နိုင်ငံတကာတွင် လူပြောများနေသည့် အကြမ်းဖက်သမား လေးယောက်ကို ၎င်းတို့နှင့် ထိုက်သင့်သည့် အပြစ်ဒဏ် ဘာကြောင့်ပေးရသလဲ

Type

 

မောင်မျိုးအောင်(ပန်းဧရာ)၊ ဝဏ္ဏ(TGI)

 

(ယမန်နေ့မှအဆက်)


ပြစ်မှုကျူးလွန်ခဲ့သည့်  မောင်ကျော် (ခ)ဖြိုးဇေယျာသော်အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် လက်နက် သုံးလက်၊   ကျည်  ၁၂၀  ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။  ဆက်လက်၍ ၎င်း၏ ထွက်ဆိုချက်အရ လက်နက်မျိုးစုံ ၁၇၈ လက်နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်း များအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။ အကြမ်းဖက်လုပ်ငန်းဆောင်ရွက်လျက် ရှိသည့် တရားခံ ကျား ၂၄၇ ဦး၊ မ ၄၆ ဦး၊  ပေါင်း  ၂၉၃ ဦး  တို့အား  လက်လုပ် သေနတ်အပါအဝင် လက်နက်မျိုးစုံ ၄၀၀၊ လက်လုပ်စိန်ပြောင်း ခြောက်လက်၊ ကျည် မျိုးစုံ ၁၈,၈၁၀ တောင့်၊ ဗုံးသီး၊ မိုင်း၊    လက်ပစ်ဗုံး ၊   လက်လုပ်မိုင်း၊  လက်လုပ် စိန်ပြောင်း၊  ဗုံးသီးစသည့် ဖောက်ခွဲရေး ပစ္စည်းများနှင့်    ဆက်စပ်ပစ္စည်းမျိုးစုံ၊   ဆက်သွယ်ရေး     စကားပြောစက်၊  စိတ်ကြွရူးသွပ်ဆေးများနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။  ၎င်းတို့အပေါ် ချမှတ်ခဲ့သည့်  တရားစီရင်ချက်မှာ  ပြစ်မှုကျူးလွန်သူ များအနေဖြင့်   အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်ဖြစ်ခြင်းနှင့် နိုင်ငံရေး အတိုက်အခံ   ပြုခြင်းကြောင့် မဟုတ်ဘဲ အကြမ်းဖက်မှုဆိုင်ရာ   တည်ဆဲဥပဒေ များကို  ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်း ကြောင့်သာ      ဖြစ်ပါသည်။ အကြမ်းဖက် တိုက်ခိုက်၊          လူသတ်ခြိမ်းခြောက်မှု  လုပ်ဆောင်ခဲ့သည်များကို     မမြင်ဟန် ပြု၍    ပါတီဟူသော  တံဆိပ်၊  ထင်ပေါ် ကျော်ကြားခြင်းဟူသော    လက္ခဏာ တို့ကို     အထူးပြုကာ    မဖြစ်သင့်ဟု  ဆိုနေခြင်းမှာ    ဖြစ်သင့်ဖြစ်ထိုက်သည့်    အဖြေမဟုတ်နိုင်ပါ။

 


အနောက်နိုင်ငံများနှင့်  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးတို့မှ       ၎င်းတို့ လုပ်ရပ်အပေါ်ကာကွယ်၍      တာဝန်မဲ့ ထုတ်ပြန်     ပြောကြားချက်များသည် အပြစ်မဲ့ပြည်သူအများအပြား သေကျေ ဒဏ်ရာရစေပြီး အစိုးရနှင့်  ပုဂ္ဂလိကပိုင် အဆောက်အဦနှင့်  ပစ္စည်းကို   ပျက်စီး စေသည့်  မတရားအသင်းနှင့်  အကြမ်း ဖက်အဖွဲ့များဖြစ်သော NUG၊ CRPH နှင့် PDF တို့၏  ဆက်လက်ကျူးလွန်လျက်ရှိ သည့်   အကြမ်းဖက်တိုက်ခိုက်မှုများကို လျစ်လျူရှုခြင်း ဖြစ်ပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ       ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်အချို့၊         ယခင်အစိုးရ အဖွဲ့ဝင်ဟောင်းများနှင့်  ၂၀၂၀  ပြည့်နှစ် ရွေးကောက်ပွဲဝင်ခဲ့သည့်   လွှတ်တော် ကိုယ်စားလှယ်ဟောင်းအချို့တို့မှာ  ယခု အထိ      တရားဥပဒေဘောင်အတွင်း မြန်မာနိုင်ငံ၌  လွတ်လပ်စွာနေထိုင်လျက် ရှိပါသည်။ သို့ဖြစ်ပါ၍ ၎င်းတို့အား စီရင် ချက်  ချမှတ်ခြင်းမှာ  နိုင်ငံရေးရည်ရွယ် ချက်ဖြင့်       တစ်ဖက်သတ်စီရင်ချက်ချ မှတ်ခဲ့ခြင်းမဟုတ်ဘဲ အပြစ်မဲ့ပြည်သူများ အများအပြား  သေကျေဒဏ်ရာရစေခဲ့ သည့် ရာဇဝတ်မှုနှင့် အကြမ်းဖက်ပြစ်မှု များ   ကျူးလွန်ခဲ့ခြင်းကြောင့်သာ  ဖြစ်ပါ သည်။

