အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး

Type
5

 

မြင့်မောင်စိုး

 

ယခုတလော မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု သတင်းများမှာ အတော်ပင်စိတ်ဝင်စားဖွယ်ဖြစ်လာသည်။ အကြောင်းမှာကား ယခင်က ဖြစ်တောင့်ဖြစ်ခဲသော အကြောင်းအရာတစ်ခုသည် ယခုအခါ  မကြာခဏဆို သလို တွေ့မြင်လာရခြင်းပင် ဖြစ်သည်။ ဤသည်မှာ ထူးခြားမှုပင် ဖြစ်သည်။ ထိုထူးခြားမှုသည် အခြားမဟုတ် မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း)နှင့် ဘိန်းဖြူတင်ဆောင်လာသော ကုန်တင်ကားကြီးများကို ကားစီးလိုက် မကြာခဏဖမ်းဆီးရမိနေခြင်းပင် ဖြစ်သည်။

 


အိုက်စ်(မက်သ်အဖက်တမင်း) ဖမ်းမိမှုများ
ထိုအိုက်စ်   (မက်သ်အဖက်တမင်း)နှင့်  ဘိန်းဖြူ


တင်ဆောင်လာသောကားသည်   သာမန်     Light Truck   လောက်မဟုတ်။  တရုတ်ပြည်ကို  ဖရဲသီး တင်ပို့နေသော     ကုန်တင်ကားကြီးများလောက် ကြီးမားသည့်  အရွယ်အစားဖြစ်သည်ကို  သတိပြုမိ သည်။အနည်းဆုံး ခြောက်ဘီးကားဖြစ်သည်။ ထိုထက် ပို၍ ဆိုရလျှင် ၁၀ ဘီး၊ ၁၂ ဘီး၊ ၂၂ ဘီးအထိ တွေ့ရ သည်။  နည်းနည်းနောနော  ကားကြီးတွေမဟုတ်၊  တကယ့်   ကုန်တင်ကားကြီးများပင်  ဖြစ်သည်။ တင်စရာကုန် မရှိ၍   ရရာကုန်တင်နေသည်လား၊  သို့တည်းမဟုတ်    ရည်ရွယ်ချက်ရှိရှိ     ကားကြီး များဖြင့်သာ     အိုက်စ် (မက်သ်အဖက်တမင်း)ကို   တင်လေသလားမသိနိုင်ပေ။

 


မူးယစ်ဆေးဝါးနှင့် ပတ်သက်၍  လတ်တလော ဖတ်မိသောသတင်းများကို    တင်ပြရမည်ဆိုလျှင် ဇန်နဝါရီ  ၁၃  ရက်က  မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ရန်ကုန်-မန္တလေး  ကားလမ်း     ဇလဲကျေးရွာအနီးတွင်    ဖမ်းဆီးရမိသည့်      အိုက်စ် (မက်သ်အဖက်တမင်း)  ကားသည်    အကြီးဆုံး ဖြစ်သည်။  DONG FENG  ၂၂ ဘီးတွဲကားဖြစ်ပြီး   ငွေကျပ်  ၁၉  ဒသမ  ၈ ဘီလီယံ   တန်ဖိုးရှိ  အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၉၉၀ တင်ဆောင် လာခြင်း ဖြစ်သည်။  

 


နောက်သတင်းတစ်ပုဒ်မှာ ဇန်နဝါရီ ၁၀ ရက်က ပုသိမ်ကြီးမြို့နယ်  ထုံးဘို - မြစ်ငယ်သွားကားလမ်း              မိုင်တိုင်အမှတ်   (၈/၅)အနီး    ရပ်တန့်ထားသော FUSO ၁၂ ဘီးယာဉ်ဖြစ်ပြီး ကားပေါ်တွင် ငွေကျပ် ၂၄ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက် တမင်း)ကီလို ၁၀၀၀ နှင့်    စိတ်ကြွရူးသွပ်ဆေးပြား     သုံးသန်း တင်ဆောင်လာသည်။ ငွေပမာဏအားဖြင့် အများဆုံး ဖမ်းဆီးရမိမှုကြီးတစ်ခုပင်ဖြစ်သည်။

