အဆင့်မြင့်နည်းပညာများမှသည် စက်မှုလယ်ယာကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေးဆီသို့

Type
1

 

စိုးနိုင်ထွန်း(ကနီ)

 

ယနေ့ကမ္ဘာ့လူသားများသည်   Information Age ဟုခေါ်သော   သတင်းအချက်အလက် နည်းပညာ ခေတ်မှသည်    Imagination Age    ဟုခေါ်သော စိတ်ကူးစိတ်သန်း၊ စိတ်အာရုံတို့ဖြင့်  တီထွင်ဖန်တီး နိုင်သော နည်းပညာခေတ်ကြီးတွင် နေထိုင်နေကြသူ များ ဖြစ်လာသည်။ ဉာဏ်ရည်တုခေါ် Artificial Intelligent (AI) နည်းပညာများ၊  4G၊ 5G နည်းပညာ များသည် ယခင်က စိတ်ကူးနှင့်ပင် မှန်းဆ၍ မကြည့် ဖူးသော နည်းပညာများဖြစ်သည်။    ယင်းကဲ့သို့     စိတ်ကူးစိတ်သန်း၊ စိတ်အာရုံတို့ဖြင့်  တီထွင်ဖန်တီး လာနိုင် သောခေတ်ကို    စတုတ္ထစက်မှုတော်လှန်ရေး   (The Fourth Industrial Revolution or Industry 4.0) ခေတ်ဟု ခေါ်ဆိုကြသည်။

 


ပထမစက်မှုတော်လှန်ရေး (First Industrial Revolution)   သည်    လက်ဖြင့်     ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်သည့်ခေတ်မှ   ရေနှင့်ရေနွေးငွေ့တို့ကို အသုံးပြုပြီး    စက်ဖြင့်   စတင်လည်ပတ်နိုင်သည့် ၁၇၆၀   ပြည့်ကုန်နှစ်များမှ   ၁၈၄၀   ပြည့်နှစ်အထိ ဖြစ်ပြီး     ဒုတိယစက်မှုတော်လှန်ရေး    (Second Industrial Revolution) ကာလကို  ၁၈၇၁ ခုနှစ်မှ ၁၉၁၄ ခုနှစ်အထိ သတ်မှတ်ထားသည်။

 


တတိယ   စက်မှုတော်လှန်ရေး    (The thirth Industrial Revolution)  ကို   ဒုတိယကမ္ဘာစစ်ကြီး ပြီးချိန်   နှစ်ဆယ်ရာစုနှောင်းပိုင်းအဖြစ်   သတ်မှတ် ထားပြီး ယင်းခေတ်ကို  Digital Age ဟု သတ်မှတ် ကြသည်။ ကွန်ပျူတာကို  စတင်ထုတ်လုပ်အသုံးပြု နိုင်ခြင်း၊  လကမ္ဘာသို့ လူသားများ  စတင်အခြေချနိုင် ခြင်းတို့ကဲ့သို့သော     အံ့ဖွယ်ဆောင်ရွက်ချက်များကို လုပ်ဆောင်နိုင်ကြပြီဖြစ်သည်။    ယင်းတတိယစက်မှု တော်လှန်ရေး  စတင်သည့်ကာလတွင်  မြန်မာနိုင်ငံ သည် အင်္ဂလိပ်ကိုလိုနီလက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီးဖြစ်သည်။

 