 


 ပြည်သူလူထုအပေါ် တိုက်ရိုက် ခြိမ်းခြောက်အကြမ်းဖက်


အကြမ်းဖက်ပြစ်ဒဏ်   ကျူးလွန်ခဲ့ သည့်   ဖြိုးဇေယျာသော်၊  ကျော်မင်းယု အပါအဝင် ပုဂ္ဂိုလ်အချို့ကျူးလွန်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများမှာ  တရား ဥပဒေစိုးမိုး၍       ငြိမ်းချမ်းတည်ငြိမ် ကောင်းမွန်သော  လူမှုစီးပွားပတ်ဝန်း ကျင်တစ်ရပ်   ဖန်တီးပေးလျက်ရှိသည့် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ် မှုများအပေါ်ကြီးမားသည့်   အနှောင့် အယှက် အဟန့်အတားများ ဖြစ်စေသည့် အပြင်    ပြည်သူလူထုအပေါ်  တိုက်ရိုက် ခြိမ်းခြောက်  အကြမ်းဖက်ခြင်းလည်း ဖြစ်ပါသည်။

 


အမှုပေါင်း ၁၇ မှုဖြင့်  စွဲချက်တင်ပြီး သေဒဏ်ချမှတ်ခဲ့


ဤအပိုင်းတွင် နှိုင်းယှဉ်စဉ်းစားဖွယ် အကြောင်းအရာအချို့ကိုလည်း  ထုတ် နုတ်တင်ပြလိုပါသည်။  အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်  Parkland   ရှိ အထက်တန်းကျောင်း တစ်ကျောင်းအား ၂၀၁၈ ခုနှစ်အတွင်းက နီကိုလပ်စ်ခရစ် အမည်ရှိ    သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်မှုဖြစ်စဉ်  ဖြစ်သည်။ ပစ်ခတ်မှုဖြစ်ပွားချိန်တွင်  အသက်(၂၃)နှစ်အရွယ်ရှိ နီကိုလပ်စ်ခရစ်၏ AR-15 ရိုင်ဖယ်ဖြင့်  ပစ်ခတ်မှုကြောင့်  ဆရာ ဆရာမ သုံးဦး၊ ကျောင်းသား ကျောင်းသူ ၁၄ ဦး၊ စုစုပေါင်း  ၁၇ ဦးအထိ   သေဆုံး သည်။ ယခု  မြန်မာမှအကြမ်းဖက်သမား များကို သေဒဏ်စီရင်မှုအပေါ် ကန့်ကွက် စကားဆိုခဲ့သည့်   အမေရိကန်နိုင်ငံ၏ တရားရုံးမှ မည်သို့ဆုံးဖြတ်ခဲ့ပါသနည်း။ အမှုပေါင်း ၁၇ မှုဖြင့်  စွဲချက်တင်ပြီး သေဒဏ်ချမှတ်ခဲ့သည်။   ထိုသို့သော လူသတ်မှုများအပြင်    မိုင်းဖောက်ခွဲ ဖျက်ဆီးမှု၊   လူသတ်မှုကျူးလွန်ရန် လက်နက်/ ခဲယမ်း/ငွေကြေး ထောက်ပံ့မှု အစရှိသည်တို့ကို ကျူးလွန်ခဲ့သောသူများ အား   မိမိနိုင်ငံတွင်   ဖြစ်သည်ဆိုပါက မည်သို့ဆုံးဖြတ်မလဲဟူသော    အမေး စကား  ပေါ်လာနိုင်ပါသည်။  Double Standard ဖြင့်  ငါပြောတာမှ  အမှန်၊ ငါလုပ်တာမှ    အမှန်ဆိုပါက  ထပ်မံ ရှင်းဆိုရန် မရှိပါ။ 

