နိုင်ငံတည်ဆောက်ရေးတွင် အင်အားတစ်ရပ်အဖြစ် ပါဝင်

 

ပြည့်အင်အားသည်   ပြည်တွင်းမှာသာရှိသည်။  ပြည်တွင်း အင်အားများသည်  စုစည်းညီညွတ်ပြီး တက်ကြွလှုပ်ရှားကာ အပေါင်းလက္ခဏာ       ဆောင်နေမည်ဆိုပါက       နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို  အလျင်အမြန်ရရှိနိုင်ပြီး  တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်မားအောင်     ဆက်လက်တည်ဆောက်၍ ကမ္ဘာ့အလယ်တွင်  ဝင့်ထည်နိုင်မည်ဖြစ်သည်။ စုစည်းညီညွတ် မှုမရှိ၊  အဖျက်အုပ်စုများ  ပေါ်ထွက်နေလျက်   ဆန့်ကျင်ဘက် လားရာများဆီသို့သာ    ဦးတည်နေမည်ဆိုပါက   နိုင်ငံဖွံ့ဖြိုး တိုးတက်မှုမှာ အနုတ်လက္ခဏာပြပြီး နိမ့်ကျနေမည်ဖြစ်သည်။

 


မိမိတို့နိုင်ငံသည်  ပထဝီအနေအထားအရ  အချက်အချာ ကျသောနေရာတွင်   တည်ရှိနေပြီး   နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်  လိုအပ်သော   အရင်းအမြစ်များလည်း    ပိုင်ဆိုင်ထား ပါလျက်နှင့် ပြည်တွင်းအင်အားများ စုစည်းနိုင်မှု အားနည်းချက် ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် နှောင့်နှေးနေရသည်။ ၂၀၂၀  ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲ  မဲမသမာမှုနှင့် အငြင်းပွားမှု များအပေါ်တွင် ဥပဒေနှင့်အညီ  ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံကို အလုံးစုံပျက်သုဉ်းစေပြီးမှ  မိမိတို့်အာဏာကို  ထူထောင် မည်ဟူသော   အတွေးအခေါ်ဖြင့်   လက်နက်ကိုင်အကြမ်းဖက် လမ်းစဉ်ကို  စွဲကိုင်၍   CRPH,NUG  နှင့်  PDF အကြမ်းဖက်အဖွဲ့ အစည်းများ ပေါ်ပေါက်ခဲ့သည်။

 


၎င်းအကြမ်းဖက်အဖွဲ့အစည်းများ၏  လက်ရှိအနေအထား တို့ကို  လေ့လာဆန်းစစ်ကြည့်ပါက  ဦးခေါင်းပိုင်းဟု  ဆိုရမည့် သူများက    တတိယနိုင်ငံများဆီသို့   ခိုလှုံရောက်ရှိနေကြပြီး မြန်မာနိုင်ငံအတွင်း  အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ်အောင် လှုံ့ဆော်ခြင်း၊ လိမ်ညာဝါဒဖြန့်ခြင်း၊ ထောက်ပို့ အမည်ခံသူများက   ခေါင်းစဉ်အမျိုးမျိုးဖြင့်  လိမ်လည်အလှူခံ ကိုယ်ကျိုးရှာမှု၊  အဝေမတည့်မှု၊ စာရင်းပျောက်အင်းပျောက် လုံးဝအပျောက်ရိုက်ပြီး  တစ်ယောက်နှင့်တစ်ယောက်  အပြန် အလှန်ဆဲရေးတိုင်းထွာနေကြခြင်း၊  အကျင့်စာရိတ္တပျက်ယွင်းမှု၊ လူမှုရေးဖောက်ပြန်မှုနှင့်  ဥပဒေမဲ့ထင်ရာစိုင်းမှုများ  ဖြစ်ပေါ် နေခြင်း၊ ပြည်တွင်းရှိ  အကြမ်းဖက်အုပ်စုများမှာလည်း  ကိုယ့် နယ်တွင် ကိုယ်ဗိုလ်လုပ်၍ ပြည်သူလူထုအပေါ်  အကြောက် တရားသွတ်သွင်းကာ အနိုင်ကျင့်ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှု များ  ပြုလုပ်နေခြင်း    စသည်တို့ဖြစ်ပေါ်လျက်ရှိရာ     နွေဦး တော်လှန်ရေးဟူ‌သော ကဗျာဆန်ဆန်ခေါင်းစဉ်၏အောက်တွင်  အနိဋ္ဌာရုံနှင့် အပုပ်နံ့တို့ တထောင်းထောင်းထနေပြီဖြစ်သည်။

 


မိမိတို့၏ နိုင်ငံကို စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရန်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  လက်နက်ကိုင် ဆန့်ကျင်မှုများ လျော့နည်းကင်းစင်သည်နှင့်အမျှ ရည်မှန်းချက် အတိုင်း မြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်  ပြီးမြောက်နိုင် မည်ဖြစ်သည်။ သို့ဖြစ်သည့်အလျောက်   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသည်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့်    တစ်နိုင်ငံလုံး    ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်  ဆောင်ရွက်နေသလို PDF အပါအဝင် အကြမ်းဖက်အဖွဲ့များအတွင်း ရောက်ရှိနေသူများ၊  ဥပဒေပြင်ပရှိ   အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများကိုလည်း   ဥပဒေဘောင်အတွင်း   ပြန်လည် ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိသည်။
အကြမ်းဖက်အဖွဲ့အစည်းများနှင့်  ဥပဒေပြင်ပအဖွဲ့အစည်း များအတွင်း  ရောက်ရှိနေသူများအနေဖြင့်  ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားမိလျှင်ပင်  တရားရုံးတွင်   ဥပဒေနှင့်အညီ   အမှု ရင်ဆိုင်ဖြေရှင်းကာ  ပုံမှန်နိုင်ငံသားဘဝကို   ပြန်လည်ခံယူနိုင် ကြမည်ဖြစ်သည်။ ၎င်းတို့အတွက် အခွင့်အရေးအနေဖြင့် ပြစ်မှု အတိုင်းအတာအပေါ်  မူတည်၍   ဥပဒေကြောင်းအရ  လိုအပ် သည့် ဖြေလျှော့မှုများ ရနိုင်မည်ဖြစ်သလို လက်နက်ခဲယမ်းများ ပါရှိလာပါကလည်း ဆုကြေးငွေထောက်ပံ့မှုများကို ရရှိနိုင်ကြဦး မည်ဖြစ်သည်။

 


အမိနိုင်ငံအတွင်း     အစဉ်တစိုက်   နေထိုင်လာခဲ့ကြသည့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏  အစစ်အမှန်ဆန္ဒသည် နိုင်ငံတစ်ဝန်းလုံး  အေးချမ်းသာယာရေး၊  ထာဝရငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်   ပြည်သူတို့၏   လူမှုစီးပွား ဘဝများ ကောင်းမွန်ရေး၊ မြင့်မားရေးပင်ဖြစ်ရာ မိမိတို့၏ ကာယ၊ ဉာဏစွမ်းအားများကို  အကြမ်းဖက်အဖျက်လုပ်ငန်းများတွင် မနစ်မွန်းစေဘဲ    အပေါင်းလက္ခဏာဆောင်သည့်    တိုင်းပြည် တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်နိုင် ကြပါစေကြောင်း။       ။