Mar 21, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဗီယင်နာမြို့အခြေစိုက် ဩစတြီးယားနိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် Mr. Mag Philip Schonthal ကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Mar 21, 2023
ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများနှင့်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ကျင်းပသည်။
Mar 21, 2023
တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစတင်၍ တိုင်းရင်းသားပြည်သူများနှင့် ဖွဲ့စည်းတည်ဆောက်ထားသည့် တစ်ခုတည်းသော နိုင်ငံ၏အင်အားစုကြီးဖြစ်သည်။ စည်းကမ်းကောင်းမွန်မှု၊ စည်းလုံးညီညွတ်မှုအင်အားများဖြင့် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် အစဉ်အဆက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိသည်။ အင်အားတောင့်တင်း ခိုင်မာပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော်တည်ဆောက်လျက်ရှိကာ တပ်မတော်အင်အား တောင့်တင်းခိုင်မာသည်နှင့်အမျှ နိုင်ငံတော်လည်း အင်အားတောင့်တင်းခိုင်မာနေမည် ဖြစ်သည်။
Mar 21, 2023
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း ဧရိယာအကျယ်အဝန်း ၂၂၀၀၆ ဧကရှိသော နန်ဖာဒင် ကြိုးပြင်ကာကွယ်တော၊ အင်းတော်မြို့နယ်အတွင်း ဧရိယာအကျယ်အဝန်း ၁၃၆၃ ဧကရှိသော ဂဟဲ (၂) ကြိုးပြင်ကာကွယ်တော၊ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း ဧရိယာအကျယ်အဝန်း ၆၇၈ ဒသမ ၁၉ ဧကရှိသောကျောက်တစ်လုံး ကြိုးပြင်ကာကွယ်တောတို့ကို ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်မှစ၍ သတ်မှတ်ကြေညာလိုက်သည်။
Mar 20, 2023
Chin Dwin Shan Constrution Co,Ltd နှင့် Earth Renewable Energy Co,Ltd တို့၏ 60 KW DC Fast Charging Stationနှင့် EV Charging Station ဖွင့်ပွဲများကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ သခင်မြပန်းခြံနှင့် လှည်းကူးမြို့နယ်ရှိ အမြန်လမ်းမိုင်တိုင် (၁) မိုင်တို့၌ပြုလုပ်ရာ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်၀င်းဆွေ၊ ဆောက်လုပ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဉီးဝင်းဖေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၀န်ကြီးများနှင့် တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Mar 20, 2023
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဖြင့်ရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများသည် ပေါက်တောမြို့နယ်၊ ပြိုင်းတောင်ကျေးရွာအုပ်စု၊ စိုးမဲကျီကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော မျက်စိခွဲစိတ်လူနာ ၆ ဦးအား ဆေးရုံရေယာဉ်ပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Mar 20, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
Mar 20, 2023
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ [Democratic Party of National Politics (DNP)]၊ ကချင် အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC)] နှင့် ရခိုင်အမျိုးသားပါတီ (Arakan National Party) တို့သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့ပါသည်။
Mar 20, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိစာသင်တိုက်များမှ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်မုံရွာမြို့ရှိ ရန်ကင်းကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
Mar 20, 2023
(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