 


ဆက်စပ်၍   အာရှနိုင်ငံတစ်ခုတွင် ဖြစ်ခဲ့သည့် ဖြစ်စဉ်ကိုလည်း ထပ်မံ တင်ပြ လိုပါသည်။     ဂျပန်နိုင်ငံအတွင်း   ၂၀၀၈ ခုနှစ်က လူခုနစ်ဦးအား   ကုန်ကား ဖြင့်          တိုက်ခိုက်သတ်ဖြတ်ခဲ့သည့် တိုမိုဟီရိုကာတိုအား  သေဒဏ်အပြစ် ပေးခဲ့သည်။  ဂျပန်နိုင်ငံ၏  တရားဥပဒေ နှင့်အညီ  လူခုနစ်ဦးအား  သေစေမှုအပေါ်   သေဒဏ်      အပြစ်ပေးခြင်းအတွက်        မည်သို့    မှတ်ချက်ပြုခဲ့ကြပါသနည်း။   မည်သို့      စာထုတ်ခဲ့ကြပါသနည်း။ မြန်မာနိုင်ငံတွင်လည်း     နိုင်ငံတကာ စံနှုန်းနှင့်အညီ   အခြေခံဥပဒေရှိသည်။ ဥပဒေ၊ နည်းဥပဒေများ ရှိသည်။ ဥပဒေရုံး၊ တရားစီရင်ရေးရုံးတို့ ရှိသည်။  အုပ်ချုပ် နေသည့်  အစိုးရရှိသည်။ တို့နိုင်ငံက မကြိုက်သည့်အတွက်      တို့နိုင်ငံက  ခိုင်းသည့်အတိုင်း၊       ထုတ်ပြန်သည့် အတိုင်း   လိုက်ပါဆောင်ရွက်ရမည်ဟု   ယူဆထားပါသလော။  မြန်မာနိုင်ငံသည်  အချုပ်အခြာအာဏာပိုင်          နိုင်ငံဖြစ် သည်ဆိုသည်ကို သတိပြုရန်  လိုအပ်မည် ဖြစ်သည်။

 


မြန်မာနိုင်ငံသည် အချုပ်အခြာ
အာဏာပိုင် လွတ်လပ်သည့်နိုင်ငံ


ပြည်ထောင်စု   မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ  ပုဒ်မ-၁  တွင် “မြန်မာနိုင်ငံသည်  အချုပ်အခြာအာဏာ ပိုင် လွတ်လပ်သည့်နိုင်ငံဖြစ်သည်” ဟူ၍ လည်းကောင်း၊ ပုဒ်မ-၄ တွင် “နိုင်ငံတော် ၏ အချုပ်အခြာအာဏာသည် နိုင်ငံသား များထံမှ    ဆင်းသက်ပြီး    နိုင်ငံတော် တစ်ဝန်းလုံး၌တည်သည်” ဟူ၍လည်း ကောင်း၊  ပုဒ်မ-၁၁ တွင်  “နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ် သည့်   ဥပဒေပြုရေး၊   အုပ်ချုပ်ရေး အာဏာနှင့်   တရားစီရင်ရေးအာဏာ တို့ကို     တတ်နိုင်သမျှ   ပိုင်းခြားသုံးစွဲ ခြင်းနှင့်       အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုသည်”  ဟူ၍ လည်းကောင်း  အသီးသီးပြဋ္ဌာန်းထား ပြီးဖြစ်ပါသည်။

 


