နိုင်ငံတည်ဆောက်ရေးတွင် အင်အားတစ်ရပ်အဖြစ် ပါဝင်
ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်။ ပြည်တွင်း အင်အားများသည် စုစည်းညီညွတ်ပြီး တက်ကြွလှုပ်ရှားကာ အပေါင်းလက္ခဏာ ဆောင်နေမည်ဆိုပါက နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို အလျင်အမြန်ရရှိနိုင်ပြီး တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်မားအောင် ဆက်လက်တည်ဆောက်၍ ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်မည်ဖြစ်သည်။ စုစည်းညီညွတ် မှုမရှိ၊ အဖျက်အုပ်စုများ ပေါ်ထွက်နေလျက် ဆန့်ကျင်ဘက် လားရာများဆီသို့သာ ဦးတည်နေမည်ဆိုပါက နိုင်ငံဖွံ့ဖြိုး တိုးတက်မှုမှာ အနုတ်လက္ခဏာပြပြီး နိမ့်ကျနေမည်ဖြစ်သည်။