Skip to main content

Feb 18, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၈

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါသင်တန်းကျောင်းတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Norwegian People's Aid (NPA) အဖွဲ့အစည်း၏ Country Director ဖြစ်သူ Ms. Marte Graff Jenssen ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၈

ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shop)များ ထူထောင်ဖွင့်လှစ်အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ  ၂ နာရီတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

ရန်ကုန် ဖေဖော်ဝါရီ ၁၈

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ရေးအတွက် အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ (NCA-S EAO)၏ နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဆက်လက် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၈

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၈

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၈

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဂျာမန်လွှတ်တော်မှ အာဆီယံပါလီမန်များ၏ဥက္ကဋ္ဌ Mrs. Renate Kunast နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် ဆက်လက်ကူညီပေးရေး၊ ဥပဒေပြုရေးဆိုင်ရာကိစ္စနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအပြင် လာမည့် ရွေးကောက်ပွဲတွင် အမျိုးသမီးများပိုမိုပါဝင်နိုင်ရေး တို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၈

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ဂျာမန်လွှတ်တော်မှ အာဆီယံပါလီမန်များ၏ ဥက္ကဋ္ဌ Mrs. Renate Kunast နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

ရန်ကုန် ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃ ခန်းမ၌ အရာထမ်းငယ် အခြေခံ သင်တန်းအမှတ်စဉ်(၁၁၃)၊ (၁၁၄)၊ (၁၁၅) နှင့် စာရေးဝန်ထမ်းအခြေခံ သင်တန်းအမှတ်စဉ် (၁၉၅)၊(၁၉၆)၊ (၁၉၇)၊ (၁၉၈) တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၈ နာရီတွင်ကျင်းပရာ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်တင်စိုး တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် အဖွဲ့သည် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဒါရိုက်တာရုံးနှင့် ညှိနှိုင်း၍ ထိုင်းနိုင်ငံ Government Pension Fund – GPF စနစ် ဆောင်ရွက်နေမှုများကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ သွားရောက်လေ့လာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

ဟိုပင်  ဖေဖော်ဝါရီ    ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့မတောင်ရပ်ကွက် အ.ထ.က ဟိုပင် အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီက R.C.C  (၂)ထပ် ကျောင်းဆောင်သစ်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်ကျော်ဝင်း၊  မိုးညှင်းမြို့နယ်ပညာရေးမှူး ဦးခိုင်ဝေ၊ ဟိုပင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်၊ ကျောင်းအုပ်ဆရာမကြီး  ဒေါ်မီမီချစ်ခင်၊ မြို့မိမြို့ဖ ဦးညီလေး၊ ကျောင်းကော်မတီဝင်များနှင့် တာဝန်ရှိသူများက ပန္နက်တင်ပေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

ယခုကာလတွင် သတ္တလောကကြီးအတွင်းဝယ် လူသတ္တဝါများ ကူးစက် ရောဂါဘေးများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်ကို တွေ့ရသည်။ လူ၌ ကူးစက် တတ်သော ကိုရိုနာဗိုင်းရပ်စ် (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ ၂၆ နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည်။

ကမ္ဘာ့နိုင်ငံ ၂၆ နိုင်ငံ၌ ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါမှာ မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့ဖြစ်ပွားခြင်းမရှိသေးသော်လည်း ကြိုတင်တားဆီး ကာကွယ်ကုသရေး လုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ကိုင်ပေးနေသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

 

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများက အရေးပါသည်။ ရွေးကောက်ပွဲများကသာလူများစု၏ အဆုံး အဖြတ် ဖြင့် တရားဝင် ကိုယ်စားလှယ်များကို ရွေးချယ်နိုင်မည်။ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တွင် ရွေးကောက်ပွဲ နည်းလမ်းဖြင့် လူထုကိုယ်စားလှယ်များ ရွေးချယ်ခြင်းကို ကမ္ဘာပေါ်တွင်၁၇ရာစုခန့်က စတင်အသုံးပြုခဲ့ပြီး ယနေ့အချိန်ထိ ဤနည်းထက်ပို၍ ကောင်းမွန်သေချာသည့် အခြားနည်းလမ်း မတွေ့ရှိသေး။ သို့ဖြစ်ရာ ဒီမိုကရေစီ နိုင်ငံတို့တွင် နိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့် မဏ္ဍိုင်များကို ဦးဆောင် တာဝန်ယူ အကောင်အထည်ဖော်ရန် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်ပွဲ နည်းလမ်းဖြင့်သာ ရွေးချယ် ကြရ၏။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

ဖေဖော်ဝါရီလ ၈ ရက်နေ့က ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းမပေါ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွင့်လှစ်သည့် သတင်းကို တွေ့သိရပါသည်။ ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မှုဖြစ်သည် ဟုလည်း သိရ၏။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ကျန်းမာရေးမှူးများအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပထမဆုံးအကြိမ် သုတေသန နည်းပညာအထူးသင်တန်း (၂၀၂၀) (First training workshop on research capacity strengthening and proposal development for basic health services professionals) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီး ဌာန (ပြင်ဦးလွင်)ရှိ သုတေသနစွမ်းဆောင်ရည်လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာအင်စတိကျု (PANNA INSTITUTE) တို့ ပူးပေါင်းပြီး KAS Myanmar ၏ ပံ့ပိုးမှုဖြင့်ပြုလုပ်သည့် စတုတ္ထအကြိမ် သုတေသန နည်းနာနိဿယ၊ ပြည်သူ့ ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်