Apr 14, 2025
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေး မှုမဟာသင်္ကြန်ပွဲတော် အကြိုနေ့ကို ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဖြင့် အေးချမ်းသာယာသော မဟာသင်္ကြန်အဖြစ် ကျင်းပလျက်ရှိကြသည်။
Apr 14, 2025
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ)၌ ပဏာမလက်ရွေးစင် ဘိလိယက်အားကစားသမားများ စခန်းသွင်းလေ့ကျင့်ရန် လေ့ကျင့်ရေးခန်းမ ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် လေ့ကျင့်နေမှုများကို ယနေ့တွင် ကြည့်ရှုစစ်ဆေးသည်။
Apr 14, 2025
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစား ခဲ့ရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား သက်ဆိုင်ရာဒေသအရောက် တွေ့ဆုံအားပေးခြင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် မိတ္ထီလာခရိုင်နှင့်မြို့နယ်မှ အမှုထမ်း၊ အရာထမ်းများအား မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်သီးနှံခြံ၌ သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
Apr 14, 2025
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၊ အရိုး ကုသဆောင်(၂)သို့ သွားရောက်၍ ငလျင်ဘေးသင့်လူနာများနှင့် ထိခိုက်ဒဏ်ရာရရှိသူ လူနာများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ ခြေ၊ လက်၊ ကျောရိုး ထိခိုက်ဒဏ်ရာရရှိသူများအား လိုအပ်သော ချိုင်းထောက်များ၊ လေးချောင်းထောက်များ ထောက်ပံ့ပေးအပ်ပြီးဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများ နေရေးထိုင်ရေး အဆင်ပြေစေရန် လိုအပ်သည်များပံ့ပိုးစီစဉ် ဆောင်ရွက်ပေးသည်။
Apr 14, 2025
အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ယာယီရုံးဖွင့်လှစ်ထားရှိမှု အခြေအနေအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Apr 14, 2025
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်သည် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးများအနက် ဒုတိယအပြင်းထန်ဆုံးနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သည့် ငလျင်ကြီးဖြစ်သည်။ ဧပြီလ ၁၁ ရက်နေ့အထိ ကောက်ယူရရှိသောစာရင်းများအရ ထိခိုက်သေဆုံးခဲ့ရသူ ၃၆၇၅ ဦး၊ ဒဏ်ရာရရှိခဲ့သူ ၅၀၂၀ နှင့် ပျောက်ဆုံးသူ ၁၄၁ ဦးရှိသည်ဟု သိရသည်။ ယခုကဲ့သို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရသလို သင်ခန်းစာယူကာ အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ကြရမည် ဖြစ်သည်။
Apr 13, 2025
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့် သင်္ကြန်၊ အေးချမ်းသာယာသည့် သင်္ကြန်အဖြစ်ကျင်းပ၍ နှစ်သစ်အတာကူးကြမည်ဖြစ်ပြီး ယနေ့တွင်ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုနေ့တွင် နေပြည်တော် မြန်မာ့ရိုးရာအေးသင်္ကြန်ကို နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်သည်။
Apr 13, 2025
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်အခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းသာယာသည့် နှစ်သစ်ကူးအတာသင်္ကြန်အဖြစ်ကျင်းပ၍ နှစ်သစ်အတာကူးကြသည်။
Apr 13, 2025
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိကြသည်။
Apr 13, 2025
နေပြည်တော် ဧပြီ ၁၃ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြည်ပနိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ပေးပို့လျက်ရှိရာ ဧပြီ ၁၂ ရက်နေ့ ညနေပိုင်းတွင်ရောက်ရှိသော စင်္ကာပူနိုင်ငံမှ ဘီစကစ်များ၊ ရေသန့်များ၊ အိမ်သုံးဆေးများ၊ စုစုပေါင်း ၁၉၇ kg ကိုလည်းကောင်း၊ မလေးရှားနိုင်ငံမှပေးပို့သော အဝတ်အထည်များ၊ အစားအစာများ၊ စုစုပေါင်း ၄၇၃၄ kg ကိုလည်းကောင်း ယနေ့တွင်ရောက်ရှိသော တရုတ်နိုင်ငံ (ကူမင်း)မြို့မှပေးပို့သော မိုးကာတဲများ၊ Sleeping Bus များ၊ စုစုပေါင်း ၇၇၃၀ kg ကိုလည်းကောင်း၊ တရုတ်နိုင်ငံ (နန်နင်း)မြို့မှပေးပို့သော ဆေးဝါးများ၊ အဝတ်အထည်များ၊ ခြင်ထောင်များ၊ စုစုပေါင်း ၂၆၂၈ kg တို့အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက လက်ခံရယူကာ မော်တော်ယာဉ်များပေါ်သို့တင်ဆောင်ပြီး ငလျင်ဒဏ်သင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်ရရှိသည်။
Apr 13, 2025
မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော ဖိလစ်ပိုင်နိုင်ငံမှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ၎င်းတို့လုပ်ငန်းတာဝန်များပြီးဆုံးသဖြင့် ဖိလစ်ပိုင်နိုင်ငံမှ C-130 အမျိုးအစား လေယာဉ်နှစ်စင်းဖြင့် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာကြသည်။