 


နောက်တစ်ခုမှာ   ဇန်နဝါရီ   ၇   ရက်က   လွိုင်လင်-တောင်ကြီးသွားကားလမ်း ဟိုတင့်ကျေးရွာ အနီး၌  ဖမ်းဆီးရမိသည့်  ISUZU  ၁၂  ဘီးယာဉ် ဖြစ်သည်။ စုစုပေါင်း ကျပ် ၁၇ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၃၈ ကီလို ဖမ်းဆီးရမိမှုဖြစ်သည်။ ဤဖြစ်စဉ်များသည် အိုက်စ် (မက်သ်အဖက်တမင်း)များသာ   ဖမ်းဆီးရမိမှုဖြစ် သည်။

 


ဘိန်းဖြူဖမ်းဆီးရမိမှု


ဘိန်းဖြူဖမ်းဆီးရမိမှုကိုလည်း ရှုပါဦး။ ဇန်နဝါရီ ၁၁ ရက်က  ပြင်ဦးလွင်မြို့နယ် မိုးကြိုးပူးပေါင်းစစ် ဆေးရေးစခန်း၌ NISSAN  ၁၀  ဘီးမော်တော်ယာဉ် ဖြင့် ငွေကျပ်သိန်း  ၈၀၀၀  တန်ဖိုးရှိ ဘိန်းဖြူ ၁၀ ဒသမ ၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား၂၂၈၀၀ ကို ဖမ်းဆီးရမိခဲ့သည်။     မိုးကုတ်မြို့နယ်တွင်လည်း   ဇန်နဝါရီ  ၁၄   ရက်က    မိုးကုတ်မြို့နယ်    လယ်ကြီး ပူးပေါင်းစစ်ဆေးရေးစခန်း၌   NISSAN ခြောက်ဘီး မော်တော်ယာဉ်ဖြင့် ကာလတန်ဖိုး ကျပ်သိန်း ၄၉၀၀ ရှိ ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလိုကို ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရပေသည်။

 

အဆိုပါ အိုက်စ်(မက်သ်အဖက်တမင်း)နှင့်ဘိန်းဖြူ များကို  ရှမ်းပြည်နယ်မြောက်ပိုင်းမှ   ကချင်ပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ကရင်ပြည်နယ် စသည်ဖြင့် သယ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်း   ဖြစ်သည်။    ယခုဖော်ပြမှုသည် မော်တော်ယာဉ်ကြီးများဖြင့်     ဖမ်းဆီးရမိခြင်းကို ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။   အခြားမူးယစ် ဆေးဝါးဖမ်းဆီးရမိမှုလည်း      များစွာရှိပါသည်။ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ဘိန်း ခင်းများ ဖျက်ဆီးမှု  သတင်းအချို့ကိုလည်း    ဖတ်မိ ပါသေးသည်။

 


အရှိန်အဟုန်မြှင့်တင် တိုက်ဖျက်လျက်ရှိ


ဤသို့ဖမ်းဆီးရမိမှုများကို     ထောက်ရှုလျှင် မြန်မာနိုင်ငံ၌      မူးယစ်ဆေးဝါး     တိုက်ဖျက်ရေးကို ယခင်နှင့်မတူဘဲ  အထူးအလေးထား  အရှိန်အဟုန် မြှင့်တင် တိုက်ဖျက်လျက်ရှိသည်ကို   အထင်အရှား တွေ့ရမည်  ဖြစ်ပါသည်။  အထူးသဖြင့်  ယခု ၂၀၂၁/  ၂၀၂၂ ခုနှစ်ထဲတွင် ထူးထူးခြားခြား တွေ့ရပေသည်။ တပ်မတော်၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့၊   မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့ဝင်များ     ပါဝင်သော ပူးပေါင်းအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ  မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။