ပြည်ထောင်စု    မြန်မာနိုင်ငံတော် သည်    လွတ်လပ်သည့်   အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည့် အားလျော်စွာ နိုင်ငံတော်၏အာဏာသုံးရပ်ကို မိမိနိုင်ငံ သားများမှအပ အခြားမည်သူမျှ ဝင်ရောက် စွက်ဖက်ခွင့်၊  ကျင့်သုံးခွင့်မရှိပါ။  နိုင်ငံ တစ်နိုင်ငံ၏  အချုပ်အခြာအာဏာသည် မိမိနိုင်ငံ၊ မိမိသဘောအတိုင်းသာ ဖြစ်ပါ သည်။ မိမိနိုင်ငံ၊  မိမိသဘောဆိုသည်မှာ မိမိနိုင်ငံသားများစုစည်းပြီး မိမိသဘော အတိုင်း  အာဏာ သုံးရပ်ကို စီမံအုပ်ချုပ် ကိုင်စွဲခွင့်ရှိတာမျိုးကို    အချုပ်အခြာ အာဏာပိုင်မှုဟု   ခေါ်ခြင်းဖြစ်သည်။ အချို့နိုင်ငံတကာ    အဖွဲ့အစည်း၊  နိုင်ငံ များမှ   ကန့်ကွက်ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းတို့သည်   မိမိတို့နိုင်ငံ၏ တရားစီရင်ရေး ဆောင်ရွက်ချက်များကို ဝင်ရောက်စွက်ဖက်ရန်  ကြိုးစားခြင်းဖြစ် ပြီး မိမိနိုင်ငံ၏  အချုပ်အခြာအာဏာပိုင် ကို  ထိပါးခြင်းသာဖြစ်ပါသည်။ အစိုးရ၏ ရာဇဝတ်ကျင့်ထုံးနှင့်အညီ  လုပ်ဆောင် နေခြင်းသည်  လက်ရှိအစိုးရလက်ထက် မှသာ  စတင်ရေးဆွဲပေါ်ပေါက်ခဲ့ခြင်း မဟုတ်ဘဲ အင်္ဂလိပ်လက်ထက်ကတည်း က ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ ရှေးယခင် ကတည်းက ကမ္ဘာ့နိုင်ငံရှိ လူ့အဖွဲ့အစည်း တွင်လည်း   လက်ရှိပြစ်ဒဏ်ပေးမှုကဲ့သို့ ကျင့်သုံးခဲ့မှုများ ရှိပါသည်။ 

 


ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး တွင် သေဒဏ်ကျင့်သုံးမှုနှင့် ပတ်သက်ပြီး  သေဒဏ်ပယ်ဖျက်ထားသည့် နိုင်ငံ ၁၀၈ နိုင်ငံ၊ မပယ်ဖျက်သေးဘဲ သေဒဏ်စနစ် ရှိသော်လည်း  အတည်ပြုစီရင်ခြင်းမပြု သည်မှာ  အနည်းဆုံး  ၁၀  နှစ်ခန့်ရှိ သည့်   လက်တွေ့ကျင့်သုံးမှု   မရှိသည့်  နိုင်ငံ ၂၉ နိုင်ငံရှိသည်။ ၎င်းနိုင်ငံများမှာ အိမ်နီးချင်း လာအိုနိုင်ငံ၊ အရှေ့တောင် အာရှတွင်  ဘရူနိုင်းနိုင်ငံတို့  ပါဝင်သည်။ သေဒဏ်ကို မပယ်ဖျက်သေးဘဲ ကျင့်သုံး နေသည့် နိုင်ငံ ၅၆ နိုင်ငံအထိရှိပြီးလက်ရှိ ကျင့်သုံးနေသော           နိုင်ငံများမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့်   တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊      အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အာဆီယံနိုင်ငံများ တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အာရှနိုင်ငံ များတွင် မြောက်ကိုရီးယားနိုင်ငံ၊ ဂျပန် နိုင်ငံနှင့် လက်ရှိကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်သော  အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံ ၅၀ ကျော် ကျင့်သုံးနေသည်။

 

