Jul 22, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇူလိုင် ၂၀ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးဆိုင်ရာဆောင်ရွက်ချက်များ အကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Jul 22, 2021
ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူ လူထု၏ အရေးပေါ်ကျန်းမာရေး ဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ်ဆောင်ရွက်ပေး လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပ လူနာပေါင်း ၂၇၃၄၄၂ ဦးနှင့် အတွင်းလူနာပေါင်း ၇၉၅၆၀ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။
Jul 22, 2021
မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jul 22, 2021
ဝဿာန်မိုးရာသီ တေးသီချင်းများ ဖျော်ဖြေပွဲ၏ ပွဲစဉ်(၈)ကို ဇူလိုင် ၂၃ ရက် ည ၈ နာရီသတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသမည် ဖြစ်သည်။
Jul 22, 2021
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ၂၀၂၁ ခုနှစ်၊ (၂၈) ကြိမ်မြောက် နိကာယ်စာမေးပွဲကြီးကို တစ်ပြည်လုံးရှိ ခွင့်ပြုစာဖြေဌာန ၇၆ ဌာနတို့၌ ၂၁-၆-၂၀၂၁ ရက်နေ့မှ ၂၅-၆-၂၀၂၁ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပခဲ့ပါသည်။
Jul 22, 2021
၂၀၂၁ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။
Jul 22, 2021
ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်းအမိန့်ကို ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရှိခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကူးစက်မှုကို ထိရောက်စွာ ကာကွယ် ကုသနိုင်ရေးအတွက် လည်းကောင်း၊ သက်ဆိုင်ရာတရားရုံးများတွင် စွဲဆိုထားသည့် ပြစ်မှုများအတွက် တရားစွဲဆိုခံရသူ များအား ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့် ချုပ်ရက်များ ရှည်ကြာနေသဖြင့်လည်းကောင်း အချို့သောပြစ်မှုဖြင့် စွဲဆိုခံရသည့် နိုင်ငံသားများအား သက်ညှာစွာစဉ်းစားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမှုများ ပိတ်သိမ်းခြင်းအမိန့် ထုတ်ပြန်ခဲ့သည်။
Jul 22, 2021
ကိုဗစ်-၁၉ ရောဂါကို အကြောင်းပြု၍ ဈေးနှုန်းမြင့်တက်ခြင်း၊ ကုန်ပစ္စည်းပြတ်လပ်ခြင်းတို့ ဖြစ်ပေါ်သည့်ထဲတွင် ကြက်ဥလည်း ပါဝင်သည်။ ရောဂါကာကွယ်ရေးအတွက် ကိုယ်ခံစွမ်းအားကောင်းရန် လိုအပ်သည်ဖြစ်ရာ ကြက်ဥတစ်မယ်မျှဖြင့် ကိုယ်ခံအားကောင်းမွန် ရေးကို ပြည့်စုံစေသည်မဟုတ်ကြောင်း ပညာပေးမှုများ ပြုလုပ်လျက် ရှိသည်ကိုလည်း သတိမူကြရန်လိုသည်။
Jul 21, 2021
(၂၁-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
Jul 21, 2021
(၁၁) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကို ယနေ့ညနေပိုင်းတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
Jul 21, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း စနစ်တကျ ဆောင်ရွက်နိုင်ရန် အီလက်ထရောနစ် မှတ်ပုံတင်ခြင်းစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ဇူလိုင် (၁၆) ရက်နှင့် ဇူလိုင်(၁၉)ရက်တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။
Jul 21, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အောက်ဆီဂျင် လိုအပ်ချက်များကို အထောက်အကူဖြစ်စေရန်အတွက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း စက်ရုံများမှထုတ်လုပ်သော အောက်ဆီဂျင်ဓာတ်ငွေ့များအား သက်ဆိုင်ရာ နယ်မြေဒေသအသီးသီးရှိ ဆေးရုံများနှင့် ကိုဗစ်ကုသရေးစင်တာများသို့ နေ့စဉ် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
Jul 21, 2021
နိုင်ငံတစ်ဝန်းလုံးအတိုင်းအတာဖြင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းကို အွန်လိုင်း စနစ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။
Jul 21, 2021
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီခွဲတွင် အမရပူရမြို့နယ် မြစ်ငယ်ဘူတာ၌ ရန်ကုန်မြို့ မလွှကုန်းဘူတာမှ မြစ်ငယ်ဘူတာသို့ ဆိုက်ရောက်လာသည့်
