွဲ့များက ရေဝင်ရောက်သော ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ရေဘေးသင့်ပြည်သူများကို ယမန်နေ့နံနက်ပိုင်းထိ လူအင်အား၊ စက်လှေများဖြင့် ကူညီကယ်ဆယ်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်