 
အချုပ်အခြာအာဏာပိုင်နိုင်ငံ၏
ပြဋ္ဌာန်းဥပဒေအားတားဆီးပိုင်ခွင့်မရှိ


သေဒဏ်ကို   အလွန်ဆိုးရွားသည့် ပြစ်မှုများအတွက်သာ  ချမှတ်အတည်ပြု စီရင်သည့်     နိုင်ငံခြောက်နိုင်ငံမှာ    ပီရူး၊ အစ္စရေး၊ ဘရာဇီး၊ ဘာကီနာ၊ ချီလီနှင့် ဂွါတီမာလာနိုင်ငံတို့ဖြစ်ပြီး   ဖိလစ်ပိုင် နိုင်ငံတွင် သေဒဏ်ကျင့်သုံးမှုအား ၂၀၁၆ ခုနှစ်မှ   စတင်ပယ်ဖျက်ခဲ့သော်လည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အမှု များတွင် သေဒဏ်ကို ဆက်လက်ကျင့်သုံး လျက်ရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၅ ခုနှစ်မှာ  မူးယစ်မှောင်ခိုကူးမှုနှင့် ဩစတြေးလျနိုင်ငံသား နှစ်ဦးကို သေဒဏ် ချမှတ်ခဲ့သည့်  အနီးစပ်ဆုံးဖြစ်ရပ်ရှိခဲ့ပါ သည်။   အင်ဒိုနီးရှားသမ္မတ  ဝီဒိုဒိုကို ဩစတြေးလျနိုင်ငံ၊   ဘရာဇီးနိုင်ငံနှင့် ပြင်သစ်နိုင်ငံခေါင်းဆောင်များက ဖိအား ပေးကြသည်။ အင်ဒိုသမ္မတက“ အင်ဒို နီးရှားနိုင်ငံရဲ့   သေဒဏ်အပြစ်ပေးခွင့် အပေါ်  ဘယ်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက် မစွက်ဖက်သင့်ဘူး၊ သူ့နိုင်ငံရဲ့လုပ်ပိုင်ခွင့်လို့”  ထုတ်ဖော်ပြောကြားခဲ့ သည်။   ဆိုလိုသည်မှာ  အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ တရားဝင် အစိုးရတစ်ရပ်က နိုင်ငံအတွင်းပြဋ္ဌာန်း ထားသည့် ဥပဒေတစ်ရပ်အား မည်သူက မှ တားဆီးခြိမ်းခြောက် ပိုင်ခွင့်မရှိခြင်းပင် ဖြစ်ပါသည်။     အမေရိကန်နိုင်ငံ၌ ပြည်နယ်ပေါင်း  ၅၀ တွင် ၂၃ ပြည်နယ် က သေဒဏ်ပယ်ဖျက်ပြီး ပြည်နယ် ၂၀ က   ပယ်ဖျက်ခြင်းမပြုသေးဘဲ   ခုနစ် ပြည်နယ်ကတော့ ဆိုင်းငံ့ထားသည်ကို တွေ့ရှိရပါသည်။

 


လက်ရှိတွင်       သေဒဏ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည့် ဂျင်မီ၊ ဖြိုးဇေယျာသော် တို့သည်  အကြမ်းဖက်မှုလုပ်ငန်းများအား လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ် တွင်  အကြမ်းဖက်မှုဖြစ်စဉ်ကို  မည်သို့ စတင်ကျင့်သုံးခဲ့လဲဆိုလျှင် 9/11 ဖြစ်စဉ် ကို  ကြည့်ခြင်းအားဖြင့်  သိရှိနိုင်ပါသည်။ ၎င်းဖြစ်စဉ်ကစ၍    အကြမ်းဖက်မှုကို ကမ္ဘာတွင်  ပြင်းပြင်းထန်ထန်  အရေးယူ ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ အကြမ်း ဖက်သမား          ဘင်လာဒင်      အတွက် အမေရိကန်သမ္မတက  စစ်ဆင်ရေးကို မည်သို့  Control  လုပ်၍  အမိန့်ပေးခဲ့ ကြောင်းကို ပြန်ပြောင်းကြည့်လျှင် သိနိုင် မှာဖြစ်သည်။ ကမ္ဘာပေါ်တွင် Terrorist အား အပြင်းထန်ဆုံးနှင့် အထိရောက်ဆုံး ချေမှုန်းရမည်ဆိုသည့် မူပင်ဖြစ်သည်။ 

 


မြန်မာနိုင်ငံအတွင်း ဇေယျာသော်နှင့် ကျော်မင်းယုတို့ကဲ့သို့     အကြမ်းဖက်  ဦးဆောင်လုပ်ကြံ သတ်ဖြတ်မှုများတွင် ၎င်းတို့မလိုလားသည့်  လုံခြုံရေးတပ်ဖွဲ့ ဝင်များကို  ပစ်ခတ်သတ်ဖြတ်ခြင်းအား အပထား၍ အခြားသော အရပ်သားများ၊ နိုင်ငံ့ဝန်ထမ်းများအား ပစ်ခတ်သတ်ဖြတ် မှုများ    အများအပြားပါဝင်ပါသည်။ အများပြည်သူ  သွားလာနေသည့်နေရာ များ၊  အများပြည်သူပိုင်ပစ္စည်းများကို ဖောက်ခွဲဖျက်ဆီးမှုများလည်း  မနည်းလှ ပါ။  အကြမ်းဖက်သမားများ၏ ပစ်ခတ် သတ်ဖြတ်မှုကြောင့်   သေဆုံးသွားရသူ တိုင်းတွင် မိသားစုများရှိသည်။ သူတို့ကို မှီခိုနေရသည့် မိခင်၊ ဖခင်များ၊ သား၊ သမီးများရှိသည်။   ဒလန်ဟု    စွပ်စွဲ သတ်ဖြတ်လိုက်သည့်အတွက် မှီတွယ်ရာ မိသားစုဘဝများ     ပျက်စီးကြရသည်။ ဝမ်းနည်းကြရသည်။ အနာဂတ်အရေး ရင်လေးကြရသည်။  သူတို့  ရင်တွင်းမှ အပူနှင့် သောကမီးကိုရော ခံစားကြည့် မြင်ပေးရန် လိုမည်သာဖြစ်သည်။ ဒီမို ကရေစီရရှိရေးဟူသော  ခေါင်းစဉ်၊   လူ့ အခွင့်အရေး    ခေါင်းစဉ်အောက်တွင် တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး     ခေါင်းစဉ်များသည် သွေဖည်နေမည် ဖြစ်ပါသည်။ 

 


နိုင်ငံတော်အစိုးရအနေဖြင့်    ပြစ်မှု ကျူးလွန်သူများအား သေဒဏ်အတည်ပြု ချမှတ်ရာတွင်     အမိန့်များအတိုင်း၊ လုပ်ငန်းစဉ်များအတိုင်း   အဆင့်ဆင့် ဆောင်ရွက်သွားမည်         ဖြစ်ပါသည်။ 

 


လက်ရှိ သေဒဏ်ပြစ်မှုချမှတ်ခံရသူများ သည်  စစ်အုပ်ချုပ်ရေးအမိန့်  (Martial Law) ထုတ်ပြန်ထားသည့် နယ်မြေများ အတွင်း  အဓိကဖြစ်ပွားရခြင်း  ဖြစ်ပြီး စစ်တရားရုံးဖြင့် စစ်ဆေးနိုင်သည့် ပြစ်မှု ၂၃ မျိုးဖြင့်   အကြမ်းဖက်ကျူးလွန်သူ များကို     ၎င်းတို့နှင့်    ထိုက်သင့်သည့် ပြစ်ဒဏ်အား        ချမှတ်ခြင်းဖြစ်ပါ သည်။      ထိုသို့       ဆောင်ရွက်ခြင်းသည်  ဥပဒေကို            မထီမဲ့မြင်မပြုစေရန် နှင့်    နောင်တွင်လည်း  ဥပဒေအပေါ် ဖောက်ဖျက်ကျူးလွန်ရန် ကြံစည်သူများ အနေဖြင့်   ရှောင်ကြဉ်စေရန်အတွက်  စီရင်ချက်ချမှတ်  ဆောင်ရွက်ခြင်းသာ ဖြစ်ပါသည်။

 


တရားမျှတမှုရှိ


အဆိုပါ    ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူအများအပြား  တရားမျှတမှုရှိ ရေးနှင့် ပြည်သူနှင့်နိုင်ငံတော်အကြား တရားမျှတမှုရှိရေးပင်ဖြစ်သည်။ အပြစ်မဲ့ ပြည်သူများအား ဥပဒေမဲ့  အကြမ်းဖက် ရက်စက်စွာ     သတ်ဖြတ်ခဲ့ခြင်းဖြင့် သေဆုံးနစ်နာခဲ့ရသော    ပြည်သူများ ကိုယ်စား    တရားရုံးအဆင့်ဆင့်က လုပ်ထုံးလုပ်နည်း  ဥပဒေပြဋ္ဌာန်းချက်များ နှင့်အညီ တရားခံများကို  ခုခံချေပခွင့်ပေး ပြီး သက်သေအထောက်အထား အပြည့် အစုံအပေါ်    အခြေပြုဆုံးဖြတ်ခဲ့ခြင်း ဖြစ်သဖြင့် တရားရုံး၏  ဆုံးဖြတ်ချက် သည် တရားမျှတမှုရှိသည်ကို တွေ့ရှိရ သည်။

 