မြန်မာနိုင်ငံ   လွတ်လပ်ရေးရချိန်မှ   ယနေ့ခေတ် ကာလအထိ     ခေတ်အမျိုးမျိုး၊   စနစ်အမျိုးမျိုးတို့ မည်မျှပင် ပြောင်းလဲစေကာမူ စိုက်ပျိုးရေးကို အခြေခံ ကာ   နိုင်ငံတော်၏  မောင်းနှင်အားတစ်ရပ်အဖြစ် ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ကြသည်။ စိုက်ပျိုး ရေးကဏ္ဍသည် နိုင်ငံ၏ အရေးပါသော  အခန်းကဏ္ဍ တွင်   ပါဝင်သောကြောင့်    စက်မှုလယ်ယာကဏ္ဍ သည်လည်း    နိုင်ငံအတွက်     မရှိလျှင်မဖြစ်သည့် အရေးကြီးသော  အခန်းကဏ္ဍမှ   ပါဝင်လာပေသည်။ မြန်မာနိုင်ငံ၏   စက်မှုလယ်ယာကဏ္ဍကို   ခေတ် အမျိုးမျိုး၊    စနစ်အမျိုးမျိုး၌     အုပ်ချုပ်သူအစိုးရ အဆက်ဆက်တို့က    နည်းအမျိုးမျိုး၊    စီမံကိန်း အထွေထွေတို့ဖြင့်    အကောင်အထည်ဖော်ခဲ့ကြပါ သည်။ ယခုအခါတွင်   နည်းပညာများ  မြင့်မားလာ သည်နှင့်အမျှ ယင်းနည်းပညာအကူအညီဖြင့်  နိုင်ငံ ၏ စက်မှုလယ်ယာကဏ္ဍအပါအဝင်  အခြားအခြေခံ အဆောက်အုံများစွာကို   တိုးတက်ဖွံ့ဖြိုးလာအောင် ကြိုးစားရန် လိုအပ်လာပေသည်။

 


မြန်မာနိုင်ငံတွင် စက်မှုလယ်ယာစနစ်
ကျင့်သုံးလာခြင်း၏အစ


မြန်မာနိုင်ငံတွင်      ၁၉၂၁    ခုနှစ်မှစတင်၍ စိုက်ပျိုးရေးဌာနလက်အောက်၌          စိုက်ပျိုးရေး အင်ဂျင်နီယာဌာနစိတ်တစ်ခုကို    ဖွဲ့စည်းကာ သိပ္ပံ ထယ်၊ မျိုးစေ့ချကိရိယာ၊   ကောက်စိုက်ကိရိယာနှင့် ရေစုပ်ပန့်ကဲ့သို့သော   လယ်ယာသုံးစက်ကိရိယာ များကို စတင်စမ်းသပ်သုံးစွဲဆောင်ရွက်ခဲ့ကြသည်။

 


၁၉၄၉ ခုနှစ်တွင်    လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာနအောက်တွင်     ထွန်စက် ယန္တရားတပ်ဆင်ရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းပြီး စက်မှု လယ်ယာလုပ်ငန်းကို   ဆောင်ရွက်ခဲ့သည်။   ၁၉၅၁ ခုနှစ်တွင် ထွန်စက်ယန္တရား တပ်ဆင်ရေးဘုတ်အဖွဲ့ အစား  စိုက်ပျိုးရေးအင်ဂျင်နီယာဌာနစိတ်ကို ဖွဲ့စည်း ကာ    သံကြိုးပတ်ထွန်စက်များဖြင့်    မြေရိုင်းများ ဖော်ထုတ်ခြင်းနှင့်    တောင်သူပိုင်လယ်မြေများကို အခကြေးငွေဖြင့်  ထွန်ယက်ပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့သည်။ 

 


၁၉၆၂ ခုနှစ်  မတ်လ ၂ ရက်တွင် တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင်        လယ်ယာ စိုက်ပျိုးရေးနှင့်    သစ်တောဝန်ကြီးဌာနအောက်ရှိ မြေယာကျေးလက်     ကြီးပွားတိုးတက်ရေးကော်ပို ရေးရှင်း   (မြေ၊ ကျေး၊ ရှင်း)  တွင်   စက်မှုလယ်ယာ စီမံကိန်းဌာနခွဲကို    ဖွဲ့စည်းကာ     လယ်ယာစက်မှု တပ်ဆင်ရေးကို အရှိန်အဟုန်ဖြင့် တည်ဆောက်နိုင် ရန်   “စက်မှုလယ်ယာစီမံကိန်း” တစ်ရပ်ကို  ရေးဆွဲ ချမှတ်ခဲ့ပြီး ၁၉၆၂ ခုနှစ် စက်တင်ဘာလတွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

 


