
မောင်မျိုးအောင်(ပန်းဧရာ)
နိုင်ငံတကာနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည့် ဗုံးပေါက်ကွဲမှုသတင်း များ၊ အကြမ်းဖက်ခံရမှု သတင်းများကို တီဗွီ၊ သတင်းစာ၊ ဂျာနယ်၊ အင်တာနက် စာမျက်နှာများထက်တွင် နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသည်။ ထိုကဲ့သို့သော အမင်္ဂလာ သတင်းမျိုးကို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသောကြောင့် သတင်းဖတ် သူတို့အဖို့ မထူးဆန်းတော့သည့် သတင်းအား ကြားရသည့်နှယ် ဖြစ်နေ ကောင်း ဖြစ်နေပေမည်။ သို့သော် လက်တွေ့မြေပြင်တွင် အမှန်တကယ် အကြမ်းဖက်ခံရသူများ၏ အသက် အန္တရာယ်နှင့် နောက်ကွယ်က မိသားစု ဘဝတို့သည် များစွာပေးဆပ်နေကြရ သည်။ ခြိမ်းခြောက်ခံနေရသည်။ စိုးရွံ့ ထိတ်လန့်မှုတွေ ဖြစ်ပေါ်ခံစားနေရ သည်။
ကမ္ဘာပေါ်တွင်ရှိသည့် မည်သည့် နိုင်ငံ၊ မည်သည့်လူမျိုးမဆို မည်သည့် အကြမ်းဖက်မှုကိုမျှ လိုလားမည် မဟုတ်ပေ။ မိမိနေထိုင်သည့် တိုင်းပြည် တွင် ငြိမ်းငြိမ်းချမ်းချမ်းသာ နေလိုကြ၏။ နိုင်ငံတစ်နိုင်ငံသည် မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ တိုင်းပြည်အေးချမ်း မှုရှိမှသာ နိုင်ငံတိုးတက်မှုရှိမည်ဖြစ်ပေသည်။ တည်ငြိမ်အေးချမ်းမှုရှိမှသာ တရားဥပဒေစိုးမိုးမှုရှိပြီး ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို နယ်စပ်ဒေသပါ မကျန် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေး
လမ်းကြောင်းပေါ်သို့ တွန်းပို့
ယနေ့ မြန်မာနိုင်ငံအတွင်း နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ပေါ်ပေါက်လာခဲ့ရသည့် အကြောင်း တရားကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ သာမက ကမ္ဘာတစ်ဝန်းကလည်း သိပြီး ဖြစ်ပါသည်။ မဲမသမာမှုကြောင့် ဖြစ်ပေါ် လာသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းခြင်းသည် အသင့်လျော် ဆုံးဖြစ်ပါသည်။ ထိုအကြောင်းအရာကို မျက်ကွယ်ပြု၍ နိုင်ငံရေးအစွန်းရောက် သူများက အကြမ်းဖက်နည်းဖြင့် ဖြေရှင်း ပြီး နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေး လမ်းကြောင်းပေါ်သို့ တွန်းပို့ခဲ့ကြသည်။
မူလက သာမန်ဆန္ဒဖော်ထုတ်ရုံ မျှသာရှိခဲ့ရာမှ အစွန်းရောက်များ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် နိုင်ငံအတွင်း ရှိ မြို့ရွာများ၌ ဆန္ဒပြသူ(Protester)အဖြစ်မှ အကြမ်းဖက် (Terrorist)အဖြစ် သို့ ပြောင်းလဲသွားကြ၏။ “ဒီမိုကရေစီ ရရှိရေး”မှ “အာဏာရှင်စနစ်ကျဆုံးရေး” ဟူသော အကြောင်းအရာသို့လည်း ကောင်း၊ ၎င်းမှ “နိုင်ငံအလုံးစုံ ပျက်သုဉ်း ရေး”ဟူသော ဦးတည်ချက်သို့လည်း ကောင်း ဦးတည်လာကြသည်။ အဆိုပါ ဖြစ်စဉ်တို့သည် ပြည်သူလူထုအတွက် ရှေးရှုချက်အဖြစ် ကြွေးကြော်သံများ တွင်ပင် မပါဝင်ခဲ့ဘဲ လူတစ်စု၏ ကိုယ်ကျိုးစီးပွားနှင့် တစ်ပါတီ ကောင်းစားရေးကို အခြေပြုသည့် နိုင်ငံရေးအန်တုမှုအပေါ်ကနေ ဖြစ်တည် လာခဲ့ခြင်းပင်ဖြစ်သည်။