တရားခံ လေးဦးတို့အား ပြည်တွင်း ဥပဒေပါ   ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးစီရင်ကာ  ပြစ်ဒဏ်အတည်ပြု ချမှတ်ဆောင်ရွက်ခဲ့သည့်    ကိစ္စနှင့် စပ်လျဉ်းပြီး   အပြည်ပြည်ဆိုင်ရာနှင့် နိုင်ငံတကာမှ ဝေဖန်မှုများ၊ ကန့်ကွက်မှု များ    ဖြစ်ပေါ်လာနိုင်သည်ကို   သိလျက် နှင့်   မလွှဲမရှောင်နိုင်သည့်  ပြည်တွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအရ မဖြစ် မနေဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်ကို တွေ့မြင်ရသည်။

 


အဆိုပါတရားခံ    လေးဦးတို့သည် အကြမ်းဖက်    ဖောက်ခွဲတိုက်ခိုက် လူသတ်မှုများကို  ကျူးလွန်ခဲ့သည့် အပြင်  မြန်မာ့လူ့ဘောင် အဖွဲ့အစည်းက   လက်မခံနိုင်သည့်     အပြစ်မဲ့ပြည်သူ အမြောက်အမြားကို ကြိုတင်ကြံစည်၍ ရက်ရက်စက်စက်  သတ်ဖြတ်သုတ်သင် ရှင်းလင်းခဲ့သည့် ပြစ်မှုအများအပြားကို ကျူးလွန်ခဲ့ကြပြီး  ထိုသို့လုပ်ဆောင်ရန် ဦးစီးဆောင်ရွက်ညွှန်ကြားသူများ  ဆို သည့်အချက်ကို မေ့ရန်မသင့်ကြောင်းနှင့် တရားခံ    လေးဦးတို့၏   ရက်စက်စွာ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုများကြောင့် အပြစ်မဲ့စွာ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသူများ၏ မိသားစု၊ ဆွေမျိုးသားချင်းတို့၏ စိတ်ခံစားချက်  မည်သို့ခံစားရမည်ဆို သည်ကို   စာနာထောက်ထားမှုပြုရန်   မမေ့သင့်သဖြင့် ပြစ်မှုနှင့်  ကျူးလွန်သည့် ပြစ်ဒဏ်ထိုက်သည်ဟု  မြင်မိပါသည်။

 


၎င်းအပြင်        International Convention Civil and Political Rights (ICCPR)  Protocol  II   Abolishing of Death   Penalty  ကို  မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ နိုင်ငံ နှင့်ပြည်သူတို့၏ လိုအပ်ချက်အရ အချုပ် အခြာအာဏာ       တည်တံ့ခိုင်မြဲရေး အတွက်နှင့် နိုင်ငံလုံခြုံရေး လတ်တလော လိုအပ်ချက်များအရ      ပြစ်ဒဏ်ကို အတည်ပြု      ဆောင်ရွက်ခြင်းဖြစ်ပါ သည်။

 