၁၉၇၂ ခုနှစ်  မတ်လ ၁၆  ရက်စွဲပါ တော်လှန်ရေး ကောင်စီအစိုးရ၏ အမိန့်ကြော်ငြာချက်အမှတ် (၉၇)အရ    လယ်ယာစိုက်ပျိုးရေးနှင့်   သစ်တောဝန်ကြီး ဌာနလက်အောက်ရှိ     မြေယာကျေးလက်ကြီးပွား တိုးတက်ရေးကော်ပိုရေးရှင်း   (မြေ-ကျေး-ရှင်း)မှ စက်မှုလယ်ယာစီမံကိန်းကို   ခွဲထုတ်ကာ    စက်မှု လယ်ယာဦးစီးဌာနအဖြစ်      လုပ်ငန်းစီမံချက်များ ချမှတ်ကာ ပြန်လည်ဖွဲ့စည်းခဲ့သည်။

 


စက်မှုလယ်ယာကျွမ်းကျင်လုပ်သားများ လိုအပ်လာခြင်း


ထိုသို့    နိုင်ငံတော်က   စီမံဆောင်ရွက်လာခြင်း ကြောင့်       လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် လယ်ယာသုံးစက်ကိရိယာများ   အသုံးပြုလုပ်ကိုင် ခြင်း၏   ထိရောက်အကျိုးရှိခြင်းကို     တောင်သူ လယ်သမားများကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင် လာကြသည်။ ထို့ကြောင့် စက်မှုလယ်ယာဦးစီးဌာန အနေဖြင့် အဆိုပါ   လယ်ယာသုံးစက်ကိရိယာများ အသုံးပြုသည့်     တောင်သူလယ်သမားတို့အား စက်ကိရိယာများနှင့်ပတ်သက်သည့်   အသိပညာ၊ အတတ်ပညာ လေ့ကျင့်ပညာပေးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်လာပြန်သည်။

 


ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ   ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများသည် လယ်ယာလုပ်ငန်း များ အချိန်မီပြီးစီးရေးအတွက် လုပ်ကိုင်ဆောင်ရွက် ချိန် တိုတောင်းလာခြင်း၊ မိမိတို့ ဘိုးစဉ်ဘောင်ဆက် ဓားမဦးချရာ   လယ်ယာလုပ်ငန်းများကိုစွန့်ခွာ၍ ရွှေ့ပြောင်းလုပ်သားများအဖြစ်      သွားရောက် လုပ်ကိုင်ကြသောကြောင့်  လယ်ယာလုပ်သားများ ရှားပါးလာကာ စိုက်ပျိုးရေးလုပ်ငန်းစဉ်အဆင့်ဆင့် တွင်  လုပ်အားခများ မြင့်တက်လာခြင်း၊ လယ်ယာ လုပ်ငန်းပိုင်းဆိုင်ရာ   ကျွမ်းကျင်သူ   နည်းပါးလာမှု ကြောင့်    သီးနှံလေလွင့်ဆုံးရှုံးမှုများ   ဖြစ်ပေါ်လာ ခြင်းတို့သည်    လယ်ယာကဏ္ဍ    ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအပေါ်    ခြိမ်းခြောက်လျက်ရှိသော အဓိက    စိန်ခေါ်ချက်များဖြစ်၍    နေပေသည်။ တစ်နည်းအားဖြင့်     စက်မှုလယ်ယာကျွမ်းကျင် လုပ်သားများ   လိုအပ်လာရခြင်း၏   အကြောင်း အရင်းခံလည်း ဖြစ်သည်။

 


ထိုကဲ့သို့ စက်မှုလယ်ယာကျွမ်းကျင်လုပ်သားများ   လိုအပ်ခြင်းအားနည်းချက်ကို   နိုင်ငံတော်၏ အားသာချက်အဖြစ် ပြောင်းလဲရန်နှင့် စက်မှုလယ်ယာ ကျွမ်းကျင်လုပ်သားကောင်းများ         မွေးထုတ် ပေးနိုင်ရန်အတွက် စက်မှုလယ်ယာလေ့ကျင့်ပညာ ပေး   သင်တန်းကျောင်းများ၏     အခန်းကဏ္ဍ သည်       အရေးကြီးသောအပိုင်းမှ     ပါဝင်လျက်ရှိပေသည်။