CDM လုပ်ဆောင်မှုကို အားယူကာ
အစိုးရကိုဖြုတ်ချရန် ဆောင်ရွက်
အကြမ်းဖက်မှုများ၏ အစအဖြစ် Social Punishment ခေါ် ၎င်းတို့နှင့် သဘောထားမတူသူ အပြစ်မဲ့ပြည်သူ လူထုအား လူကြားထဲတွင် လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းအရှက်ခွဲကာ CDM လုပ်ဆောင်ချက်အား စတင်ပုံဖော်ခဲ့ သည်။ CDM လုပ်ဆောင်မှုကို အားတစ်ခု အဖြစ်ရယူကာ ပြည်ပအင်အားစုတို့နှင့် ပြည်တွင်းပုဆိန်ရိုးတို့ ပူးပေါင်း လှုံ့ဆော်ကာ အစိုးရကိုဖြုတ်ချရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ကြ သည်။ အစိုးရ၏လုပ်ဆောင်ချက်အပေါ် စိတ်ဓာတ်ယိမ်းယိုင် သံသယဖြစ်အောင် လုပ်ဆောင်ရာမှအစပြု၍ ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသားများအကြား ပြည်ထောင်စုပြိုကွဲပြီး သွေးချောင်းစီးတိုက်ပွဲများဖြစ်လာသည်အထိ ရည်ရွယ် ကာ နိုင်ငံအတွက် ဆိုးရွားသည့် လုပ်ငန်း စဉ်များအား လုပ်ဆောင်ခဲ့ကြသည်။ ထိုသို့သော လုပ်ငန်းစဉ်ဖန်တီးကြသူ များမှာ NLD လွှတ်တော်ကိုယ်စားလှယ် ဟောင်းအချို့နှင့် နိုင်ငံရေးအစွန်းရောက် များ ပါဝင်ဖွဲ့စည်းထားသည့် မတရား အသင်းအဖြစ် ကြေညာထားခြင်းခံရ သော CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့အစည်းအားလုံးပင် ဖြစ်သည်။
ထိုအဖွဲ့အစည်းတို့သည် မြန်မာနိုင်ငံ ရှိ အပြစ်မဲ့ပြည်သူများအပေါ် ရက်စက် ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများ အဖြစ် ပုဂ္ဂလိကနှင့် ပြည်သူပိုင်ပစ္စည်း များကို ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေရေး ဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့အဖွဲ့မှ ပါဝင်ကျူးလွန် ခဲ့သည့် လူပုဂ္ဂိုလ်အပေါ် တရားရုံးမှ ၎င်းတို့၏လုပ်ရပ်နှင့်အညီ တရားဥပဒေ ကြောင်းအရ ရာဇဝတ်မှုတစ်ခုအတွက် သင့်လျော်ရာပြစ်ဒဏ်ကို စီရင်ချက်ချကာ ပြစ်ဒဏ်တစ်မျိုးမျိုးပေးကြရသည်။
မကြာသေးမီက မတရားအသင်းနှင့် ဆက်သွယ်၍ နိုင်ငံအတွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးနှင့် တရားမဝင် လက်နက်ကိုင်လူသတ်မှုများ ကျူးလွန်ခဲ့ သည့် လူပုဂ္ဂိုလ်တစ်စုအပေါ် တရားရုံးမှ ထိုက်သင့်သည့် ပြစ်ဒဏ်စီရင်ချက် ချမှတ်ခဲ့မှုနှင့် ပတ်သက်ပြီး အနောက် နိုင်ငံအချို့နှင့် ကုလသမဂ္ဂတို့က တာဝန်မဲ့ထုတ်ပြန်ချက်များ ထုတ်ပြန် ခဲ့ကြသည်။ လူ့အခွင့်အရေး အကြောင်းပြ ပြီး ရှုတ်ချခဲ့ကြ၏။ ပြစ်မှုကျူးလွန်သူ များကို ဒီမိုကရေစီသူရဲကောင်းဟု တံဆိပ်ကပ်၏။ ပြစ်ဒဏ်နှင့်ထိုက်သင့် သည့် ပြစ်ဒဏ်စီရင်မှုအပေါ် အမျိုးမျိုး ဝေဖန် ကန့်ကွက်လာကြသည်။ လူ့အသက်ကို တန်ဖိုးမထားသော လုပ်ရပ်များကို မျက်ကွယ်ပြုချင်ကြ၏။ ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏ မိသားစု ဝင်များသာ ထိုကဲ့သော အကြမ်းဖက်မှု မျိုးနှင့် ကြုံတွေ့ခဲ့ရလျှင် အဆိုပါ ထုတ်ပြန်ချက်များ ထုတ်ပြန်နေဦးမည် လားဟု မေးမြန်းရမည်သာဖြစ်၏။ အခြားတစ်ဖက်တွင် ဒီမိုကရေစီအရေး လှုပ်ရှားပါသည်။ တပ်မတော်က နိုင်ငံ၏ အာဏာကိုရယူသဖြင့် တွန်းလှန်ရပါ သည်ဟု ဆိုရုံမျှဖြင့် လူသတ်ဖြတ်ခြင်း၊ မိုင်းဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း တို့ကို တရားလက်လွှတ်လုပ်ခွင့်ရှိသည် လားဟု မေးရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ လက်ရှိအစိုးရ အနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ အပ်နှင်းထားသည့် အခွင့် အာဏာများကို အပြည့်အဝကျင့်သုံး ပိုင်ခွင့်ရှိပါသည်။ မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် လူမျိုး၊ ကိုးကွယ် သည့် ဘာသာနှင့် ကျား/မ မခွဲခြားဘဲ တန်းတူညီမျှအခွင့်အရေး ရရှိခံစားနိုင် မည်ဖြစ်ပြီး နိုင်ငံတော်၏ တရားဥပဒေ များအား လေးစားလိုက်နာရမည်ဖြစ် သကဲ့သို့ တည်ဆဲဥပဒေများအရ နိုင်ငံ သားတိုင်း၏ အခြေခံလူ့အခွင့်အရေး များကို ကာကွယ်စောင့်ရှောက်ပေးထား ကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။
ပြစ်မှုထင်ရှားစွာ စစ်ဆေးတွေ့ရှိ
ထိုက်တန်သည့် စီရင်ချက်ချမှတ်
နိုင်ငံအတွင်း အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်ထားသော ပြစ်ဒဏ်သင့် အကြမ်းဖက်သမားများသည် မြန်မာ နိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအပိုဒ် ၄၉ (က)၊ ၅၀ (ဈ) နှင့် ၅၀ (ည) တို့အား ဖောက်ဖျက်ကျူးလွန် ခဲ့ကြောင်း ပြစ်မှုထင်ရှားစွာ စစ်ဆေး တွေ့ရှိရသည့်အတွက် တရားရုံးက ၎င်းတို့နှင့် ထိုက်တန်သည့် စီရင်ချက် ချမှတ်ခဲ့ခြင်းသာဖြစ်ပါသည်။ ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုတို့အတွက် ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်၍ မြန်မာနိုင်ငံ ၏ တရားစီရင်ရေးစနစ်မှာ လွတ်လပ်၍ နိုင်ငံသားတိုင်းအတွက် သာတူညီမျှ ဖြစ်ပါသည်။ ခေတ်စကားအရဆိုရလျှင် အစိမ်း၊ အနီ၊ အပြာ၊ အဝါ မခွဲခြားထား။ လူမျိုးစုကို သော်လည်းကောင်း၊ ကိုးကွယ်ယုံကြည်မှုကို သော်လည်း ကောင်း ခွဲခြားကန့်သတ်ခြင်း၊ အခွင့် အရေးပေးခြင်းမရှိသည်ကို သတိချပ် သင့်ပါသည်။