ညီမျှသောပြစ်ဒဏ်ကို ခံစားကြရမည် 


အစိုးရအနေဖြင့် အပြစ်တစ်စုံတစ်ရာ မရှိဘဲ လုပ်ကြံသတ်ဖြတ်ခြင်း ခံရသည့် ပြည်သူများနှင့် ၎င်းတို့၏ ဆွေမျိုးသား ချင်းများ၏   မျက်နှာကို  ထောက်ရှုပြီး မလွှဲမရှောင်သာဘဲ ပြစ်မှုကျူးလွန်သည့် တရားခံများကို ဥပဒေနှင့်အညီ ပြစ်ဒဏ် ချမှတ်         ဆောင်ရွက်ခဲ့ရခြင်းသာ ဖြစ်ကြောင်းနှင့်  ပြစ်မှုကျူးလွန်သူကို သနားညှာတာ ထောက်ထားနေမည်ဆို ပါက ပြစ်မှုကျူးလွန်ခြင်းခံရသည့် အပြစ် မဲ့ပြည်သူများအပေါ်  ကိုယ်ချင်းစာနာမှု မရှိဘဲ   ရက်စက်လွန်းရာရောက်သည် ဟု   တွေးတောဆင်ခြင်   သင့်ပါသည်။ ပြစ်ဒဏ်စီရင်ခံရသူ လေးဦးသည် ရည်ရွယ် ချက်အားဖြင့်       နိုင်ငံရေးဆိုင်ရာဟု ဆိုသော်လည်း  လက်တွေ့လုပ်ဆောင် နေသည်မှာ အကြမ်းဖက်မှုအသွင်ပုံစံများ ဖြစ်ကြပါသည်။       ထို့ကြောင့်လည်း  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ  အပြစ်ပေးခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။    အကြမ်းဖက်သမား ဖြစ်စေ၊  အခြားပြစ်မှုကျူးလွန်သူဖြစ်စေ သေဒဏ်ချမှတ်ခံရခြင်းသည် လူသား ချင်းစာနာမှုအရ  ဝမ်းမြောက်စရာမရှိ သော်လည်း   ကျူးလွန်သည့်   ပြစ်မှုနှင့် ညီမျှသောပြစ်ဒဏ်ကို   ခံစားကြရမည် သာဖြစ်ပါသည်။   သေဒဏ်ကျခံရမည့် အကြမ်းဖက်သမား၏    အသက်တစ် ချောင်းအား        တန်ဖိုးထားသကဲ့သို့ အကြမ်းဖက်သမား၏ လုပ်ရပ်ကြောင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများ၏ အသက်ပေါင်းများစွာနှင့် ၎င်းတို့ မိသားစု ၏ ပြိုပျက်ဝမ်းနည်းစရာဘဝများ၊ မိဘမဲ့ ခဲ့ရသည့်  ကလေးသူငယ်များ၏ဘဝကို လည်း  ထည့်သွင်းစာနာ တန်ဖိုးထား ကြောင်း ပြသနိုင်မှသာ တရားမျှတမှုရှိပေ လိမ့်မည်။ 

 


နိဂုံးချုပ်အနေဖြင့် လူတိုင်းလူတိုင်း သည်   တစ်ဦးနှင့်တစ်ဦး  အမြင်မတူညီ ခြင်း၊     အကြိုက်မတူညီခြင်းသည် လောက၏  သဘောသဘာဝသာဖြစ်ပါ သည်။ ထိုမတူညီမှုများကို  အပြစ်ရှာ၍ “ငါနှင့်မတူ   ငါ့ရန်သူဟု”    အမျက် ဒေါသကြီး၍   အငြိုးအတေးထားကာ ဆောင်ရွက်နေသည့်   ကာလပတ်လုံး ထိုသူနှင့်  ထိုသူပါဝင်သည့်အဖွဲ့အစည်း သည် ကျဆုံးခြင်းလမ်း၌သာ အဆုံးသတ် မည်ဖြစ်ပါသည်။         နိုင်ငံတကာတွင် လူပြောများနေသည့် အကြမ်းဖက်သမား လေးယောက်ကို ၎င်းတို့နှင့်  ထိုက်သင့် သည့်  အပြစ်ဒဏ်ပေးရခြင်းမှာ  ၎င်းတို့ ၏ လုပ်ရပ်ကြောင့် အကြောင်းမဲ့သေဆုံး ရသူများ၊  အပြစ်မဲ့မိသားစုများ၏  ရင်နင့် ဖွယ်ရာဘဝများ၊ မိဘမဲ့ဖြစ်သွားရသော ကလေးသူငယ်တို့၏  ဘဝပေါင်းများစွာ ဖြစ်ခဲ့ရခြင်း           လုပ်ရပ်တို့ကြောင့် အကြိမ်ကြိမ်အခါခါ သေဒဏ်သင့်သော ပြစ်မှုဖြစ်သဖြင့် အပြစ်ဒဏ်များ ကျခံရ ခြင်းသာ ဖြစ်၏။ ထို့အတူ ကမ္ဘာ့နိုင်ငံများ တွင် ဖြစ်ပျက်နေသည့် အကြမ်းဖက်မှု များတွင်  ပါဝင်နေသည့်  ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည်လည်း အဆုံးသတ် မကောင်းသော ဘဝနိဂုံးတို့ဖြင့် ကြုံတွေ့ ရသည်ကို   ဥပမာယူ၍  နိုင်ငံသားတိုင်း  မှန်ကန်စွာ တွေးခေါ်စဉ်းစားဆုံးဖြတ် နိုင်ကြပါစေဟု   ဆန္ဒပြုအပ်ပါသည်။ သို့မှသာ လူ့လောကတွင် အကျည်းတန် သော အကြမ်းဖက်မှုများ  ချုပ်ငြိမ်းသွား မည်မှာ မလွဲဧကန်ဖြစ်ပေသည်။