 


စက်မှုလယ်ယာကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွေးထုတ်ပေးခြင်း
စက်မှုလယ်ယာဦးစီးဌာနသည်    စက်မောင်း ကျွမ်းကျင်သူများ     လိုအပ်ချက်အား    ဒေသအလိုက် ဖြည့်ဆည်းပေးနိုင်ရေးအတွက်     စိတ်ပါဝင်စားသူ တောင်သူများအား   တက်ရောက်နိုင်ရန်    စက်မှု လယ်ယာဦးစီးဌာနရှိ      ဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာတွင် (၂၀၁၁-၂၀၁၂) ဘဏ္ဍာရေးနှစ်မှစတင်၍ လယ်ယာသုံးစက်ကိရိယာ  မောင်းနှင်ထိန်းသိမ်းမှု သင်တန်းနှင့်    ရိတ်သိမ်းခြွေလှေ့စက်   မောင်းနှင် ထိန်းသိမ်းမှုသင်တန်းများကိုလည်းကောင်း၊   ဗဟို သင်တန်းကျောင်း   ဘုရားကြီးတွင် (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှစ်မှစတင်၍    လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု သင်တန်းများကိုလည်းကောင်း၊ စက်မှုလယ်ယာသင်တန်းကျောင်း       ရေဆင်းတွင် (၂၀၁၇-၂၀၁၈) ဘဏ္ဍရေးနှစ်မှစတင်၍ လယ်ယာသုံး စက်ကိရိယာ  မောင်းနှင်ထိန်းသိမ်းမှုသင်တန်းများကိုလည်းကောင်း ဖွင့်လှစ်ပေးခဲ့သည်။

 


စက်မှုလယ်ယာဦးစီးဌာနရှိ  သင်တန်းကျောင်း သုံးကျောင်းမှ  ထိုကဲ့သို့စတင်၍  တောင်သူပညာပေး လယ်ယာသုံးစက်ကိရိယာ   မောင်းနှင်ထိန်းသိမ်းမှု သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပို့ချပေးခဲ့ရာ  ၂၀၁၁-၂၀၁၂ မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်  ဇွန်လကုန်အထိ စက်မှုလယ်ယာသင်တန်းကျောင်း (အထက်မြန်မာ ပြည်) မိတ္ထီလာမြို့မှ   တောင်သူ  ၄၄၈၄ ဦး၊   စက်မှု လယ်ယာသင်တန်းကျောင်း (အောက်မြန်မာပြည်) ဘုရားကြီးမြို့မှ တောင်သူ  ၈၁၈ ဦး၊  စက်မှုလယ်ယာ သင်တန်းကျောင်း (ရေဆင်း)မှ  တောင်သူ  ၁၇၀ ၊ စုစုပေါင်း တောင်သူ  ၅၄၇၂ ဦးကို  သင်ကြားပို့ချပေး နိုင်ခဲ့သည်။   ထို့အတူ    သင်တန်းဆင်းဦးရေ၏ ၈၅ ရာခိုင်နှုန်းအား  အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သည်။

 


