မြန်မာ့အလင်းအယ်ဒီတာအာဘော်
မိုးကြိုကာလ မိုးကြိုးအန္တရာယ်
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က မိုးကြိုးပစ်မှုများ ကြောင့် နှစ်နာရီအတွင်း လူကိုးဦး သေဆုံးခဲ့ကြောင်း၊ သေဆုံး သူအများစုမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြသည့် ကျေးလက်ပြည်သူများဖြစ်ကြောင်း နိုင်ငံတကာ သတင်း တစ်ပုဒ်တွင် ဖတ်ရှုရသည်။ မိမိတို့ မြန်မာနိုင်ငံတွင်လည်း မိုးကြိုးပစ်မှုကြောင့် နှစ်စဉ် လူနှင့် ကျွဲနွား သေဆုံးမှုများ ရှိခဲ့ရာ ယခု ၂၀၂၃ ခုနှစ်တွင်လည်း လူသေဆုံးမှုများ ရှိခဲ့ပြီ ဖြစ်သည်။
ရာသီအလိုက်သဘာဝဘေးအန္တရာယ်များ ကြိုတင်လေ့လာသတိပြုရှောင်ရှား
၂၁ ရာစုဦးပိုင်းမှစတင်၍ ရာသီဥတုပြောင်းလဲမှုများ ကမ္ဘာ တစ်ဝန်းလုံးတွင် သိသာထင်ရှားစွာ ဖြစ်ပေါ်လာခဲ့ရာ ကမ္ဘာ့ နိုင်ငံအသီးသီးတို့တွင် ပုံမှန်မဟုတ်သော ရာသီဥတုအခြေအနေ များနှင့် ဖြစ်စဉ်များကို ကြုံတွေ့လာခဲ့ကြရသည်။ ရာသီဥတု ပြောင်းလဲမှုဟု ဆိုရာတွင် ကောင်းသောပြောင်းလဲမှုထက် ဆိုးသော ပြောင်းလဲမှုက ပိုမိုများပြားပြီး သဘာဝဘေးအန္တရာယ် များ အရေအတွက်အားဖြင့် ပိုမိုဖြစ်ပေါ်လာသလို ပိုမို၍လည်း ပြင်းထန်လာသည်ဟု မိုးလေဝသပညာရှင်များက ပြောဆို သည်။
အကြမ်းဖက်ဂိမ်းများ ဝေးဝေးကရှောင်ကြဉ်
မိမိတို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် လူငယ် များ အင်တာနက်ဂိမ်းအလွန်အကျွံကစားခြင်းနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ကြောင်း မီဒီယာများတွင် တွေ့ရှိရသည်။ လူငယ်များအကြား ဂိမ်း စွဲလမ်းမှုပြဿနာမှာ စိုးရိမ်ဖွယ်ရာဖြစ်လာရသည့် အခြေ အနေတွင် အသက် ၁၈ နှစ်အောက် လူငယ်များကို ရက် သတ္တပတ်၏ နောက်ဆုံးရက်ဖြစ်သော သောကြာနေ့နှင့် စနေ၊ တနင်္ဂနွေနေ့တို့တွင် တစ်ရက်လျှင် တစ်နာရီနှုန်းဖြင့် တစ်ပတ် လျှင် သုံးနာရီထက်ပို၍ ဂိမ်းမကစားရန်အတွက် နည်းပညာဖြင့် ထိန်းချုပ်ခြင်းဖြစ်သည်ဟုလည်း သိရသည်။
နေ့အပူချိန်များမြင့်မားလာချိန် အပူဒဏ်အန္တရာယ်ကာကွယ်ကြရန်လို
မြန်မာနိုင်ငံ မြို့နယ်အချို့တွင် ဖြစ်ပေါ်နေသည့် ထူးခြားသည့် နေ့အပူချိန်များကို မိုး/ဇလက နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိ ရာ ယခုရက်ပိုင်းအတွင်း နေ့အပူချိန်သည် အချို့မြို့များတွင် ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိလာသည်ကို တွေ့ရသည်။ ကျန်းမာရေးပညာရှင်များ၏ အဆိုအရ လူတစ်ယောက်၏ ခံနိုင်ရည်အပူချိန်သည် ၃၇ ဒီဂရီစင်တီဂရိတ်အထိသာဖြစ်ပြီး ယင်းထက်အပူချိန် ပိုမိုမြင့်တက်လာပါက ပင်ပန်းနွမ်းနယ် ခြင်း၊ မူးမော်ခြင်းမှသည် သတိလစ်ခြင်းနှင့် အသက်အန္တရာယ် တို့အထိ ဖြစ်ပေါ်နိုင်ခြင်းကြောင့် လူတိုင်းအပူဒဏ်အန္တရာယ် မှ ကာကွယ်နေထိုင်ကြရန်လိုသည်။
ပုံမှန်အခြေအနေရောက်ရှိရေး ပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် တွင် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်။”ဟူသော လုပ်ငန်းစဉ်တစ်ရပ် ကို ထည့်သွင်းချမှတ်ထားသည်။ အဆိုပါ ရှေ့လုပ်ငန်းစဉ် သည် နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံသားအားလုံး ပါဝင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့် နိုင်ငံရေး ရည်မှန်းချက် နှစ်ရပ်လည်း ဖြစ်သည်။
အကြမ်းဖက်ခံနေရသည့် မြန်မာ့ရိုးရာ နှစ်ကူးသင်္ကြန်
နှစ်ဟောင်းတစ်ခုကုန်၍ နှစ်သစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူးပွဲတော်များ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ရိုးရာ ဓလေ့အလိုက် ပျော်ပျော်ရွှင်ရွှင်၊ ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြစမြဲ ဖြစ်သည်။ တစ်နှစ်တွင် တစ်ခါသာ ကျင်းပရသည့် နှစ်သစ်ကူး ပွဲတော်များက လူတို့၏ စိတ်နှလုံးကို ပျော်ရွှင်ကြည်နူးစေသည်။ ပျော်ပွဲရွှင်ပွဲများနှင့်အတူ ကောင်းမှုကုသိုလ်များ ပြုလုပ်ကြပြီး နှစ်သစ်ကို မင်္ဂလာရှိစွာ ကြိုဆိုကူးပြောင်းကြသည်။