Feb 11, 2023
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ
Feb 11, 2023
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၌ ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့သည်။
Feb 11, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဝန်ကြီးဌာနအဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့တွင် ရုံးအမှတ် (၁) နေပြည်တော်၌ ကျင်းပသည်။
Feb 11, 2023
ရခိုင်ပြည်နယ်၌ ရောက်ရှိနေသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများသည် ဖေဖော်ဝါရီ ၉ ရက်တွင် ကျောက်တော်မြို့ မဟာမုနိယာယီနေရပ်စွန့်ခွာ စခန်းသို့ ရောက်ရှိခဲ့ကြပြီး စခန်းရှိနေရပ်စွန့်ခွာ တိုင်းရင်းသားပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
Feb 11, 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများကို တွေ့ဆုံရာ ရခိုင်ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ပြည်နယ်အတွင်း ဌာန၏ရည်မှန်းချက် တာဝန်များ အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်နှင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ကောက်ယူရရှိသည့် အိမ်ထောင်စုစာရင်းများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်နေမှု၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
Feb 11, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေး သံမှူးများကို ယနေ့နံနက် ၉ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ တွေ့ဆုံသည်။
Feb 11, 2023
၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ တိုင်းရင်းသားများ စုံလင်စွာဖြင့် အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
Feb 11, 2023
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းရင်းသားရိုးရာ အစားအသောက်ပွဲတော်ကို ယနေ့တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကား ပြောကြားသည်။
Feb 11, 2023
ပြည်ထဲရေးဝန်ကြီးဌာန မိသားစုပဉ္စမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိရုံးအမှတ် (၃၈) ၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ နှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ/ အရာရှိကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
Feb 11, 2023
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများသည် ယနေ့တွင် နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် စုပေါင်းပြီးသွေးလှူဒါန်းကြရာ နေပြည်တော် ခုတင် (၁၀၀၀) အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သွားရောက်ကြည့်ရှုအားပေးသည်။
Feb 11, 2023
၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို မတ် ၅ ရက် (၁၃၈၄ ခုနှစ်၊ တပေါင်း လပြည့်နေ့) တနင်္ဂနွေနေ့ မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို မတ် ၃ ရက် နံနက် ၉ နာရီခွဲတွင်လည်းကောင်း၊ နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
Feb 11, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နှစ်ပေါင်းထောင်ချီကာလကတည်းက ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေများ ထွန်းကားခဲ့သည့်နိုင်ငံဖြစ်သည်။ တိုင်းရင်းသားလူမျိုးစု တစ်ရာကျော်တို့သည် သမိုင်းစဉ်တစ်လျှောက် အေးအတူပူအမျှ အခြေချနေထိုင်လာကြပြီး ကမ္ဘာ့အလယ်တွင် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ခိုင်မြဲစွာရပ်တည်ခဲ့သောနိုင်ငံဖြစ်သည်။ ထိုသို့ နှစ်ပေါင်းထောင်ချီ အရှည်တည်တံ့စွာ ရပ်တည်နေထိုင်လာခဲ့ခြင်းသည် တိုင်းရင်းသားလူမျိုးအားလုံး၏ စည်းလုံးညီညွတ်မှု အရင်းခံအကြောင်းကြောင့်ဖြစ်သည်မှာ အငြင်းပွားစရာမရှိပါ။
Feb 11, 2023
သယံဇာတပြည့်စုံကြွယ်ဝ၍ တည်နေရာအချက်အချာကျပြီး ဥတုသပ္ပါယ မျှတသည့်နိုင်ငံ၊ သင့်တင့်မျှတသည့်လူဦးရေ၊ မြေနှင့်ရေ အရင်းအမြစ်တို့ကြောင့် စားရေရိက္ခာအတွက် မည်သည့်အခါမျှ မကြောင့်ကြရသည့်နိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံများတွင် ဒုတိယအကျယ်ဝန်း ဆုံးသောနိုင်ငံဖြစ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် အဓိကတိုင်းရင်းသား လူမျိုးကြီး ရှစ်မျိုး၊ တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် ၁၃၀ ကျော်တို့ အတူတကွစုပေါင်းနေထိုင်ကြရာ နိုင်ငံဖြစ်သည့်အလျောက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ရေးသည် နိုင်ငံ၏ ပစ္စုပ္ပန်အတွက်ရော အနာဂတ်အတွက်ပါ လွန်စွာအရေးကြီးလှကြောင်း သတိပေးတိုက်တွန်း နှိုးဆော်လိုသည်။
Feb 10, 2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ထော်နွတ်ကျေးရွာအနီးရှိ သံကူကွန်ကရစ် တံတားအား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Feb 10, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီး/ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၀ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
Feb 10, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 10, 2023
မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် စေတနာရှင်အလှူရှင်များက အလှူငွေများလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
Feb 10, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့တွင် ၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။