စက်ပြင်ကျွမ်းကျင်တောင်သူများ လေ့ကျင့်မွေးထုတ်ပေးခြင်း


ထို့ပြင် စက်ပြင်ကျွမ်းကျင်သူများ၏ လိုအပ်ချက် အား  ဒေသအလိုက်  ဖြည့်ဆည်းပေးနိုင်ရန်အတွက် စိတ်ပါဝင်စားသူတောင်သူများ  တက်ရောက်နိုင်ရန် စက်မှုလယ်ယာဦးစီးဌာနရှိ  ရန်ကုန်-ကျိုက္ကလို့နှင့် ကျောက်ဆည်  - အင်းကုန်းတို့ရှိ     ပင်မစက်ပြင် အလုပ်ရုံ နှစ်ရုံနှင့်   ပျဉ်းမနား၊   ဟင်္သာတ၊   မကွေး၊ မြောင်းမြ၊  မအူပင်၊  မုံရွာ၊  သထုံနှင့်  ရွှေညောင်တို့ရှိ အလတ်စားစက်ပြင်အလုပ်ရုံ ရှစ်ရုံတို့တွင် လယ်ယာ သုံးစက်ကိရိယာ  ပြုပြင်ထိန်းသိမ်းမှုနှင့် ရိတ်သိမ်း ခြွေလှေ့စက် ပြုပြင်ထိန်းသိမ်းမှု  လေးပတ်သင်တန်း များကိုလည်း    (၂၀၁၆-၂၀၁၇)   ဘဏ္ဍာရေးနှစ်မှ စတင်၍ ယနေ့အထိ သင်တန်း ၁၅၂ ကြိမ်ဖွင့်လှစ် ခဲ့ပြီး တောင်သူ  ၄၇၄၂  ဦးကို  သင်တန်းပို့ချပေးနိုင်ခဲ့ သည်။

 


သင်တန်းကျောင်းများနှင့်    စက်ပြင်အလုပ်ရုံ များသို့   မတက်ရောက်နိုင်သော     လယ်ယာသုံး စက်ကိရိယာများ စိတ်ပါဝင်စားသူ   တောင်သူများ အတွက်   စက်မှုလယ်ယာဦးစီးဌာနရှိ  သက်ဆိုင်ရာ မြို့နယ်၊   စက်မှုလယ်ယာစခန်းများတွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) နှစ်ပတ်သင်တန်းများကို   (၂၀၁၁-၂၀၁၂) ဘဏ္ဍာရေး နှစ်မှစတင်ကာ    ၂၀၂၂   ခုနှစ်      ဇူလိုင်လအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်  သင်တန်း  ၆၈၃ ကြိမ်ဖွင့်လှစ်၍   တောင်သူကျွမ်းကျင်သင်တန်း သား ၂၁၄၅၈ ဦးကို မွေးထုတ်ပေးနိုင်ခဲ့သည်။

 


လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှု အသိအမှတ်ပြုသင်တန်း


စက်မှုလယ်ယာဦးစီးဌာနသည်    လယ်ယာသုံး စက်ကိရိယာများ  မောင်းနှင်ထိန်းသိမ်းမှုသင်တန်း များနှင့်      စက်ပြင်ကျွမ်းကျင်မှုသင်တန်းများကို နှစ်ပတ်၊   လေးပတ်မှ  ရှစ်ပတ်အတွင်း   ကာလတို သင်တန်းများကိုသာ  ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့ကြောင့် တစ်ချိန်တည်း၊   တစ်နေရာတည်း၌ပင်   လူပုဂ္ဂိုလ် တစ်ဦးတည်းဖြင့်       လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုပညာနှင့် စက်ပြင်ကျွမ်းကျင်မှု ပညာတို့ကို ရရှိစေမည့်   လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုအသိအမှတ်ပြု  တစ်နှစ်သင်တန်းကို ဖွင့်လှစ်ရန်    စက်မှုလယ်ယာဦးစီးဌာနက    စီစဉ်ခဲ့ သည်။    အဆိုပါ     စက်မှုလယ်ယာကျွမ်းကျင်မှု အသိအမှတ်ပြု      အမှတ်စဉ်(၁)    သင်တန်းကို ၂၀၂၂  ခုနှစ် အောက်တိုဘာလ   ၁၁ ရက်တွင် စက်မှု လယ်ယာဗဟိုသင်တန်းကျောင်း (မိတ္ထီလာ)  တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

 