အကြမ်းဖက်မှုကျူးလွန်၍ ပြစ်ဒဏ် ကျခံရသူများဖြစ်သည့် မောင်ကျော် (ခ) ဖြိုးဇေယျာသော်နှင့် ဂျင်မီ (ခ)ကျော်မင်းယုတို့သည် အစိုးရဝန်ထမ်း များ၊ ဆရာ၊ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် သဘောထားမတိုက်ဆိုင် သည့် နိုင်ငံရေးပါတီများအပါအဝင် အပြစ်မဲ့ပြည်သူများကို လုပ်ကြံ သတ်ဖြတ်ရန်နှင့် အကြမ်းဖက်လုပ်ရပ် များ ကျူးလွန်ရန်အတွက် ပေါက်ကွဲ အားမြင့်မားသည့် ဖောက်ခွဲရေးပစ္စည်း များနှင့် သေစေနိုင်သည့် လက်နက်များ ကို နောက်ကွယ်မှ ပံ့ပိုးပေးခဲ့သည့် ကြိုးကိုင်စီစဉ်ညွှန်ကြားသူများ ဖြစ်ပါ သည်။
အောက်ဆီဂျင်အိုးများအတွင်း
လက်နက်/ ခဲယမ်းများသယ်ဆောင်
ထိုသို့နှယ် အကြမ်းဖက်သတ်ဖြတ် မှု၊ ဖောက်ခွဲတိုက်ခိုက်မှုများအတွက် လက်နက်/ခဲယမ်းများ သယ်ယူမှုစနစ် တွင်ပင် ၎င်းတို့၏ စိတ်စေတနာအား သိသာနိုင်ပါသည်။ ကိုဗစ်တတိယလှိုင်း ကာလဆိုလျှင် အများမြင်သာမည် ထင်သည်။ မမျှော်မှန်းနိုင်သည့် အခြေ အနေတွင် အောက်ဆီဂျင်အခက်အခဲက ကြီးမားလာသည်။ လိုအပ်သည့် အောက် ဆီဂျင်အတွက် နိုင်ငံတော်မှ နည်းမျိုးစုံ ကြိုးစားမှုများအပြင် အရပ်သားပြည်သူ များကိုပါ အောက်ဆီဂျင်ဝယ်ယူတင်သွင်း ခွင့်ကို ခွင့်ပြုခဲ့သည်။ အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်ရန် ကြိုးစားနေ သည်ဟူသော သတင်းများရထားသည့် တိုင် ပြည်သူများ အဆင်ပြေပါစေတော့ ဟူတော့ စေတနာစိတ်ဖြင့် အောက်ဆီ ဂျင်နှင့် ဆေးပစ္စည်းများ တင်သွင်းပါက စစ်ဆေးမှုကို ကင်းလွှတ်ခွင့်ပြုပေးခဲ့ သည်။ နိုင်ငံတော်မှ စေတနာမှန်ခဲ့သည့် တိုင် အကြမ်းဖက်သမားများအတွက် တော့ ခွင်ဖြစ်ခဲ့သည်မှာ ပြည်သူတို့ အတွက် ဒုက္ခများစွာဖြစ်ခဲ့သည်။ ပြည်သူ များ အသက်ရှည်စွာ အနာမဲ့စေရေး နိုင်ငံတော်အစိုးရ၏စေတနာကို အကြမ်း ဖက်သမားများက အရောင်ဆိုးသည်။ ဆေးနှင့်ဆေးပစ္စည်းများ၊ အောက်ဆီဂျင် အိုးများအတွင်း လက်နက်/ခဲယမ်းများ ကို ကွယ်ဝှက်သယ်ဆောင်ကြသည်။ ပြည်သူ မသေစေလိုသော စေတနာကို ပြည်သူသေစေမည့် ဝေဒနာများဖြစ် လာမည့် လက်နက်/ခဲယမ်းများဖြင့် တိုင်းပြည်နှင့် ပြည်သူကို ဒုက္ခဝေစေခဲ့ သည်။ ဤသို့ပြုမူမှုကို မည်သည့်နိုင်ငံ၊ မည်သည့်ဒေသတွင် လူ့ကျင့်ဝတ်အရ၊ ဥပဒေအရ ခွင့်လွှတ်သင့်သည်ဟု ပြဆို ထားပါသနည်းဟုမေးပါက အဖြေရှိမည် မဟုတ်ပေ။
အကြမ်းဖက်မှုပြစ်ဒဏ် ကျူးလွန် ခဲ့သည့် ကျော်မင်းယု (ခ) ဂျင်မီ၏ ပြစ်ဒဏ်ကျူးလွန်ခဲ့မှုနှင့် ပတ်သက်၍ ၎င်းသည် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လူထု ဆက်ဆံရေးတာဝန်ခံ၊ အကြမ်းဖက် အဖွဲ့အစည်းဖြစ်သော CRPH/NUG ၏ နိုင်ငံရေးနှင့် လုံခြုံရေးအကြံပေးသူ ဖြစ်သည်။ ၎င်း၏ လူသိများသည့် အခွင့် အရေးအား အသုံးချ၍ နိုင်ငံတော်ငြိမ်ဝပ် ပိပြားရေးကို ထိခိုက်စေရန် အကြောင်း ရှိသည့် ရေးသားချက်၊ ပြောဆိုချက်များ ကို Social မီဒီယာများ၊ လူမှုကွန်ရက် များကို အသုံးပြုလုပ်ဆောင်ခဲ့မှုများ ကြောင့် ရန်ကုန်တိုင်းဒေသကြီး ပုဇွန် တောင်မြို့နယ် တရားရုံးမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ရာကြီး အမှတ်(၂၆)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေနှင့် အညီ လူဖမ်းဝရမ်းထုတ်ဆင့်ခဲ့ပြီးဖြစ် သည့် တရားခံပြေးတစ်ဦး ဖြစ်ပါသည်။
လက်နက်ကိုင်တိုက်ခိုက်ရန်နှင့် လုပ်ကြံ သတ်ဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်
ကျော်မင်းယု (ခ) ဂျင်မီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ဆူပူဆန္ဒပြလှုပ်ရှားမှုများနှင့် အစိုးရ ဝန်ထမ်းများ CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရေး သတင်းမီဒီယာများနှင့် ချိတ်ဆက်ကာ ဝါဒဖြန့်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။
ဧပြီလ ၂ ရက်တွင် ဇနီးဖြစ်သူ နီလာသိန်းနှင့်အတူ ထိုင်းနိုင်ငံ မဲဆောက်သို့ သွားရောက် တိမ်းရှောင်ခဲ့ပြီး ဖောက်ခွဲဖျက်ဆီးရန်၊ လက်နက်ကိုင်တိုက်ခိုက်ရန်နှင့် လုပ်ကြံ သတ်ဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် Moon Light Operation အဖွဲ့အား စတင်ဖွဲ့စည်းခဲ့ပါသည်။ ၎င်း အဖွဲ့တွင် ဖြိုးဇေယျာသော် Yangon Urban Guerilla-YUG အဖွဲ့နှင့် ရန်ကုန် တိုင်း PDF အဖွဲ့များ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံ ပညာအဆင့် ကျောင်းသား/ကျောင်းသူ များ၊ ဆရာ/ဆရာမများ၊ စာသင်ကျောင်း စသည့် စစ်ရေးနှင့်မဆိုင်သည့် ပစ်မှတ် များအား ပစ်မှတ်ထားတိုက်ခိုက်မည့် အကြမ်းဖက်စစ်ဆင်ရေး တစ်ရပ်အား ၂၀၂၁ ခုနှစ်၊ မေလတွင်စတင် အကောင် အထည်ဖော် လုပ်ဆောင်ခဲ့သည်။ သူတို့ ၏ စတင်ဖွဲ့စည်းစဉ် ရည်ရွယ်ချက်၊ ဦးတည်ပစ်မှတ်ထား တိုက်ခိုက်မည့် ပစ်မှတ်များကို သတိပြုမိပါသလော။ စောကြောမိပါသလော။ အမေးလွယ် သကဲ့သို့ အဖြေလည်း ခက်မည်မဟုတ်ပါ။
ထိုသို့သော မဟာအကြမ်းဖက် လုပ်ရပ်များအတွက် အကြမ်းဖက်အဖွဲ့ အစည်းဖြစ်သည့် NUG မှ D-Day သတ်မှတ်ပေးသည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နောက်ပိုင်း တွင် အကြမ်းဖက်လုပ်ငန်းကြီး - Mission ၈ ခု ကို ရန်ကုန်တိုင်းဒေသကြီး အတွင်း လုပ်ဆောင်ရန် အစီအစဉ် ရေးဆွဲခဲ့ပြီး Mission-1 ၊ Mission-2 နှင့် Mission-3 တို့အား အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် အနီးကပ်ကြပ်မတ် လုပ်ဆောင်ခဲ့သည်။ ဆက်လက် လုပ်ဆောင်မည့် Mission-4၊ Mission-5၊ Mission-6 ၊ Mission-7 ၊ Mission-8 တို့အား မြို့နယ် ၆ မြို့နယ်တွင် ကြီးမား သည့် ဖောက်ခွဲဖျက်ဆီးမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုအဖြစ် ပေါင်းစပ် ဆောင်ရွက်ရန် ရည်မှန်းထားပြီး လုပ်ဆောင်စဉ် ၎င်း၏နေအိမ်၌ အကြမ်း ဖက်တိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှု များတွင် အသုံးပြုလျက်ရှိသည့် သေနတ် ၁၇ လက်အပါအဝင် ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါ သည်။
