Skip to main content

ပူးပေါင်းပါဝင်ကြခြင်းဖြင့် ပို၍ခိုင်မြဲသော အခင်းအကျင်းသစ်ဆီသို့ …..

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ ကမ္ဘာသိ၊ မြန်မာသိအကြိမ်ကြိမ် ကတိကဝတ်ပြုထားချက်ကို အလေးအနက်ထားပြီး ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးက ကြိုဆိုလျက်ရှိပါတယ်။ ဒီမိုကရေစီနဲ့ သွားမယ်ဆိုရင်ရွေးကောက်ပွဲတွေဟာ အလွန်အရေးကြီးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်တာဝန်တစ်ရပ်အနေနဲ့ ခေတ္တထိန်းသိမ်းထားတဲ့ နိုင်ငံတော်အာဏာဆိုတာ သင့်လျော်မှန်ကန်တဲ့ အချိန်တစ်ခုမှာ ပြည်သူ့လက်ထဲ ပြန်လည်လွှဲပြောင်းရောက်ရှိမည်သာဖြစ်ပါတယ်။

တိုင်းပြည်သာယာဝပြောရေး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လက်တွဲဆောင်ရွက်ကြပါစို့

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် (၇၇)နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် ကမ္ဘာတည်သရွေ့မမေ့နိုင်သော နေ့တစ်နေ့ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အမျိုးသားခေါင်းဆောင်ကြီးများက လွတ်လပ်ရေးရရှိရေးအတွက်၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် နယ်ချဲ့အစိုးရနှင့် ရင်ဆိုင်တိုက်ပွဲဝင်နေစဉ် လမ်းခုလတ်၌ပင် မသမာသူနယ်ချဲ့လက်ပါးစေ အမျိုးသားသစ္စာဖောက်တို့၏ လက်ချက်ကြောင့် ကျဆုံးခဲ့ရသည်။

ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ ပျဉ်းမနား ဇူလိုင် ၁၅ မျိုးသီဟ(ပျဉ်းမနား)
Subscribe to