Skip to main content

Jun 05, 2025

ဟိုင်နန်ပြည်နယ် ဟိုင်ခုန်မြို့တော် ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှု လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကော်မတီ၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သောမြန်မာကိုယ်စား လှယ်အဖွဲ့သည်ဇွန် ၁ ရက်မှ ၃ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှု လွတ်လပ်သောကုန်သွယ်မှုဇုန် (Haikon Integrated Free Trade Zone) သို့ လေ့လာရေးခရီး သွားရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရရှိရေးအတွက် လေအေးပေးစက်တပ်ဆင်/ ပြုပြင်ခြင်းနှင့် မော်တော်ယာဉ် စက်ပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းသားသမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်ပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးအမှတ် (၉) လောကနတ်ခန်းမ၌ကျင်းပ ရာဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH နှင့် NUG တို့သည် နိုင်ငံရေးကိုအကြောင်းပြ၍ တော်လှန်ရေးဟုခေါင်းစဉ်တပ်ကာ PDF အမည်ခံ အကြမ်းဖက်သမားများ ဖြစ်ပေါ်ကြီးထွားလာအောင် လမ်းမှားသို့ ပို့ဆောင်ခဲ့ကြသူများဖြစ်သည်။ ၎င်းအကြမ်းဖက်အဖွဲ့များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများ၊ လမ်း၊ တံတား ဖောက်ခွဲဖျက်ဆီးမှုများအပြင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးမှာ နှစ်ပေါင်း ၁၀၀ ကျော်ကာလအတွင်း ဒုတိယအပြင်းထန်ဆုံးဖြစ်ပြီး လက်ရှိမျိုးဆက်တို့အဖို့ မကြုံစဖူး ကြောက်မက်ဖွယ်ရာပင်ဖြစ်သည်။ ငလျင်လှုပ်ခတ်အပြီးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အရေးအကြီးဆုံးအချိန်သည် ပထမဆုံး ၇၂ နာရီ (Golden Hour) ဖြစ်သည်။ အပြိုအပျက်များအကြား ပိမိ၊ ပိတ်မိနေသူများကို စောစောကယ်ဆယ်နိုင်လေ ရှင်သန်ရန်အခွင့်အလမ်းများလေဖြစ်သည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားသည့် ငလျင်သတင်းကို သိလျှင် သိချင်း လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်ပြီး နောက်တစ်နေ့မနက် မိုးလင်းသည်နှင့် မြန်မာ့မြေပေါ်သို့ အစောဆုံးရောက်ရှိလာသည့် ကယ်ဆယ်ရေးအဖွဲ့မှာ ဆွေမျိုးပေါက်ဖော် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့ဖြစ်သည်။ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံဟုဆိုရာတွင် မြန်မာနိုင်ငံနှင့် ရေမြေတစ်ကြောတည်း ဆက်စပ်နေသည်မှာ ယူနန်ပြည်နယ်ဖြစ်သည်။ ကယ်ဆယ်ရေးအထောက်အကူပြု ခေတ်မီကိရိယာများပါ ယူဆောင်လာခဲ့သည့် ယူနန်ကယ်ဆယ်ရေးအဖွဲ့သည် နေပြည်တော်တွင် ဆိုးဆိုးရွားရွားပျက်စီးသွားခဲ့သည့် ဥတ္တရသီရိဆေးရုံတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ခဲ့ရပြီး အသက်ရှင်ကျန်နေသူနှစ်ဦးကို ကြိုးပမ်းကယ်ဆယ်နိုင်ခဲ့သည်။ ယူနန်ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့သည်ငလျင်လှုပ်ပြီး ၁၈နာရီအကြာတွင် ပထမဆုံးရောက်ရှိလာခဲ့သည့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန် ၁ ရက်မှစ၍ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းဘေးရှိ ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ပြည်သူများသည် ရေဝင်ရောက်မှုမရှိသည့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