Mar 20, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၉-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၁၅၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိရပါ။
Mar 20, 2023
(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ မောရဝတီပန်းခြံမြက်ခင်းပြင်၌ ကျင်းပသည်။
Mar 20, 2023
သံပုရာပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသလို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင်လည်း အများအပြားစိုက်ပျိုးကြပါသည်။ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို၊ စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သံပုရာသီးကို လူအများ အသုံးပြုကြသဖြင့် စိုက်ပျိုးမှုများပြားလာပါသည်။
Mar 20, 2023
ဆိတ်မွေးမြူရာတွင် ဆိတ်အမျိုးအစားအလိုက်၊ နေရာဒေသအလိုက် ဆိတ်များကို စီးပွားဖြစ် ဝင်ငွေတိုးရန်အတွက် မွေးမြူကြပါသည်။
Mar 20, 2023
မရမ်းသီးသည် ဟင်းလျာအဖြစ်စားလို့ရသလို သရေစာအဖြစ်လည်း စားသုံးလို့ရတဲ့ ကျန်းမာရေးအထောက်အကူပြု သီးနှံတစ်မျိုးဖြစ်ပါသည်။
Mar 20, 2023
ကျွန်မတို့မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးရုံသာမက ပြည်ပသို့တင်ပို့ရောင်းချကြသော ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ မြန်မာနိုင်၏ စိုက်ပျိုးမြေဧရိယာ ၂၀% ခန့်သည်ပဲမျိုးစုံစိုက်ပျိုးနေပြီး မတ်ပဲ၊ ပဲစင်းငုံ၊ပဲတီစိမ်း စသည့်ပဲများသည် နှစ်စဉ်ပြည်ပသို့ တင်ပို့ရောင်းချမှုအများဆုံးပဲများဖြစ်ပြီး ပြည်ပ ဝင်ငွေရှာဖွေပေးနိုင်သောသီးနှံများ ဖြစ်ကြပါသည်။
Mar 20, 2023
ယာကွန်ဥသည် သဘာဝကပေးသော အလွန်အစွမ်းထက်၍ ဆေးဖက်ဝင်သော Super Food ဖြစ်ပါသည်။ အရည်ရွှမ်းပြီး ကြွပ်ဆပ်ကာ ချိုသောအရသာရှိသည့်အတွက် မြေအောက်ပန်းသီးဟု တင့်စားခေါ်ဝေါ်ကြပါသည်။ ယာကွန်ဥတွင် ပါဝင်သောအချိုဓာတ်သည် သွေးချို၊ ဆီးချိုဝေဒနာရှင် များအတွက် အန္တရာယ်မရှိသောကြောင့် ဆီးချိုဝေဒနာရှင်များစားလို့ရသည့် အစားအစာဖြစ်ပါသည်။
Mar 20, 2023
ဇီးသီးအမျိုးပေါင်းများစွာရှိသည့်အနက်မှ လေးပင်ဇီးသီးသည် မကွေးတိုင်း၊ ရွှေစက်တော်သို့ သွားသောလမ်းမကြီးပေါ်ရှိ လေးပင်ရွာမှ ထွက်ရှိသော ဇီးသီးဖြစ်ပါသည်။ ဇီးပင်၏ မူရင်းဒေသသည် အရှေ့တောင်အာရှမှဖြစ်ပြီး မျိုးရင်းမှာ (ROSACEAE) ဖြစ်ကာ ရုက္ခဗေဒအမည်မှာ Zizyphusjujuba ဖြစ်ပြီး
Mar 20, 2023
ခရီးသွားများ အပန်းဖြေအနားယူနိုင်သည့် စိမ်းစိုသောပတ်ဝန်းကျင်များ ဖော်ထုတ်ရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသောဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေး၊ လုံခြုံရေးနှင့် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ်တို့ အသုံးပြု၍ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလှုပ်ရှားမှုများတွင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်းသိရသည်။ ဟိုတယ်အဆင့်အတန်းကို ဟိုတယ်အခန်းဖွဲ့စည်းမှု၊ အသုံးအဆောင်ပစ္စည်းများအရည်အသွေး၊ ဟိုတယ် ဝန်ထမ်းများ၏ အရည် အသွေး ဝန်ဆောင်မှုစံချိန်စံညွှန်းများ၊ အဆောက်အဦ၏ အင်ဂျင်နီယာပိုင်းဆိုင်ရာ အရည်အသွေးများ အပေါ် မူတည်သတ်မှတ်ခြင်းဖြစ်သည်။
Mar 20, 2023
တောင်ငူခရိုင်အနေဖြင့် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုး ရေးကို ဆောင်ရွက်လျက်ရှိရာ နေကြာစိုက်ပျိုးခြင်းကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ နေကြာသည် စိုက်ပျိုးထုတ်လုပ်မှုစရိတ် နည်းပါးခြင်း၊ အပျက်အစီးနည်းခြင်း၊ အထွက်နှုန်း ကောင်း ခြင်းနှင့် ဆီထွက်နှုန်းကောင်းခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အထောက်အကူပြု နိုင်သည့် ဆီထွက်သီးနှံဖြစ်ပါသည်။