Skip to main content

Apr 12, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဦး​မောင်​မောင်အုန်းသည် ယ​နေ့နံနက်ပိုင်းတွင် ​နေပြည်​​တော်လမ်း​လျှောက်သင်္ကြန်ကျင်းပမည့် ဧရိယာအတွင်း ​ရေ​အေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ် တည်​ဆောက်​နေမှုကို သွား​ရောက်ကြည့်ရှုစစ်​ဆေးသည်။ ယခုနှစ် နေပြည်​တော်လမ်း​လျှောက်သင်္ကြန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်အား UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရသည်ကို အသိအမှတ်ပြုသည့်အ​နေဖြင့် ဂုဏ်ပြုကျင်းပမည်ဖြစ်ပြီး ကဏ္ဍများအ​နေဖြင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ​ကြိုးပမ်းဆောင်ရွက်​နေမှုကို ဂုဏ်ပြု​သောအားဖြင့် သနပ်ခါးလိမ်းသည့် သရုပ်ဖော်ခြင်း၊ သက်ကြီးရွယ်အိုများအား ​ခေါင်း​လျှော်​ပေးခြင်း၊ ​ခြေသည်းလက်သည်း လှီးဖြတ်​ပေးခြင်း၊ ​​နေ့စဉ် နံနက် / ည​နေ စတုဒိသာအဖြစ် သင်္ကြန်ထမင်း၊ ​မုန့်လုံး​ရေ​ပေါ်၊ ရွှေရင်​အေး၊ ဆနွင်းမကင်း၊ ​ကျောက်ကျော​ဖျော်ရည်၊ မုန့်လက်​ဆောင်း၊ ​ရွှေကြည်၊ သာဂူကျို၊ အုန်းနို့​ကျောက်​ကျောစသည်တို့ ကျွေး​မွေးခြင်း၊ မြန်မာ့ရိုးရာသင်္ကြန် အစဉ်အလာနှင့်အညီ သ​ပြေခက်ဖြင့် ​ရေပက်ကစားခြင်းကဏ္ဍများသာ ​​ပါဝင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ် ထိခိုက်ပျက်စီးခဲ့ရမှုများ ကြုံတွေ့ခဲ့ရသည့် အင်းလေးဒေသသို့ ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘေးဒဏ်သင့်ပြည်သူများအား တွေ့ဆုံအားပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2025

​​​​​​​“သမဂ္ဂါနံ တပေါ သုခေါ” ဆိုသည့် ပါဠိစကားသည် သမဂ္ဂါနံ - ညီညွတ်သော သူတို့၏ တပေါ - အကျင့်သည် သုခေါ - ချမ်းသာခြင်းဟု အဓိပ္ပာယ်ရသည်။ “စည်းလုံးညီညာလျှင် အောင်မြင်မည်” ဆိုသည်နှင့် အဓိပ္ပာယ်အတူတူပင်ဖြစ်သည်။ ဆိုလိုသည်မှာ လူအများသည် အကြောင်းကိစ္စတစ်ခုကို စည်းလုံးညီညွတ်စွာဖြင့် အတူလက်တွဲဆောင်ရွက်ကြပါက အောင်မြင်မှုကိုရနိုင်သည်။ ချမ်းသာသုခကို ရရှိနိုင်သည်ဟု ဆိုခြင်းဖြစ်သည်။ ဤပါဠိတော်လာ ဆိုရိုးစကားသည် စည်းလုံးညီညွတ်မှု၏ အရေးပါသော လေးနက်မှုကိုဖော်ပြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတွင် စည်းလုံးညီညွတ်မှုသည် အောင်မြင်မှု၏ အဓိကသော့ချက်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2025

​​​​​​​မြန်မာသက္ကရာဇ်အရ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန်အခါတော် ကျရောက်လာတော့မည်ဖြစ်သည်။ သင်္ကြန်ဟူသော မြန်မာဝေါဟာရသည် “သင်္ကြန္တ” ဟူသော သက္ကတပုဒ်၊ “သင်္ကန္တ” ဟူသောပါဠိပုဒ်တို့မှ ဆင်းသက်လာခြင်းဖြစ်သည်ဟု ပညာရှင်များက ယူဆကြပြီး အနက်အဓိပ္ပာယ်အားဖြင့် “ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း” ဟူ၍ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2025

အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်သေဆုံးဒဏ်ရာရရှိစေရန် ရည်ရွယ်ကာ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်ခြင်း၊ အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများနှင့် လူနေအိမ်များအနီးတွင် ဖောက်ခွဲရေးပစ္စည်းကိရိယာများ တပ်ဆင်မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှမိုင်းထောင်ဖောက်ခွဲခြင်းများအား နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2025

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ ညောင်ရွှေမြို့နယ်၊ ပထမမိုင်းသောက်ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Ms.Yasmine Praz Dessimoz နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Regis Savioz ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2025

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတွင် ဧပြီ ၁၀ ရက်အထိ သေဆုံးသူ ၃၆၀၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၈၁၇ ဦးနှင့် ပျောက်ဆုံးသူ ၁၄၁ ဦး ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2025

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ နီပေါနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ စုစုပေါင်းပစ္စည်းတန်ချိန် ၂၅၄၄၅ ကီလိုဂရမ် တင်ဆောင်လာသော A-330 အမျိုးအစားလေယာဉ်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2025

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့် ပြည်သူများအတွက် ယူအေအီးနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် Aerostan လေကြောင်း လိုင်းမှ လေယာဉ်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး အဆိုပါလေယာဉ်တွင် မြန်မာနိုင်ငံငလျင်ဘေးဒဏ်သင့်ဒေသများအတွက် လှူဒါန်းသည့် ဆေးဝါးများနှင့် ယာယီတဲများ စုစုပေါင်း ၆၅ ထုပ်၊ ၂၄၈၆၀ kgကို တင်ဆောင်၍ ရောက်ရှိလာသည်။

ဆက်လက်ဖတ်ရှုရန်