 


ပြည်ထောင်စုမြန်မာနိုင်ငံတော်     ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး(၁/၂၀၂၁)ကို   စက်တင်  ဘာ  ၂၇  ရက်က   နေပြည်တော်ရှိ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အောက်ပါအတိုင်း  မှတ်ချက်ပြုပြောဆိုခဲ့သည်ကို သတိပြုမိပါသည်။

 


ရှာဖွေဖော်ထုတ် ဖမ်းဆီးရန်လို


မူးယစ်ဆေးဝါးနှင့်ပတ်သက်၍  နိုင်ငံရေးအခြေ အနေကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ် လုပ်သူများအနေဖြင့်      မူးယစ်ဆေးဝါးများကို  နည်းလမ်းပေါင်းစုံဖြင့်    ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိ ကြောင်း၊   ၂၀၂၁   ခုနှစ်   ဖေဖော်ဝါရီ  ၁  ရက်မှ စက်တင်ဘာလအထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ မှုအနေဖြင့် စုစုပေါင်း ၅၂၈ ကြိမ်ရှိပြီး ဖမ်းဆီးရမိမှု မူးယစ်ဆေးဝါးများအနေဖြင့်  WY  ဆေးပြားပေါင်း ၁၂၈ သန်း၊  အိုက်စ်  ကီလိုဂရမ် ၁၁၁၉၀၊ ဘိန်းဖြူ ၁၄၅၁  ကီလိုဂရမ်၊  ဘိန်းစိမ်း  ၁၂၂၇  ကီလိုဂရမ်၊ ကတ်တမင်း  ၅၄၇ ကီလိုဂရမ်၊  ကိုကင်း ၇၄ ကီလို ဂရမ်နှင့် အခြားပစ္စည်း  ၁၉၇၈၆၉ ကီလိုဂရမ်၊ စုစု ပေါင်းတန်ဖိုးငွေကျပ်  ၅၀၆  ဒသမ ၉၇  ဘီလီယံရှိ ကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့် ဖြူးသူများကို          ပြည်ထဲရေးဝန်ကြီးဌာနနှင့် တပ်မတော်အနေဖြင့်    ထိထိရောက်ရောက် ရှာဖွေ ဖော်ထုတ်ဖမ်းဆီးရန်လိုကြောင်း  မှတ်ချက်ပြု ပြော ကြားခဲ့ပါသည်။

 


ထို့ကြောင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်သည်    အရှိန်အဟုန်ဖြင့်   အားကောင်း ကောင်း  ပူးပေါင်းဖော်ထုတ်နေသည့်    အနေအထား ဖြစ်သည်။  နိုင်ငံရေးအခြေအနေအရ   အခွင့်ကောင်း ယူပြီး ပွဲလန့်တုန်းဖျာခင်းနေမည်ဆိုလျှင်   ဒုက္ခနှင့် ရင်ဆိုင်ရဖို့ရှိသည်။ အထူးသဖြင့်  ယခုလို  ယာဉ်ကြီး ယာဉ်ငယ် အသွယ်သွယ်ဖြင့်  အတင့်ရဲစွာ သယ် ဆောင် ရောင်းဝယ်ဖောက်ကားနေမှုသည်  အလွန်ပင် အန္တရာယ်ကြီးပါသည်။   ထို့ကြောင့်  မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချသူများအနေဖြင့်    မော်တော် ယာဉ်ကြီးများကို   အသုံးပြုကာ     မူးယစ်ဆေးဝါး   ထုတ်လုပ်ဖြန့်ဖြူးနေမှုကို  ရပ်တန့်ဖို့အချိန်တန်ပြီ ဖြစ်ပါကြောင်း အသိပေးတင်ပြလိုက်ရပါသည်။      ။