“လယ်ယာသုံးစက်ကိရိယာ          ကျွမ်းကျင်မှု အသိအမှတ်ပြုသင်တန်း”   ကို    ဖွင့်လှစ်ရခြင်းမှာ နိုင်ငံတော်တွင်   သမားရိုးကျ လယ်ယာစိုက်ပျိုးရေး စနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်း၍ နိုင်ငံ တော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နည်းပညာများ   မြင့်မားလာပြီး   စက်ကိရိယာများ တိုးတက်သုံးစွဲလာသည်နှင့်အမျှ    လယ်ယာသုံး စက်ကိရိယာများ ကျွမ်းကျင်စွာ  မောင်းနှင်ပြင်ဆင်နိုင် သည့်     စက်မှုလယ်ယာကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေးနှင့် စက်မှုလယ်ယာကဏ္ဍကို အသက် မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုအဖြစ်       လုပ်ကိုင် ရပ်တည်နိုင် စေရေးတို့အတွက် ရည်ရွယ်၍ ဖွင့်လှစ် ခြင်း ဖြစ်သည်။

 


ယင်းသင်တန်းသို့     တက်ရောက်ခွင့်ရရှိမည့်သူ များမှာ  အခြေခံပညာအထက်တန်း   ပြီးမြောက်ပြီးသူ  သို့မဟုတ် အစိုးရနည်းပညာအထက်တန်းကျောင်း အောင်မြင်ပြီးသူ၊  သင်တန်းစတင်ဖွင့်လှစ်သည့်နေ့ တွင်   အသက် (၁၇)နှစ်ပြည့်ပြီး    (၂၅)  နှစ်ထက် မကျော်လွန်သူ၊         ပြည်ထောင်စုမြန်မာနိုင်ငံသား အိမ်ထောင်မရှိသူ (အမျိုးသား)  နှင့်   ကျန်းမာရေး ကောင်းမွန်ပြီး    လယ်ယာသုံးစက်ကိရိယာများကို စိတ်ပါဝင်စားသူများသာ  ယခုသင်တန်းကို လျှောက် ထားနိုင်မည်ဖြစ်သည်။ သင်တန်းတက်ရောက်ခွင့် ရရှိရေးအတွက်  သတ်မှတ်အရည်အချင်းများ ပြည့်မီ မှု ရှိ/မရှိ     စိစစ်ပြီး    ပြည့်မီသူများအား    လူတွေ့၊ နှုတ်မေးစစ်ဆေးခြင်းကို        ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်သူများကိုသာ    တက်ရောက်ခွင့်ပြုမည် ဖြစ်သည်။   နေထိုင်စရိတ်နှင့် သင်ကြားမှုစရိတ်ကို ဌာနက ကျခံမည်ဖြစ်ပြီး  လစဉ် စားသောက်စရိတ်နှင့် စာအုပ်စာတမ်းကြေးကို   သင်တန်းသားက   ကျခံရ မည်ဖြစ်သည်။

 


သင်တန်းဝင်ခွင့်လျှောက်လွှာများကို    စက်မှု လယ်ယာဦးစီးဌာန     တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနရုံးများတွင်   (၉-၈-၂၀၂၂)   ရက်မှ   စတင် ထုတ်ယူနိုင်ပြီး သင်တန်းတက်ရောက်ခွင့် လျှောက် လွှာ၊     ကတိဝန်ခံချက်၊    အခြေခံပညာပြီးမြောက် ကြောင်း   အထောက်အထား   သို့မဟုတ်    အစိုးရ နည်းပညာအထက်တန်းကျောင်း အောင်လက်မှတ် တို့နှင့်အတူ (၅-၉-၂၀၂၂)  ရက်တွင် မိမိထုတ်ယူခဲ့ သည့်ရုံး၌   ဝင်ခွင့်လျှောက်လွှာများကို   နောက်ဆုံး ထား၍ တင်သွင်းရမည်ဖြစ်သည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက လည်း  စက်မှုလယ်ယာဦးစီးဌာန (ရုံးချုပ်) စီမံကိန်း ဌာနခွဲ၊   ဖုန်းအမှတ်   ၀၆၇-၃၄၃၁၂၄၆ နှင့် စက်မှု လယ်ယာ ဗဟိုသင်တန်းကျောင်း မိတ္ထီလာမြို့  ဖုန်း အမှတ် ၀၉-၄၅၈၁၄၉၇၁ သို့   ဆက်သွယ်မေးမြန်း နိုင်ပါသည်။