Apr 13, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Apr 13, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Apr 13, 2025
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲ ကြုံတွေ့ရပါက နိုင်ငံသားများ အပေါ် အလေးအနက်ထား တန်ဖိုးထားသည့်အနေဖြင့် မည်သို့သော အခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာသံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
Apr 13, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများပြင်ဆင်၍ အချိန်တိုအတွင်း ပြန်လည်ပြုပြင်နိုင်ရန်အတွက် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းမြို့တို့တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ ကြသည့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများမှ ကျွမ်းကျင်ဝန်ထမ်းများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရုံးအမှတ် (၂၇) ယာဉ်ရပ်နားကွင်းနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၀၀) တိုးဂိတ်အနီးတို့တွင် ပြည်ထောင်စုဝန်ကြီးက သွားရောက်တွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုထောက်ပံ့ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ နေပြည်တော် ဗဟိုသင်တန်းကျောင်းတွင် ငလျင်ဘေးသင့်ဝန်ထမ်းများ အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
Apr 13, 2025
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းတွင် ငလျင်ဒဏ်ကြောင့် နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)စေတီတော်များ၏ ထိခိုက်ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Apr 13, 2025
မတ် ၂၈ ရက်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Khet Chatuchak နယ်မြေ၌ မြေငလျင်လှုပ်ခတ်၍ ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျပျက်စီးမှုကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူနေသော မြန်မာအလုပ်သမားများအား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဧပြီ ၉ ရက်တွင် သွားရောက် အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
Apr 13, 2025
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဘေးသင့်ကျန်းမာရေး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများနေထိုင်ရန်အတွက် မိုးလုံလေလုံယာယီအိမ်ရာများ ဆောက်လုပ်ရန် လျာထားသောနေရာများဖြစ်သည့် တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးအဆောက်အအုံဝန်းကျင်ရှိ နေရာများကိုလည်းကောင်း၊ တိုင်းရင်းဆေးရုံ ဝန်ထမ်း အိမ်ရာများအနီးရှိ မြေကွက်လပ်များနှင့် တိုင်းရင်းဆေးဂိုထောင်အနီးရှိ မြေကွက်လပ်များကို လည်းကောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်းပိုင်မြေနေရာကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ မြေကွက်လပ်များကိုလည်းကောင်း လှည့်လည်ကြည့်ရှုသည်။
Apr 13, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဧပြီ ၁၁ ရက် တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၌ Polytechnic Institute ဖွင့်လှစ်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရာတွင် လက်ရှိ Industry များတွင် ဆောင်ရွက်လျက်ရှိသည့် ကျွမ်းကျင်မှုဆိုင်ရာနည်းပညာများနှင့်ပတ်သက်၍ ကိုက်ညီမှုရှိစေရန် လိုက်လျောညီထွေဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားနိုင်ရန်နှင့် သက်ဆိုင်ရာလုပ်ငန်းခွင်နယ်ပယ်အလိုက် လိုအပ်ချက် များအပေါ်သိရှိနိုင်ရန်အတွက် ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များနှင့် အပြန်အလှန်ညှိနှိုင်းဆွေးနွေးသည်။
Apr 13, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဧပြီ ၁၁ ရက် နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနရုံးများနှင့် ဌာနပိုင်အဆောက်အအုံများ၊ ဝန်ထမ်းနေအိမ်များကို အဖွဲ့များခွဲ၍ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်းရေးနှင့် မွမ်းမံပြင်ဆင်ခြင်း၊ အသစ်ပြန်လည်ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖြစ်စေရေးစိစစ်တင်ပြကြရန်နှင့် အရေးပေါ်ပြင်ဆင်ရမည့် ဝန်ထမ်းနေအိမ်များကို သက်ဆိုင်ရာရုံးချုပ်များ၏ အတည်ပြုချက်ဖြင့် ကြိုတင်ပြင်ဆင်နိုင်ရေးစီမံရန် ဆွေးနွေးမှာကြားသည်။
