လူမှုရေး

ကိုယ်ကျင့်သီလ…ဆင်တိုင်းလှသည်

 

ဒေါက်တာမင်းသန့် (ဒဿန)

 

စမ်းရေဘယ်လောက်အေးအေး. . . စန္ဒကူးဘယ်လောက်မွှေးမွေး . . . လောကမှာ အအေးဆုံး၊ အမွှေးဆုံးဟာ ကိုယ်ကျင့်သီလတရားပါပဲလို့ မြန်မာ့ဆိုရိုးစကားရှိသည်။ မှန်၏၊ စမ်းရေ၏ အေးခြင်း၊   ပန်းရနံ့၏ မွှေးခြင်းက စမ်းရေစီးဆင်းရာတစ်လျှောက်သာ အေးနိုင်ပေလိမ့်မည်၊ ပန်းရနံ့က လေအောက်သယ်ယူနိုင်သလောက်သာ မွှေးနေပေလိမ့်မည်။ ကိုယ်ကျင့်သီလ၏ အေးမြမှု၊ မွှေးပျံ့မှုကား အတိုင်းအတာ၊ လေအောက် လေညာ ကန့်သတ်ချက်မရှိ၊ လူ့ဘုံ နတ်ဘုံ၊ ဗြဟ္မာဘုံတစ်ခွင်လုံးပျံ့နှံ့နေမည်ဖြစ်၍ ကိုယ်ကျင့်သီလသည်သာ အအေးဆုံး၊ အမွှေးဆုံးဟု ဆိုရခြင်းဖြစ်ပေမည်။

 

စိမ်း၍ မစိမ်းသော မနောမြေ

 

မြင့်စိုး(နတလ)

 

မြစ်ကြီးနားမြို့နယ်ထဲက မော်ဖောင်းစံပြကျေးရွာ


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သည် နေပြည်တော် တပ်ကုန်းမြို့နယ်၌  ဂွေးပင် ကျေးရွာ၊  ပျဉ်းမနားမြို့နယ်၌  ကျွန်းဦးကျေးရွာ၊ လယ်ဝေးမြို့နယ်၌  သော်မှော်ကုန်းကျေးရွာတို့ကို SMART Village စံပြကျေးရွာများအဖြစ် စတင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးနောက် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်မှစ၍  ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် SMART Village စံပြကျေးရွာပေါင်း ၄၂ ရွာ အကောင်အထည်ဖော်   ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ စီမံကိန်းကာလမှာ နှစ်နှစ် ဖြစ်သည်။

 

ကိုယ်ကျိုးစီးပွားပြိုင်ဆိုင်မှုတွေ တုံ့ပြန်နိုင်ဖို့ဆိုရင်

 

လတ်တလော ကမ္ဘာ့နိုင်ငံရေးမှာ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်ကို သွားရောက် ခဲ့တာကြောင့်   တရုတ်နိုင်ငံနဲ့  အမေရိကန်နိုင်ငံအကြား ဖြစ်လာတဲ့တင်းမာမှုတွေအပေါ်  အားလုံးက   စိုးရိမ်တကြီး  စောင့်ကြည့်နေကြပါတယ်။

 

မိုးရာသီတွင်မွေးမြူသင့်သော လူ့အကျိုးပြု ခြင်စားငါး (ခေါ်) ဒေါင်းငါးမွေးမြူရေး

 

ပင်လယ်ပြာ (ငါးဦးစီး)

ဒေါင်းငါး (Guppy Fish)  ဟု ခေါ်သည့် ခြင်စားငါးများသည် ခြင်သားလောင်း ဖြစ်သည့်   ပိုးလောက်လမ်းများကို စားလေ့ရှိသောကြောင့်    ခြင်ကြောင့် ဖြစ်သော သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဆင်ခြေထောက် အစရှိသည့် ရောဂါများ ကို ကာကွယ်တားဆီးနိုင်ရန်  အိမ်များရှိ ရေလှောင်ကန်၊ စဉ့်အိုးများနှင့် ကျောင်း များရှိ အုတ်ကန်များ၌ ခြင်စားငါးများကို ထည့်သွင်းမွေးမြူလေ့ရှိကြပါသည်။

 


ဒေါင်းငါး၏ မူရင်းဒေသ

သမိုင်းတစ်ကွေ့ အတွေ့အကြုံတစ်ရပ် ကောင်းစွာယူတတ်ပါစေ …

 

ပြည်သူတစ်ဦး

 

စေတုတ္တရာမြို့နယ်သည် မကွေးတိုင်းဒေသကြီး အတွင်းတည်ရှိပြီး ရခိုင်ရိုးမအနောက်တောင်ခြေတွင်တည်ရှိသော ချင်းလူမျိုးများ နေထိုင်ရာဒေသတစ်ခုဖြစ်သည်။ တောတောင်ထူထပ်၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့သည်နှင့်အမျှ ကွန်မြူနစ်ပါတီတို့ ကြီးစိုးရာနယ်မြေဒေသတစ်ခု ဖြစ်ခဲ့သည်။

 

 အလူးအလဲခံခဲ့ရ

ပညာရေး၏ သဘောသဘာဝနှင့် သင်ရိုးသစ်ပညာရေး

 

တူးမာ (ပညာရေး)

 

မာန်လည်ဆရာတော်ဘုရားကြီးရဲ့  မဃဒေဝလင်္ကာသစ်မှာ “ပညာပြည့်ဝ၊   နှလုံးလှသော်၊  ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏” လို့ ဖွဲ့ဆိုထားပါတယ်။ ပညာရဲ့ အနက်သဘော၊ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးကို နိုင်ငံတကာတွေးခေါ်ပညာရှင် အသီးသီး တို့ကလည်း ကာလဒေသအလိုက် အတွေ့အကြုံအမျိုးမျိုးအပေါ် မူတည်ပြီး အဆိုအမိန့်တွေ၊ ဖွင့်ဆိုချက်တွေနဲ့ ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။ မဃဒေဝ လင်္ကာသစ်ရဲ့ ပညာနဲ့ပတ်သက်တဲ့ ဖော်ညွှန်းချက်ဟာ တွေးခေါ်ပညာရှင်တို့ရဲ့ အဆိုအမိန့်များကို လွှမ်းခြုံမိနေတာကို လေ့လာတွေ့ရှိရပါတယ်။

 

Subscribe to လူမှုရေး