မြန်မာ့အလင်းအယ်ဒီတာအာဘော်

လယ်ယာမြေများကို အခြားနည်းများဖြင့် သုံးစွဲမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်

မိမိတို့နိုင်ငံ၏ စီးပွားရေးတွင် စိုက်ပျိုးရေးသည် အဓိကကဏ္ဍ တစ်ခုဖြစ်ပြီး   နိုင်ငံ့လူဦးရေ၏  ၇၀  ရာခိုင်နှုန်းဖြစ်သော ကျေးလက်နေပြည်သူများ  ပါဝင်လုပ်ကိုင်နေကြသည့် ကဏ္ဍ ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးတို့မှာ မြေယာကို အခြေပြု ရသော လုပ်ငန်းများဖြစ်သည့်အလျောက် မြေအသုံးချမှုများနှင့် စပ်လျဉ်း၍ အနာဂတ်အထိပါ မျှော်မှန်းကာ စနစ်တကျ စီမံ ခန့်ခွဲကြရမည်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက “မိမိတို့ နိုင်ငံတွင် လူသန်း ၁၀၀ အတွက် စိုက်ပျိုး‌မြေ  လုံလောက်စွာ ရှိရန်   မျှော်မှန်းဆောင်ရွက်ရမည်ဖြစ်သဖြင့်  လယ်ယာမြေ များကို   အခြားနည်းများဖြင့်   သုံးစွဲမှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်ရန်” မကြာသေးမီက မှာကြားခဲ့ရာ အနာဂတ်တ

ပညာပြည့်ဝ နှလုံးလှသည့် လူငယ်များဖြစ်အောင်ကြိုးပမ်း

 

“ပညာပြည့်ဝနှလုံးလှသည့်     လူငယ်များ၏     အားကသာ  နိုင်ငံတော်ကို စစ်မှန်သည့်  အကျိုးဖြစ်ထွန်းစေခြင်းကြောင့် မောင်တို့မယ်တို့သည် ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ ဖြစ်အောင် ကျင့်ကြံကြိုးစားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၉ ရက် နေ့ နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်တွင် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများ အား   တွေ့ဆုံအမှာစကားပြောကြားရာတွင်   ထည့်သွင်း ပြောကြားခဲ့သည်။

 

စေတနာသဒ္ဓါတရားဖြင့်ပါဝင်

 

မုန်တိုင်းဒဏ်သင့်ဒေသများတွင်   ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီဖြစ်သည်။ အလွန့်အလွန်အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း၏ အဖျက်စွမ်းအားကြောင့်   ဖြစ်ပေါ်လာခဲ့သည့်  အပျက်အစီး ပမာဏမှာ လွန်စွာကြီးမားကျယ်ပြန့်များပြားလှသည်ဖြစ်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းများမှာလည်း ပမာဏကြီးမားလှ သည်။

 

အမျိုးသားပညာရည်မြှင့်တင်ရေးအဖြေရှာမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပထမဆုံး ကျင်းပသော ပညာရေးညီလာခံဖြစ်သည့် “မြန်မာနိုင်ငံလုံး ဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)” ကို မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပညာရေးနှင့်ဆက်စပ်သည့် ဝန်ကြီးဌာန ၁၁ ခုတို့က စုပေါင်းကျင်းပသွားမည်ဖြစ်ရာ အဆိုပါညီလာခံ တွင် နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွက် လာရေး၊ အနာဂတ်ပညာရေးနယ်ပယ်ကဏ္ဍများ အချိန်နှင့် တစ်ပြေးညီတိုးတက်စေရေးတို့အတွက် ရည်ရွယ်၍ စာတမ်း များ ဖတ်ကြားခြင်း၊ ဆွေးနွေးပွဲကျင်းပခြင်းများဆောင်ရွက် သွားမည်ဖြစ်သည်ဟု သိရသည်။

 

ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုဖြင့် သဘာဝဘေးကို ရင်ဆိုင်ကျော်လွှား

 

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ် များ ကျရောက်နိုင်မှုအခြေအနေ မြင့်မားသည့်နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ သဘာဝဘေးအန္တရာယ်များ မကြာခဏကျရောက်နေမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ မြင့်မားရေးတို့ကို ကြီးမား စွာ ထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်စေမည်ဖြစ်သည်။ သဘာဝဘေး အန္တရာယ်ဟူသည်မှာ ဖြစ်မလာအောင် တားဆီး၍မရသော် လည်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင် မှုများ ပြုလုပ်ခြင်းဖြင့်သာ ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်သည်။

 

မုန်တိုင်း၏အဖျက်စွမ်းအား (၃) ရပ် ကြိုတင်တိမ်းရှောင်ခြင်းဖြင့် ဘေးကင်းမည်

 

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း  မိုခါသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ    ကော့ဘဇားမြို့နှင့်     မြန်မာနိုင်ငံ  ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင်  ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း  မိုး/ဇလကခန့်မှန်းထားရာ   မုန်တိုင်းလမ်းကြောင်း ကျရောက် နိုင်သည့်   ဒေသများတွင်   နေထိုင်ကြသည့်  ပြည်သူများ ဘေးအန္တရာယ်လွတ်ကင်းရာများသို့  ရွှေ့ပြောင်းခိုလှုံမှုများ ပြုလုပ်နေကြပြီဖြစ်သည်။

 

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်