ထိုသို့ အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်း၊ အကြမ်း ဖက်တိုက်ခိုက်မှုများအား အနီးကပ် စီစဉ်ညွှန်ကြားခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့ အစည်းဖြစ်သော NUG/CRPH တို့နှင့် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများ အတွက် ပူးပေါင်းကြံစည်ခဲ့ခြင်းတို့ကို ပြစ်မှုထင်ရှားကျူးလွန်ခဲ့သည့် တရားခံ ကျော်မင်းယု(ခ)ဂျင်မီအား တရားရုံးက ၎င်းနှင့် ထိုက်သင့်သည့် ပြစ်ဒဏ်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
သေဒဏ်ထိုက်သင့်သည့် ပြစ်ဒဏ် များအတွက် မထိုက်သင့်ဟုယူဆသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် ကြေညာချက် ထုတ်ပြန်သည့် ရုံးအဖွဲ့အစည်းများကို ထုတ်လိုသည့်မေးခွန်းမှာ ထိုကဲ့သို့ အကြမ်းဖက်၍ သတ်ဖြတ်ခံရသူများ ထဲတွင် သင့်မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်း များပါဝင်ပါက မည်သို့သဘောဆောင်၍ ကန့်ကွက်လိုပါသနည်း။ ၎င်းအကြမ်း ဖက်သမားများက အကြမ်းဖက်မှုနှင့် လူသတ်မှုများ ထပ်မံလုပ်ဆောင်ရန် အကြံအစည်များလည်း ရှိသေးသည် ဆိုလျှင် ဒီမိုကရေစီအတွက် လုပ်တာ ပဲ။ လက်ခံရမည်လို့ ခံယူထားပါ သလား . . . . . ၊ သူ့နေရာမှာ ကိုယ်သာဆိုလျှင်ဆိုသော ကိုယ်ချင်း စာစိတ်အပြည့်နှင့် ဖြေကြည့်စေလို ပါသည်။
NUG အမည်ခံ အကြမ်းဖက်အဖွဲ့အစည်း
စေခိုင်းချက်အရ အကြမ်းဖက်ဆောင်ရွက်
၎င်းအပြင် NUG အမည်ခံ အကြမ်း ဖက်အဖွဲ့အစည်း၏ စေခိုင်းချက်အရ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် ခဲ့သည့် NLD လွှတ်တော်အမတ်ဟောင်း မောင်ကျော် (ခ) ဖြိုးဇေယျာသော် သည် ၂၀၀၈ ခုနှစ်တွင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ တရားမဝင်အသင်းအဖွဲ့ ပုဒ်မ ၆/၈၈ တို့ဖြင့် စုစုပေါင်းထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပြီး ၂၀၁၁ ခုနှစ် တွင် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည်လွတ်မြောက်လာခဲ့သူတစ်ဦး ဖြစ်ပါသည်။