 


သင်တန်းချိန်ကာလ  (၁) နှစ်အတွင်း  စာတွေ့ (၃၀)  ရာခိုင်နှုန်းနှင့်   လက်တွေ့   (၇၀)   ရာခိုင်နှုန်း သင်ကြားပေးသွားမည်ဖြစ်သည်။   သင်တန်းကာလ ပြီးဆုံးအောင်   တက်ရောက်ပြီး   စာတွေ့လက်တွေ့ ဆန်းစစ်ချက်      စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။ ထို့ပြင်      စာမေးပွဲရမှတ်များအပေါ်    မူတည်၍ ကျွမ်းကျင်မှုအဆင့်ကို    အရည်အချင်း    စိစစ် သတ်မှတ်ရေးအဖွဲ့က  အရည်အချင်းပြည့်မီသူများ အား       လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု  အသိအမှတ်ပြု    Certificat  များ   ပေးအပ်ချီးမြှင့် သွားမည်ဖြစ်သည်။ 

 


ယခုဖွင့်လှစ်မည့်    လယ်ယာသုံး စက်ကိရိယာ ကျွမ်းကျင်မှုအသိအမှတ်ပြု သင်တန်းသည် Myanmar National Qualifications Framework (MNQF)၏ အဆင့်(၄)နှင့်    ကိုက်ညီမှုရှိသည့်အပြင်    ထူးချွန် သင်တန်းသားများအား  ထူးချွန်မှုအလိုက် ထပ်ဆင့် အခွင့်အရေးများလည်း     ရရှိနိုင်မည်ဖြစ်သည်။ သင်တန်းတွင်   ထူးချွန်စွာ  အောင်မြင်သော အစိုးရ နည်းပညာ အထက်တန်းကျောင်းမှ  မော်တော်ယာဉ် နည်းပညာသင်တန်းဘာသာရပ် (သို့မဟုတ်) စက် ပစ္စည်းအစိတ်အပိုင်းများ  ထုတ်လုပ်ခြင်း နည်းပညာ သင်တန်းဘာသာရပ်တို့ဖြင့်  အောင်မြင်ပြီးသူများ သည်   သတ်မှတ်အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများ၌ ဖွင့်လှစ်မည့် စက်မှု လယ်ယာ   နည်းပညာဘာသာရပ်သင်တန်း  ပထမ နှစ်တွင် တက်ရောက်ရန် အခွင့်အရေးရရှိမည် ဖြစ် သည်။

 


ထို့ကြောင့်  နောင်အနာဂတ်တွင် နိုင်ငံတော်၏ လယ်ယာကဏ္ဍတွင်  အားကိုးအားထားပြုနိုင်သည့် အမြင်စူးရှပြီး ထက်မြက်သွက်လက်သော လူငယ် လေးများအနေဖြင့် မဖြစ်မနေတက်ရောက် သင်ယူ သင့်သော သင်တန်းကြီးပင်ဖြစ်ပါသည်။

 

 

စိုက်ပျိုးရေး သည်    နိုင်ငံတော်စီးပွားရေး၏     မောင်နှင်းအား တစ်ရပ်ဖြစ်ပြီး      မျိုးဆက်သစ်လူငယ်များသည် နိုင်ငံတော်၏    အဖိုးမဖြတ်နိုင်သော     လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည်။    စက်မှုလယ်ယာဦးစီး ဌာနသည် လယ်ယာသုံးစက်ကိရိယာများ ကျွမ်းကျင် စွာ   မောင်းနှင်ပြင်ဆင်နိုင်မည့်  ပညာတတ်လူငယ် လူရွယ်     စက်မှုလယ်ယာကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးကို  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့်        “လယ်ယာသုံး  စက်ကိရိယာ ကျွမ်းကျင်မှု အသိအမှတ်ပြုသင်တန်း” ကို  လာမည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်တွင် ဖွင့်လှစ် တော့မည်ဖြစ်ကြောင်း  အသိပေးသတင်းကောင်းပါး လိုက်ပါသည်။