ညောင်ရွှေမြို့နယ် သာလေးကျေးရွာအုပ်စု နမ်းဟူးကျေးရွာရှိ ဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်း၌ စက်ယန္တရားကြီးများဖြင့် မြေထိန်းနံရံများ ပြုလုပ်ဆောင်ရွက်နေမှုများ၊ ဖောင်တော်ဦးဘုရားကျောင်းဆောင်နှင့် ရင်ပြင်တော် Soil Test တူးဖော်ပြီးစီးမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေမှုများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ Naypyitaw State Polytechnic University တွင် အင်အားပြင်း မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ရပ်နားခဲ့ရသည့် တက္ကသိုလ်များ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်းများဖြစ်ကြသည့် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်တို့၏ အင်ဂျင်နီယာနှင့် ဗိသုကာသင်တန်း၊ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာသင်တန်းတို့၏ ပထမနှစ်ဝက်စာမေးပွဲ ဆက်လက်ဖြေဆိုနေကြသည့် ကျောင်းသား ကျောင်းသူများကို သွားရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများကို ဇွန် ၂ ရက်မှ စတင်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများက အေးချမ်း ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ကျောင်းများ စတင်ဖွင့်လှစ်ပြီး ဒုတိယရက်ဖြစ်သော ယနေ့တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၀၃၁၀၁၂ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးသည် ယနေ့ နံနက်ပိုင်းတွင် ငလျင်ဒဏ်ခံစားခဲ့ရသည့် ကော်မရှင်ရုံးဝန်ထမ်းများ လတ်တလောနေထိုင်ရေး အဆင်ပြေစေရန် ရုံးဝင်းအတွင်းရှိ ကားရပ်နားရန် နေရာနှင့် ထမင်းစားဆောင်ရှိ ယာယီအခန်းငယ်များ၌ နေရာချထားမှုအခြေအနေနှင့် ရုံးဝင်းအတွင်းရှိ မြေလွတ်၊ မြေရိုင်းများကို စနစ်တကျပြုပြင်၍ တည်ဆောက်လျက်ရှိသည့် ဘာရှာအဆောက်အအုံနှင့် ရေ၊ မီး၊ မိလ္လာ၊ Modular House ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၅ ကို ယနေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်- ၅၂ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန် ၁ ရက် ညနေပိုင်းက မိတ္တီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာအုပ်စု မကျီးချောက်ကျေးရွာနေ ကျော်ဇေယျ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ကျော်ဇေယျနှင့် အောင်ဇော်ဝင်း (ခ) ကုလားမတို့နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်း ဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၅၂ သိန်း)၊ ဆေးခြောက်အလေးချိန် ၃  ကီလို (ဆေးခြောက်တစ်ကီလို လျှင် ငါးသိန်းကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်၁၅ သိန်း) နှင့် ငွေကျပ် ၁၀ သိန်းတို့အား ဖမ်းဆီးရမိသဖြင့် ကျော်ဇေယျ (၃၈)နှစ် နှင့် အောင်ဇော်ဝင်း (ခ) ကုလားမ (၃၉) နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများကို ဇွန် ၂ ရက်မှ စတင်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ကျောင်းများ စတင်ဖွင့်လှစ်ပြီး ဒုတိယရက်ဖြစ်သော ယနေ့တွင် ကျောင်းသား ကျောင်းသူစုစုပေါင်း ၆၀၃၁၀၁၂ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ဇွန် ၃ ရက်တွင် ၆၄ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

သမဝါယမကဏ္ဍက အရည်အချင်းပြည့်မီသော စာရင်းကျွမ်းကျင်သူများ မွေးထုတ်ပေးရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ အခြေခံပညာ Grade - 9 အောင်မြင်ပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများ တက်ရောက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစကာ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) များတွင် အခြေခံပညာကျောင်းများကဲ့သို့ နှစ်စဉ် ဇွန်လမှ ဖေဖော်ဝါရီလအထိ သင်တန်းကာလကိုးလဖြင့် သုံးနှစ်သင်တန်းကို ဖွင့်လှစ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်