ဖြိုးဇေယျာသော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ်မှစပြီး ဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ရောက်ချိန် တွင် အစိုးရကို လုံးဝအုပ်ချုပ်၍မရအောင်၊ နည်းလမ်းပေါင်းစုံနှင့် တိုက်ခိုက်ရန်၊ အနှောင့်အယှက်ပေးရန်၊ ရန်ကုန်မြို့ အတွင်း အကြမ်းဖက်ဆူပူဆန္ဒပြမှုများ ဖြစ်စေရန် ဦးစီးဆောင်ရွက်ခဲ့သည်။ စစ်ရေးရည်မှန်းချက်နှင့် နိုင်ငံရေး ရည်မှန်းချက်များ ချိတ်ဆက်ရေး NUG အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းနှင့် ချိတ်ဆက်လုပ်ဆောင်ခဲ့သည်။ CRPH အမည်ခံ အကြမ်းဖက်အဖွဲ့အစည်း ရေရှည်ရပ်တည်နိုင်ရေး အကောင် အထည်ဖော်ရန် ကွန်ရက်များ အားကောင်းလာအောင် ဆောင်ရွက်ရန် Plan ပေါင်းများစွာအား ချမှတ်ဆောင် ရွက်ခဲ့သည်။ နယ်မြေထိန်းတိုက်ပွဲများဆင်နွှဲသည့်အခါ EAO များမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေနှင့် တိုက်ပေးမည်ဆိုသည့် Plan များလည်း ပါရှိသည်။
Zoom Meeting လုပ်၍ စစ်ရေး၊ နိုင်ငံရေး၊
စီးပွားရေးပစ်မှတ်များတိုက်ခိုက်
ဖြိုးဇေယျာသော်သည် Teams များ အများအပြားဖွဲ့စည်းပြီး Phase များ တဖြည်းဖြည်း အဆင့်မြှင့်တင် လုပ်ဆောင်ခဲ့ပါသည်။ Mission များ အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် လက်နက်တိုက်၊ Save House၊ Withouts Cars ၊ Operation Cost စသည်များအား ချိတ်ဆက်ဆောင်ရွက် ခဲ့သည်။ Mission တစ်ခုလုပ်ပြီး ခိုအောင်းရန်နေရာအထိပင် အသေးစိတ် ဆောင်ရွက်ခဲ့ပြီး စစ်ရေးစီမံချက်များ ချခဲ့သည်။ နိုဝင်ဘာလ ၄ ရက်တွင် Zoom Meeting လုပ်၍ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးပစ်မှတ်များအား အလုံးစုံပစ်ခတ်တိုက်ခိုက်ရန် စီစဉ် လုပ်ဆောင်လာခဲ့သည်။ Mission များ လုပ်သည့်နေရာ၌ ဖြိုးဇေယျာသော်သည် ကိုယ်တိုင်ပါဝင်စီစဉ်ခြင်းနှင့် လမ်းညွှန် ချမှတ်ပေးခြင်းများကိုပါ လုပ်ဆောင် ခဲ့သည်။
ဖြိုးဇေယျာသော် ဦးစီးသည့် အကြမ်းဖက် ၂၀ ဖွဲ့သည် ပြည်သူပိုင် အဆောက်အဦများကို ဗုံးထောင် ဖောက်ခွဲမှု အကြိမ်ရေ ၃၀ ခန့်၊ အုပ်ချုပ် ရေးပိုင်းဆိုင်ရာ အစိုးရရုံးများအား ဗုံးထောင်ဖောက်ခွဲမှု ၃၂ ကြိမ်ခန့်၊ လျှပ်စစ်နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့၌ ၉ ကြိမ် ခန့်နှင့် CCTV ထိန်းချုပ်ရေးစနစ်များကို ၅ ကြိမ်၊ အများပြည်သူပိုင်နေရာများ၌ ဗုံးဖောက်ခွဲမှုအကြိမ်ပေါင်း ၆၀ ခန့် ကျူးလွန်လုပ်ဆောင်ခဲ့ပြီး အပြစ်မဲ့ ပြည်သူအများအပြား သေကျေထိခိုက် ဒဏ်ရာရရှိစေခဲ့ပါသည်။ ထို့အပြင် သာသနိက အဆောက်အဦများ အနီး တွင် ၂ ကြိမ်ခန့်နှင့် စာသင်ကျောင်း များ၌ ၃ ကြိမ် စုစုပေါင်း ၁၆၂ ကြိမ်၊ လက်နက်/ခဲယမ်းများ ထုတ်ပေး၍ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှု ၂၈ ကြိမ် ကျူးလွန် ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ဦး၊ အပြစ်မဲ့ ပြည်သူ ၁၂ ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments